author Call Us: 09503 2256

အိမ်တစ်လုံး စတင်ဆောက်လုပ်မည်ဆိုပါက သိထားသင့်သည်များ

အိမ်တစ်လုံး စတင်ဆောက်လုပ်မည်ဆိုပါက သိထားသင့်သည်များ

အိမ်တစ်လုံး စတင်ဆောက်လုပ်မည်ဆိုပါက သိထားသင့်သည်များ

အိမ်တစ်လုံး ၊ အဆောက်အဦးတစ်ခု ၊ ဆိုင်ခန်းတစ်ခုကို ကိုယ့်ရဲ့စိတ်ကူးတွေထဲက အတိုင်း တကယ့်ကို အပြင်မှာ တည်ဆောက်ဖို့က မလွယ်ကူတဲ့ အလုပ်တစ်ခုပါ …🤦‍♂️
ဒါကလည်း တကယ့်ကိုယ် ကိုယ်တိုင်ကြုံဖူးတဲ့သူတွေပဲ သိနိုင်ပါတယ် …
အဲဒီတော့ ကိုယ်ရဲ့ စိတ်ကူးထဲက အိမ်လေး ကို လက်တွေ့အကောင်အထည်ဖော်မယ်ဆိုရင် ဘာတွေကို သိဖို့လိုအပ်မလဲ ..
ဒီမှာတော့ အခြေခံကျတဲ့ အချက်(၅)ချက်ကို ဖော်ပြပေးလိုက်ပါတယ်👇🏻👇🏻
၁) ငွေ ဘယ်လောက်သုံးမှာလဲ ..💸💸
အရေးကြီးဆုံးလို့လည်း ပြောနိုင်တဲ့အချက်တချက်ပါပဲ .. အိမ်စဆောက်တော့မယ်ဆိုရင် ကိုယ့်ရဲ့အိမ်အတွက် ဒီဇိုင်း ၊ အတွင်း အပြင် Decoration ၊ အခန်းဖွဲ့တာတွေအပြင် ကုန်ကျစရိတ် အတိုအထွာတွေက အစ ကုန်ကျနိုင်တာမို့ (အိမ်ဆိုတာကတော့ ထည့်ရင်ထည့်သလောက်ဆန့်ပါတယ်) ကိုယ်ဖက်က လုပ်ချင်တဲ့ငွေ အတိုင်းအတာ တခုကို သေချာ တွက်ချက်ထားသင့်ပါတယ် … ကိုယ့်ဘက်က တွက်ချက်ဖို့ခက်ရင် တကယ့်ကို ကျွမ်းကျင်တဲ့ Construction Company တွေကို ချိတ်ဆက်ပြီး လုပ်ဆောင်သင့်ပါတယ် ..
၂) ကိုယ့်အိမ်ကို တည်ဆောက်ပေးမဲ့သူရဲ ့ Reputation ကိုကြည့်ပါ ..🧐🧐
ကိုယ်ရဲ့ သူငယ်ချင်း ၊ မိတ်ဆွေ ၊ မိသားစု ဝင်တွေနဲ့တိုင်ပင်ပြီး ကိုယ့်အိမ်ကိုတည်ဆောက်ပေးမဲ့ Builder က ဘယ်လောက်တိကျလဲ ၊ စေ့စပ်သေချာလဲ .. ဘယ်လို ဒီဇိုင်းတွေမှာ အားသာလဲ ဆိုတဲ့အချက်တွေကို တော့ လေ့လာ ဆန်းစစ်သင့်ပါတယ် …
“ ပွဲစဝင်ခင် ကြိုပြင်ဆင်” ဆိုတဲ့မြန်မာ့ စကားပုံအတိုင်း ကိုယ့်ရဲ့ငွေတွေ (၂)ခါ မကုန်ရအောင် သေချာလေ့လာသင့်တဲ့အချက်တချက်ပါပဲ …
၃) စဉ်းစားချင့်ချိန်ပြီး တည်ဆောက်ပါ ..🙄🙄
သင့်ရဲ့အိမ်ကို သင်ဘယ်လောက်ကြီးပဲ ကြိုက်ပါတယ်ပြောပြော … သင့်အနေ နဲ့ အိမ်ဆောက်တဲ့အချိန်မှာ အသုံးပြုမဲ့ပစ္စည်းတွေကိုတော့ သေချာရွေးချယ်သင့်ပါတယ် ။ သင့်ရဲ့အိမ်နီးနားချင်းတွေ ပြဖို့အတွက် ဘယ်တော့မှ အကောင်းစား ပစ္စည်းတွေချည်းပဲ ထည့်မဆောက်ပါနဲ့ .. အရမ်းကို စျေးသက်သာလွန်းတဲ့ပစ္စည်းတွေ ကိုလည်း မထည့်သင့်ပါဘူး … သင်ရဲ့အ်ိမ်လေးကို သင် ဘယ်လိုပုံဖော်ချင်လဲ ဆိုတာကို သေသေချာချာ စဉ်းစားပြီး တည်ဆောက်သင့်ပါတယ် ။
၄) Think Green🌲🌲🌳
အစိမ်းရောင်တွေချည်းနဲ့လုပ်ဖို့ စဉ်းစားခိုင်းတာ မဟုတ်ပါဘူး … သဘာဝအတိုင်းရနိုင်တဲ့စွမ်းအင်တွေနဲ့မိမိရဲ့အိမ်လေးကို လည်ပတ်နိုင်စေဖို့စဉ်းစားပါ .. ဥပမာ- အိမ်ရဲ့ပြတင်းပေါက်ကို တောင်ဘက်ကို မျက်နှာမူပြီး လုပ်ထားမယ်ဆိုရင် နေ့လည်းခင်းအချိန်တွေမှာ အလင်းရောင်နဲ့ သဘာဝ လေ ကို ကောင်းမွန်စွာရနိုင်ပြီး … မီးထွန်းထားမဲ့စွမ်းအင်ကိုလည်း ချွေတာနိုင်ပါလိမ့်မယ် … အခုလိုမျိုး မိမိရဲ့ မီးဖိုချောင် ၊ အိပ်ခန်းအစရှိတဲ့ နေရာတွေကို သဘာဝအတိုင်းရနိုင်တဲ့စွမ်းအင်ကို အသုံးချနိုင်ဖို့လည်း ထည့်သွင်း စဉ်းစားသင့်ပါတယ် ။
၅)👉🏻👉🏻 ပြန်လည် စစ်ဆေးဖို့မမေ့ပါနဲ့ .. ပြောဖို့အားမနာပါနဲ့
နောက်ဆုံး တစ်ချက်အနေနဲ့ သင့်ရဲ့အိမ်ကို တည်ဆောက်ပြီးစီး ခါနီးအချိန်မှာ သင်အနေဖြင့် ပြန်လည် ပြင်ဆင် ၊ ဖြည့်စွက် ချင်တဲ့ အချက်တွေကို Builder ကို ပြောဖို့လိုအပ်ပါတယ် … သင့်ရဲ့အိမ်ထဲကို ပထမဆုံး ဝင်တဲ့အချိန်မှာပြုံးနိုင်ဖို့အတွက် ဒီအချက်လေးကိုတော့ သိထားသင့်ပါတယ် … အားနာတတ်တဲ့မြန်မာလူမျိုးတို့ဖြစ်တဲ့အတိုင်း နေအိမ်ကို ဆောက်လုပ်ပြီးစီးခါနီးအချိန်မှာ သင့်အနေနဲ့ အကျိုးအကြောင်း ခိုင်လုံစွာ ပြင်ဆင်ချင်တဲ့အချက်တွေကို Builder နဲ့တိုင်ပင်ဆွေးနွေး သင့်ပါကြောင်း နှင့် သင့်စိတ်ကူးထဲ က အိမ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ် ..
သင့်အတွက် အသုံးဝင်တယ်ဆိုရင် သင့်သူငယ်ချင်းတွေ အတွက် Share ပေးဖို့အကြံပြုရင်း😘😘😘
#Credit to original uploader with Thanks.
အပြင်သွားတိုင်း Mask တပ်ဖို့နဲ့ ပြန်‌ရောက်တိုင်း လက်ဆေးဖို့ မမေ့ပါနဲ့ မိတ်ဆွေတို့ 😉
ဆက်သွယ်ရန်
Union House Myanmar – 09 503 2256
img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion