author Call Us: 09503 2256

စာချုပ်ချုပ်လျှင် ပါဝင်ရမည့် အချက်များ

စာချုပ်ချုပ်လျှင် ပါဝင်ရမည့် အချက်များ

စာချုပ်ချုပ်လျှင် ပါဝင်ရမည့် အချက်များ 

စာချုပ်ချုပ်လျှင် ပါဝင်ရမည့် အချက်များ ✅

စာချုပ်ချုပ်ဆိုလို့သာ ချုပ်လိုက်ကြတယ်၊ စာချုပ်ဖြစ်ရင်ပြီးရောဆိုတဲ့ သဘောပြုလုပ်ကြတာများပါတယ်။ သေချာမချုပ်ဆိုခဲ့ရင် စိတ်ညစ်စရာ တစ်ထွေးကြီးနဲ့ ရှင်းရတာတွေ နောက်ပိုင်းကြုံတွေ့ကြရပါတယ်။ ဒါဟာ စာချုပ်မှာ ပါဝင်သင့်တဲ့အချက်တွေ မပါဝင်ဘဲ ပြီးပြီးရောဆိုတဲ့သဘော ချုပ်လိုက်ကြလို့ပါပဲ။ ဒါကြောင့် စာချုပ်ချုပ်တော့မယ်ဆိုရင် ပါဝင်သင့်တဲ့ အချက်တွေနဲ့ပတ်သက်ပြီး တင်ပြလိုက်ပါတယ် ☺️😃

ပစ္စည်းနဲ့ပတ်သက်ပြီး ချုပ်ဆိုတဲ့ စာချုပ်မျိုးဆိုရင် အောက်ပါအချက်တွေကို သတိပြုပြီး ပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုဖို့လိုပါတယ် 👍🏻

– ဘယ်သူတွေ စာချုပ်ချုပ်ကြတာလဲ။
– ပစ္စည်းက ဘာပစ္စည်းလဲ၊ ဘယ်နေရာမှာရှိတာလဲ (ပစ္စည်းဆိုင်ရာ အချက်အလက် အပြည့်အစုံ ဖော်ပြဖို့ လိုတယ်)။
– အဲဒီပစ္စည်းကို ဘာလုပ်ဖို့ချုပ်ဆိုကြတာလဲ (ကမ်းလှမ်းချက်နဲ့ သဘောတူချက်)။
– ဒီလိုချုပ်ဆိုရာမှာ ဘယ်သူက ဘာတာဝန်တွေယူမှာလဲ။
– စည်းကမ်းချက်ကောထားမှာလား။
– ထားမယ်ဆိုရင် စည်းကမ်းချက်တွေက ဘာတွေလဲ။
– လုပ်ဆောင်ပေးမယ့်အရာတွေရဲ့ အသေးစိတ်အချက်အလက်တွေက ဘာတွေလဲ။
– တန်ဖိုးငွေ သတ်မှတ်ချက်ကောပါသလား။ ပါတယ် ဆိုရင် တန်ဖိုးငွေက ဘယ်လောက်လဲ။
– တန်ဖိုးငွေကို ဘယ်လိုပေးဆောင်ရမှာလဲ။
– တန်ဖိုးငွေပေးဆောင်တဲ့အတွက် တစ်ဖက်က ဘာလုပ်ပေးမှာလဲ။
– အဲဒီလုပ်ပေးမှုဟာ ရော့ပတ္တမြား၊ ရော့နဂါး တစ်ပြိုင်တည်း လုပ်ဆောင်ပေးမှုလား၊ ဒါမှမဟုတ် ကန့်သတ်ချက်ထားမှာလား။
– ကာလသတ်မှတ်ချက်ပါသလား။ ပါရင်အချိန်ကာလ။
– သတ်မှတ်ချက် ဘယ်လိုသတ်မှတ်မလဲ။
– တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုလိုက်နာကြရမှာလဲ။
– ပျက်ကွက်ခဲ့ရင် ပျက်ကွက်သူရဲ့ တာဝန်ကဘာလဲ။
– တစ်ဖက်ရဲ့ ပျက်ကွက်မှုကြောင့် နစ်နာသူရဲ့ အကျိုးခံစားခွင့်က ဘာလဲ။
– စာချုပ်ကို ဘယ်နေရာ၊ ဘယ်နေ့ရက်၊ ခုနှစ်သက္ကရာဇ် မှာ ပြုလုပ်ချုပ်ဆိုကြတာလဲ။
– ဘယ်သူတွေရဲ့ ရှေ့မှောက်မှာပြုလုပ်ချုပ်ဆို လက်မှတ်ရေးထိုးကြတာလဲ။ ဒီမေးခွန်းတွေမေးပြီး မိမိစာချုပ်နဲ့ သက်ဆိုင်မယ့်အချက်တွေကို မေ့မကျန်ရစ်အောင် ပြည့်ပြည့်စုံစုံ ရေးသားတတ်ဖို့ လိုအပ်ပါတယ်။
Credit to original up loader

#unionhousemyanmar
#Union_House_Myanmar_Always_For_All
#Real_Estate_Knowledge

img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion