author Call Us: 09503 2256

မိမိပိုင် အိမ်၊ တိုက်ခန်းတို့ကို ငှားရမ်းနေထိုင်သူအား ဆက်မငှားချင်တဲ့အခါ ဖယ်ရှားခွင့်ရှိလား ? ဘယ်လိုတွေ ဆောင်ရွက်နိုင်လဲ ?

မိမိပိုင် အိမ်၊ တိုက်ခန်းတို့ကို ငှားရမ်းနေထိုင်သူအား ဆက်မငှားချင်တဲ့အခါ ဖယ်ရှားခွင့်ရှိလား ? ဘယ်လိုတွေ ဆောင်ရွက်နိုင်လဲ ?

မိမိပိုင် အိမ်၊ တိုက်ခန်းတို့ကို ငှားရမ်းနေထိုင်သူအား ဆက်မငှားချင်တဲ့အခါ ဖယ်ရှားခွင့်ရှိလား ? ဘယ်လိုတွေ ဆောင်ရွက်နိုင်လဲ ?

မိမိအိမ်မှာ ငှားရမ်းနေထိုင်တဲ့ အိမ်ငှားကို ဖယ်ရှားမယ်ဆိုရင်တော့ ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂အရ ဖယ်ရှားနိုင် ပါတယ်။
ဖယ်ရှားလို့ရတဲ့အကြောင်း ရင်းတွေကတော့ –
~ ငှားရမ်းခကို အိမ်ရှင်ဘက်က တောင်းသော်လည်း အိမ်ငှားဘက်က မပေးတာနဲ့ အိမ်ငှားတာဝန် ဖောက်ဖျက်ချိန်၊
~ အိမ်ရှင်ဘက်က အနိုင်ရပြီးသော အမိန့် သို့မဟုတ် ဒီကရီချမှတ်ထားတဲ့ အိမ်ငှားခကို အိမ်ငှားကမပေးတဲ့အချိန်၊
~ အိမ်ငှားဘက်က အိမ်နီးချင်းတွေကို စိတ်ငြိုငြင်အောင်၊ အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်မှုနဲ့
~ ဥပစာကို ညစ်ညမ်းယုတ်မာသော သို့မဟုတ် ဥပဒေကို ဆန့်ကျင်တဲ့ ကိစ္စတွေ ပြုလုပ်ချိန်တို့မှာ ဖယ်လို့ ရပါတယ်။
~ ဒါ့အပြင် အိမ်ရှင်ဘက်က ရိုးသား ဖြောင့်မတ်သော သဘောနဲ့ ကန်ထရိုက် ဆောက်လုပ်ဖို့ မြေကို ရယူလိုခြင်း၊
~ အိမ်ရှင်က အဆောက်အအုံအသစ် ဆောက်လုပ်ဖို့နဲ့ ပြန်လည်ပြုပြင်ဖို့သဘောရိုးနဲ့ ဥပစာကို ပြန်လည်ရယူတာနှင့်
~ အိမ်ရှင်က အကြောင်းတစ်ခုခုကြောင့် မိမိအိမ်ကို သဘောရိုးနဲ့ ပြန်လည်နေထိုင် လိုတာတွေကြောင့် ဖယ်ရှားလို့ရနိုင်ပါတယ်။
Notice စာပေးမယ်ဆိုရင်…. 🧐
❓အငှားချထားသူကို အသိပေးစာ (Notice) ပေးမယ်ဆိုရင် ဘယ်လိုလုပ်လို့ ရပါသလဲ။
ပစ္စည်းလွှဲပြောင်းရေး ဥပဒေပုဒ်မ ၁၀၆ မှာ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းငှားရမ်းခြင်းက တစ်လပြီးတစ်လ ငှားရမ်းတာ ဖြစ်ပါတယ်။
အငှားချထားသူနဲ့ အငှားယူထားသူဘက်က ငှားရမ်းတဲ့ ဘယ်လမဆို ကုန်ဆုံးတာနဲ့ တစ်ပြိုင်တည်း ကုန်ဆုံးမယ့် အချိန်ရက်မစေ့မီ ၁၅ရက် ကြိုတင်နို့တစ်စာ ပေးရင် ငှားရမ်းတာကို ဆုံးခန်းတိုင် ရောက် တယ်လို့ မှတ်ယူနိုင်ပါတယ်။
လအလိုက် ငှားရမ်းတဲ့ကိစ္စမှာ ၁၅ ရက် ကြိုပြီး အသိပေးစာ ပေးနိုင်ပါတယ်။ နှစ်အလိုက်ငှားတဲ့ ကိစ္စတွေမှာတော့ ကုန်ဆုံးရက် မရောက်ခင် ခြောက်လကြိုပြီး အသိပေးစာ ပေးနိုင်ပါတယ်။ ငှားရမ်းသူလက်ထဲကို ခြောက်လ ထက် နောက်ကျပြီးမှ ရောက်ရင် တော့ အသိပေးစာ (Notice) က အကျုံးမဝင်ပါဘူး။
#Credit to Original uploader with Thanks
img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion