author Call Us: 09503 2256

“မြေတစ်ခေတ်မှာ” “ရွှေဖြစ်ဖို့” မြေအကြောင်း လေ့လာကြစို့

“မြေတစ်ခေတ်မှာ” “ရွှေဖြစ်ဖို့” မြေအကြောင်း လေ့လာကြစို့

“မြေတစ်ခေတ်မှာ” “ရွှေဖြစ်ဖို့” မြေအကြောင်း လေ့လာကြစို့

မြေအမျိုးအစား ၁ဝ မျိုးနှင့် သာသနာ့မြေ ၄ မျိုးအကြောင်းကို Union House Myanmar မှ မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ… 🏜
အခြေအနေအချိန်အခါပေးပြီး အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်နေကြပင်မယ့်လည်း“မသိသူကျော်သွား၊ သိသူဖော်စား” ဆိုတဲ့အတိုင်း အိမ်ခြံမြေမှာ မြေအမျိုးအစား အမျိုးမျိုးရှိတာကို သိသူတွေက တရားဝင်သည့်မြေ၊ တရားမဝင်သည့်မြေ၊ အဖိုးတန်သည့်မြေ၊ အဖိုးနည်းသည့်မြေ စသဖြင့် သိကျွမ်းနားလည်ကြပြီး အကျိုးအမြတ်များရရှိကာ ကောင်းစားနေကြတာကိုတွေ့မြင်နေရတာပဲဖြစ်ပါတယ်။ ဒါကြောင့်မိတ်ဆွေတို့အတွက် မြေ (၁၀) မျိုးအကြောင်း ရှာဖွေတင်ပြလိုက်ပါတယ်။ 🏞
မြေပိုင်မြေ 💌
မြေပိုင်မြေဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း စနစ်တကျ မြို့ကွက်ဖော် ထုတ်ကာရောင်းချခဲ့ပြီးဝယ်ယူပိုင်ဆိုင်ခဲ့တဲ့မြေပိုင်ရှင်အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုလိုခြင်းဖြစ်ပါတယ်။
ဘိုးဘွားပိုင်မြေ 💌
ဘိုးဘွားပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် “ဓါးမဦးချ” ပိုင်ဆိုင်လာပြီး လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” ကိုဆိုလိုတာပဲဖြစ်ပါတယ်။
ဂရန်ရှိမြေပိုင်မြေ 💌
ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားပြီးဘိုးဘွားပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုလိုခြင်းဖြစ်ပါတယ်။
လိုင်စင်မြေ 💌
လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်တဲ့ စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကိုဆိုလိုခြင်းဖြစ်ပါတယ်။
ပါမစ်မြေ 💌
ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်တဲ့ စည်းကမ်းချက်များနှင့်အညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကိုဆိုလိုတာပဲဖြစ်ပါတယ်။
မြေငှားဂရန်မြေ 💌
မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်ကာမြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကိုဆိုလိုခြင်းဖြစ်ပါတယ်။
စကွာတာမြေ
“စကွာတာမြေ” ဆိုသည်မှာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်တဲ့ မြေကို” ဆိုလိုခြင်းဖြစ်ပါတယ်။
ကျူးလွန်ခြင်းမြေ 💌
“ကျူးလွန်ခြင်းမြေ” ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်တွင် ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံသည့်မြေ” မျိုးကိုဆိုလိုတာပဲဖြစ်ပါတယ်။
ကျူးကျော်မြေ 💌
ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိနေတဲ့မြေကိုဆိုလိုခြင်းဖြစ်ပါတယ်။
မြို့ကွက်မြေပုံ 💌
မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာတွေနဲ့ စနစ်တကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ်ထားတဲ့ အခြေခံမြေပုံကိုဆိုလိုတာပဲဖြစ်ပါတယ်။
မြို့မြေစာရင်း 💌
မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ – အခန်း (၂) အပိုဒ် ၇ အရမြို့ကွက်မြေပုံဖြင့် ရှိပြီးသော မြေများရဲ့ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
ယခုဖော်ပြခဲ့တဲ့ မြေတွေက အိမ်ခြံမြေနှင့် ပတ်သက်တဲ့ မြေတွေပဲဖြစ်ပါတယ်။
မြေအမျိုးမျိုးအကြောင်း တင်ပြပြီးနောက် သာသနာမြေ (၄) မျိုးအကြောင်းကိုလည်း မိတ်ဆွေတို့အတွက်ရှင်းပြပေးဦးမှာဖြစ်လို့ စောင့်မျှော်ပေးပါဦးခင်ဗျာ။ ⛪️
img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion