author Call Us: 09503 2256

လက်ရှိနေ, နေတဲ့ အိမ်ရောင်းထွက်ဖို့အတွက် ဓါတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းစေမယ့် နည်းလမ်းကောင်းများ

လက်ရှိနေ, နေတဲ့ အိမ်ရောင်းထွက်ဖို့အတွက် ဓါတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းစေမယ့် နည်းလမ်းကောင်းများ

လက်ရှိနေ, နေတဲ့ အိမ်ရောင်းထွက်ဖို့အတွက် ဓါတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းစေမယ့် နည်းလမ်းကောင်းများ

အခုအခါမှာတော့ ဆိုရှယ်မီဒီယာတွေက ခေတ်စားလာတဲ့အတွက် သင့်အနေနဲ့သင်လိုအပ်တာမှန်သမျှ ကို onlineပေါ်ကနေ အလွယ်တကူရရှိနိုင်ပါတယ်။ တကယ်လို့ သင်ကသင့်အိမ်ရောင်းထွက်ဖို့အတွက် online မှာတင်ပြီး ကြော်ငြာမယ်ဆိုရင် သင်ရောင်းမယ့်အိမ်ပုံစံကိုအရင်ဆုံးမြင်မှာကတော့ အိမ်ပွဲစားတွေဖြစ်ပြီး တင်ထားတဲ့ဓါတ်ပုံတွေက စိတ်ဝင်စားစရာမကောင်းပဲ ပွဲစားတွေကိုမဆွဲဆောင်နိုင်ဘူးဆိုရင်တော့ ဝယ်သူတွေနဲ့တွေ့ ဆုံဖို့လွဲချော်နိုင်ပါတယ်။ ဒါ့ကြောင့် အိမ်ရောင်းဖို့အတွက် Online မှာဓါတ်ပုံတင်တဲ့အခါ သင့်အိမ်ရဲ့အပြင်အဆင်က စိတ်ဝင်စားစရာကောင်းဖို့နဲ့ ပွဲစားတွေ၊ ဝယ်သူတွေကို ဖမ်းစားနိုင်ဖို့လိုပါတယ်။
ပြတင်းပေါက်တွေကိုသန့်ရှင်းပြီး Shade တွေကိုဖွင့်ထားပါ
သင့်အိမ်ကိုဓာတ်ပုံထဲမှာတောက်ပနေအောင် ပြုလုပ်တဲ့အခါ လုံလောက်တဲ့အလင်းရောင်ကအချိန်အ ကြာကြီးရှိနေသင့်ပါတယ်။ ဒါ့ကြောင့်ပြတင်းပေါက်တွေကို သန့်ရှင်းပြီး Shade တွေကိုဖွင့်ထားပါ။
(၃) ပိုကြည့်ကောင်းစေဖို့ အိမ်တွင်းမှာ အပင်ထားရှိပါ
သင့်အိမ်ရဲ့အတွင်းပိုင်းကို ဓာတ်ပုံရိုက်တဲ့အခါမှာ အစိမ်းရောင်အပင်လေးထားရှိလိုက်တာက အားအင်အ ပြည့်ဖြစ်သွားတယ်လို့ ခံစားရစေမှာပါ။ ဒါ့ကြောင့် အပင်ရဲ့မကောင်းတော့တဲ့အရွက်တစ်ချို့ကို ကပ်ကြေး ဒါမှမ ဟုတ် ချွန်ထက်တဲ့အရာတစ်ခုခုသုံးပြီး ရှင်းထုတ်လိုက်ပါ။ ကြီးမားတဲ့အရွက်တွေကိုတော့ နှူးညံ့တဲ့အဝတ်လေးနဲ့ သုတ်ပေးပါ။
(၄) ကောင်တာပေါ်မှ ပစ္စည်းတွေရှင်းလင်းထားပါ
ရှုပ်ပွမနေတဲ့ကောင်တာက သင့်ရဲ့မီးဖိုချောင်ကို ပိုပြီးကျယ်ဝန်းတယ်လို့ မြင်စေမှာပါ။ မလိုအပ်တာတွေ အကုန်လုံးကိုဖယ်ထုတ်ပြီးရင်တော့ ကောင်တာကို သန့်ရှင်းအောင်ထားလိုက်ပါ။ ပေါင်မုန့်မီးကင်စက်နဲ့ ကော်ဖီ ဖျော်စက်လိုမျိုး သေးငယ်တဲ့ပစ္စည်းတွေတစ်ခု၊ နှစ်ခုလောက်ဖယ်ရှားလိုက်တာလည်း ကောင်းပါတယ်။ ဒါပေမယ့် အပိုအနေနဲ့ ရှိနေတာကိစ္စတော့မရှိပါဘူး။ ဒီလိုပစ္စည်းအသေးစားလေးတွေက တခါတရံမှာ သင့်အတွက်ကောင်း မွန်တဲ့နေ့ရက်တွေဖြစ်စေနိုင်ပါတယ်။
(၅) ကြမ်းပြင်တွေကို ပြောင်လက်နေအောင်သန့်စင်ပါ။
သစ်သားကြမ်းပြင်တွေက သင့်အိမ်ရောင်းထွက်ဖို့ အဓိကပွိုင့်ဖြစ်လာနိုင်တဲ့အတွက် ကြမ်းပြင်တစ်ခုလုံး သန့်ရှင်းရေးလုပ်ပြီး သင့်ရဲ့ကြမ်းပြင်ကို ကောင်းတဲ့ထုတ်ကုန်တစ်ခုခုနဲ့ တိုက်လိုက်မယ်ဆိုရင် သစ်သား ကြမ်းခင်းလေးက ဓာတ်ပုံထဲမှာ အကောင်းဆုံးဖြစ်နေစေမှာပါ။ အဲ့နည်းအတိုင်းပဲ Stainless Steel တွေကိုပြုလုပ်မယ်ဆိုရင် ကြမ်းပြင်ကတလက်လက်တောက်ပနေမှာ သေချာပါတယ်။
(၆) ရေချိုးခန်းထဲကမလိုအပ်တော့တာတွေကို ဖယ်ထုတ်ပါ။
ရေနူးနေတဲ့ဆပ်ပြာကို စင်ပေါ်ကနေဖယ်ရှားပါ။ ရေချိုးခန်းနဲ့ သန့်စင်ခန်းသုံးပစ္စည်းတွေဖြစ်တဲ့ များပြား လှတဲ့ထုတ်ကုန်တွေကို ရေချိုးခန်းနဲ့သန့်စင်ခန်းထဲမှာ အကုန်သိုလှောင်ထားဖို့ကိုအကြံပေးချင်ပါတယ်။ ရေချိုးခန်းလိုက်ကာတွေကိုဆွဲဖွင့်ထားတာ၊ မှန်တွေကိုသန့်ရှင်းရေးလုပ်တာတွေအပြင် အိမ်သာကမုတ်ကိုပိတ်ထားပါ။ ပြီး ရင်တော့ ရေချိုးခန်းကိုအလင်းရောင်ရရှိအောင်ပြုလုပ်ထားပါ။ နောက်ပြီး နူးညံ့တဲ့အဖြူရောင်သဘက်တစ်ထည်သင့်မှာရှိတယ်ဆိုရင် အသုံးပြုထားတာကြာနေပြီဖြစ်တဲ့ သဘက်အ ဟောင်း ကို ဖယ်ရှားလိုက်ပါ။. ဒီလိုဝယ်ယူထားတဲ့ သဘက် အသစ်တစ်ခုမရှိဘူးဆိုရင်တော့ နဂိုအဝတ်ကိုသန့်ရှင်းအောင်ပြုလုပ်ပြီး ထားထားလိုက်ပါ။
(၇) အိပ်ရာခင်းပေါ်ကအဝတ်တွေကိုရှင်းလင်းပါ။
ဓာတ်ပုံတွေကနေ မကောင်းတဲ့အရာ၊မပြည့်စုံတဲ့အရာမှန်သမျှကို မြင်ရတဲ့အတွက် ထိန်းသိမ်းဖို့လိုအပ်ပါ တယ်။ ဒါ့ကြောင့် ဓါတ်ပုံရိုက်မယ့်နေ့မှာ မရိုက်ခင်အချိန်အနည်းငယ်လောက်ကို အိပ်ရာပေါ်ကမလိုတဲ့အရာတွေ ကို ရှင်းထုတ်ဖို့စီစဉ်လိုက်ပါ။ သင့်ရဲ့အိပ်ခန်းလေးက ဓာတ်ပုံထဲမှာအလှဆုံးဖြစ်နေဖို့အတွက်ကတော့ ခေါင်းအုံး အပေါ် ပျော့ပျောင်းတဲ့ခြုံထည်ထင်ထားတာ၊ တောင့်တင်းတဲ့ အိပ်ရာခင်းကိုအပေါ်ကိုဆွဲတင်ထားတာမျိုးတွေ လုပ်ပေးပါ။ နောက်ဆုံးအနေနဲ့ အိပ်ရာဘေးကစားပွဲခုံပေါ်က အရေးကြီးပစ္စည်းတွေမပျောက်အောင်နဲ့ ရှုပ်ထွေး မနေအောင် ပစ္စည်းတွေကိုအချိန်ခဏလောက်ဖယ်ရှားထားလိုက်ပါ။
(၈) လျှောက်လမ်းတစ်လျှောက်မှာရှိတဲ့ မလိုတာတွေကိုသိမ်းထားပါ။
သင့်အိမ်ကို ဓာတ်ပုံရိုက်တဲ့ရည်ရွယ်ချက်က သင့်အိမ်ကကျယ်ဝန်းပြီး သန့်ရှင်းနေတယ်ဆိုတာကိုပြသဖို့ ဖြစ်သလို သင့်အိမ်ကိုဝယ်ယူမယ့်သူတွေလာရောက်ကြည့်ဖို့ဖိတ်ခေါ်ခြင်းလည်းဖြစ်မှာပါ။ ဒါ့ကြောင့် မလိုအပ်တဲ့ အရာတွေကို တတ်နိုင်သလောက်ဖယ်ထုတ်ပြီး စိတ်ဝင်စားစရာကောင်းအောင်ဖန်တီးလိုက်ပါ။ ဖိနပ်စင်၊ စာရွက် စာတမ်းတွေနဲ့mailအတွက် ဖိုင်၊ Remote controls၊ magazines၊ ကလေးကစားစရာ၊ အိမ်မွေးတိရစ္ဆာန်အစာ ကျွေးတဲ့ခွက် စတာတွေနဲ့ ရှုပ်ပွနေတဲ့ သံတိုသံစ၊ ဓါတ်ပုံအသေးအမွှားစတာတွေကို ဓါတ်ပုံဆရာရောက်မလာခင် သိမ်းထားလိုက်ပါ။
(၉) မီးခလုတ်တွေကိုဖွင့်ထားပါ။
ဓာတ်ပုံရိုက်မယ့်နေ့မှာ သင့်အိမ်ကသဘာဝအလင်းရောင်နည်းနေရင် လိုအပ်တဲ့ အလင်းပမာဏကို ဓာတ်ပုံဆရာက studio Lighting သုံးပြီးရိုက်ကူးပေးလိမ့်မယ်လို့ တစ်ထစ်ချမယူဆထားပါနဲ့။ ဘာလို့လဲဆိုတော့ ဓာတ်ပုံဆရာအနေနဲ့ တစ်ခုခုကြောင့်မေ့နေတာမျိုးတွေရှိနိုင်တတ်ပြီး သင့်အိမ်ကမီးခလုတ်တွေကို ရှာမတွေ့နိုင် တာတွေလည်းဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဓာတ်ပုံမရိုက်ခင် အချိန်ခဏယူပြီး အလင်းရောင်ရနိုင်မယ့် မီးသီး၊ မီးအိမ် စတာတွေကိုဖွင့်ထားပြီး အပြင်ကအလင်းရောင်ကောင်းကောင်းရအောင်လို့ လိုက်ကာနဲ့ Shade စတာ တွေကိုဖွင့်ထားမထားဆိုတာ နောက်တစ်ခေါက်ထပ်စစ်ဆေးပါ။
(၁၀) ထူးခြားမူများကို အဓိကထားပါ။
သင့်မှာချစ်စရာကောင်းတဲ့နေရာလေးတစ်ခုရှိရဲ့လား။ ရှိတယ်ဆိုရင်တော့ သင့်အိမ်ကိုဓါတ်ပုံရိုက်မယ့်နေ့မှာ မီးအလင်းကိုသေချာ လေးလုပ်ပါ။ အဲ့အတိုင်းပဲ သင့်မှာ hot tab ဒါမှမဟုတ် အိမ်နောက်ဖေးမှာရေကူးကန်လိုမျိုး ဟိုက်လိုက်ဖြစ်နိုင် တဲ့အရာတွေရှိတယ်ဆိုရင် အဲဒါတွေကိုဓါတ်ပုံထဲမှာထင်ရှားမူရှိအောင်ပြုလုပ်ပါ။ ဒါပေမယ့် သန့်ရှင်းနေဖို့တော့ လိုအပ်ပါလိမ့်မယ်။
အကုန်လုံးပြီးသွားပြီဆိုရင်တော့ နောက်ဆုံးအနေနဲ့ သင့်အိမ်ပတ်ဝန်းကျင်မှာ ပရိဘောဂတွေကသေ သေသပ်သပ်ရှိရဲ့လား၊ အမှိုက်တွေကိုရောသေချာရှင်းလင်းပြီးရဲ့လား စတာတွေစစ်ဆေးပါ။ ဒီလိုစစ်ဆေးမူတွေ ပါပြုလုပ်ပြီးပြီဆိုရင်တော့ သင့်အိမ်က အိမ်ဝယ်ချင်သူတွေကြားထဲမှာ ရေပန်းစားလူကြိုက်များနေမှာပါ။
img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion