author Call Us: 09503 2256

အိမ်ရာတိုက်ခန်းဆိုင်ရာ ခြားနားမှု ၃-ချက်

အိမ်ရာတိုက်ခန်းဆိုင်ရာ ခြားနားမှု ၃-ချက်

အိမ်ရာတိုက်ခန်းဆိုင်ရာ ခြားနားမှု ၃-ချက်

အိမ်ရာတိုက်ခန်းဆိုင်ရာ ခြားနားမှု ၃-ချက်
အမ်းမ်လောင်ရွှီ ရေးသည်။
ဖွံ့ဖြိုးပြီး နိုင်ငံအချို့၏ အိမ်ရာဆိုင်ရာ အနေအထားအချို့ သည် ဖွံ့ဖြိုးဆဲနိုင်ငံအချို့နှင့် လုံးဝခြားနားသည်။ ထိုခြားနားချက်များအနက် မှတ်သားဖွယ် ၃-ချက်ကို ဤစာ၌ တင်ပြမည် ဖြစ်သည်။
၁။ တိုက်ခန်းများ၏ ဈေးနှုန်းကွာခြားမှု
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မြေညီထပ်သည် ဈေးနှုန်းအမြင့်ဆုံး ဖြစ်လေ့ရှိသည်။ အပေါ်ဆုံးထပ်သည် ဈေးအချိုဆုံး ဖြစ်လေ့ရှိ သည်။ မြေညီထပ်မှ အပေါ်ဆုံးထပ်အထိ အဆင့်ဆင့် ဈေးနည်း သွားသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မူ အပေါ်ဆုံးထပ်သည် ဈေးနှုန်း အမြင့်ဆုံးဖြစ်လေ့ရှိသည်။ မြေညီထပ်သည် ဈေးအချိုဆုံးဖြစ်လေ့ ရှိသည်။ အပေါ်ဆုံးထပ်မှ မြေညီထပ်အထိ အဆင့်ဆင့် ဈေးနည်း သွားသည်။ ဤသို့ ဖြစ်ရခြင်းမှာ ဓါတ်လှေကားများ၏ အခန်းကဏ္ဍ က စကားပြောသည်။ ဓါတ်လှေကားကို ၂၄-နာရီပတ်လုံး အသုံး ပြုနိုင်ခြင်းကြောင့် မည်သည့်အထပ်သို့မဆို လွယ်ကူမြန်ဆန်စွာ သွားလာဝင်ထွက်နိုင်သည်။ ထို့ကြောင့် လွယ်ကူမြန်ဆန်စွာ သွား လာဝင်ထွက်နိုင်သည်။ ထို့ကြောင့် လွယ်ကူမှုချင်းတူနေ၍ လေ ကောင်း လေသန့် ပိုရသော၊ အလင်းရောင်ပိုရသော၊ ရှုခင်း မြင်ကွက် ပိုကောင်းသော အထပ်မြင့်များကို ပိုမို နှစ်သက် ကြခြင်း ဖြစ်သည်။ ဓါတ်လှေကားကို ၂၄-နာရီ အသုံးပြုနိုင် ရန်မှာလည်း လျှပ်စစ်ဓါတ်အားက အဓိကဖြစ်၍၊ လုံခြုံရေး ကလည်း လိုအပ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၌မူ အပေါ်တက်ရလေ၊ ပိုမောလေ၊ အချိန် ကုန်လေဖြစ်၍ အထပ်နိမ့်တိုက်ခန်းများကို ပို၍ နှစ်သက်ကြခြင်း ဖြစ်သည်။လှေကားအတက်မှာ ဒူးနာသူများ ပေါလာသော ဒီခေတ်တွင်အထပ်မြင့်သို့ ခြေဖြင့် မတက်လိုကြပေ။ မြေညီထပ်မှာ ဈေးအကြီးဆုံး ဖြစ်တတ်သည်။ ဤသည်မှာ လုပ်ငန်းတစ်ခုခုလုပ်ကိုင်ရန် အဆင်ပြေ၍လည်း ဖြစ်တတ်သည်။ ပစ္စည်းသိုလှောင်လျှင်လည်း အလွယ်တကူ ထုတ်ယူသွင်းယူနိုင် သဖြင့် ပွဲရုံဆန်ဆန် အသုံးပြုကြခြင်းမျိုး ရှိသည်။ စတိုးဆိုင်၊ ကုန်ခြောက်ဆိုင်၊ စားသောက်ဆိုင်၊ ဆေးခန်း စသဖြင့်လည်း လွယ်လွယ်ကူကူ အသုံးပြုနိုင်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၌မူ လူနေ အိမ်ရာများနှင့် ပွဲရုံဆိုင်ခန်းများကို သီးသန့်ခွဲခြားထားသဖြင့် မြေညီထပ်၏ အရေးပါမှု နည်းသွားသည်။ သို့သော် စင်္ကာပူ၌ တိုက်ခန်း တွဲ ၂-ခုလျှင် မြေညီထပ်၌ စတိုးဆိုင် ၁-ဆိုင်နှုန်းထားပေးခြင်း မျိုးလည်း ရှိသည်။ စင်္ကာပူနှင့် မလေးရှားသည် အိမ်နီးချင်းနိုင်ငံ များ ဖြစ်ပါလျှက် တိုက်ခန်းဈေးနှုန်း ကွာခြားချက်မှာ ပြောင်းပြန် ဖြစ်သည်။ စင်္ကာပူ၌ တိုက်ခန်းမြင့်လေ၊ ဈေးကြီးလေ ဖြစ်သည်။
၂။ အလျော့တွက် (Depreciation)
အိမ်ရာတန်ဖိုးကို တွက်ချက်ရာတွင် ထည့်သွင်းစဉ်းစားရ သော အကြောင်းအချက်များတွင် အလျော့တွက်တန်ဖိုးလည်း ပါဝင်သည်။ အိမ်ရာအဆောက်အဦတစ်ခုကို နှစ် ၆၀-သက်တမ်း ဟု အာမခံထားသည် ဆိုပါစို့။ ထိုအဆောက်အဦကို သိန်း-၆၀ သတ်မှတ်သည် ဆိုပါစို့။ ထိုအဆောက်အဦသည် ၁-နှစ် လျှင် ကျပ် ၁-သိန်း တန်ဖိုးကျသွားကာ၊ နှစ်-၆၀လည်းပြည့်ရော အဆောက်အဦတန်ဖိုး သုံညဖြစ်သွားသည်။ ထိုအဆောက်အဦ ဖြိုဖျက်၍၊ ပြန်လည်ဆောက်လုပ်ကြခြင်းမျိုး ရှိပေသည်။ ဤသည် ကို ဖွံ့ဖြိုးပြီးနိုင်ငံများက ကျင့်သုံးလေ့ရှိကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံ များ၌မူ အခြေအနေအရ ဤအလျော့တွက်တန်ဖိုး သတ်မှတ်ချက် ကို မကျင့်သုံးနိုင်ကြသည်က များပေသည်။ ဤကိစ္စတွင် အရေးကြီးသော အချက်တစ်ချက်မှာ ငွေကြေးတန်ဖိုး တည်ငြိမ်မှု ရှိနေရန် ဖြစ်သည်။ ငွေကြေးမတည်ငြိမ်လျှင် ဤစနစ်ကျင့်သုံးရန် လွန်စွာ ခက်ခဲပေလိမ့်မည်။
၃။ အရစ်ကျဝယ်ယူခြင်း (Instalment)
ဖွံ့ဖြိုးပြီးနိုင်ငံများ၌ အိမ်ရာအပါအဝင်၊ ကား၊ တယ်လီဖုန်း နှင့် လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းမျးကို အရစ်ကျဝယ်ယူစေသော နည်းလမ်းများကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးကြပါသည်။ ဤနည်းလမ်းများကြောင့် ဝင်ငွေပုံမှန်ရှိသူအဖို့ စားဝတ်နေရေးနှင့် လူနေမှုအဆင့် သင့်တော်ကောင်းမွန်စွာ နေနိုင်မည်ဖြစ်သည်။ အချို့ အိမ်ရာများမှာ သတ်မှတ်တန်ဖိုး၏ ၃၀%ကိုသာ လက်ငင်း သွင်းရပြီး ကျန်း ၇၀%ကိုမူ ၁၀-နှစ်အတွင်း (သို့) နှစ် ၂၀-အတွင်း လစဉ်ဝင်ငွေထဲမှ ရာခိုင်နှုန်းတစ်ခုကို မှန်မှန်ဆပ်သွားရုံ ဖြင့် အချိန်တန်လျှင် အခန်းပိုင်၊ အိမ်ပိုင် ဖြစ်စေသော စနစ်ဖြစ် သည်။ အထူးကောင်းမွန်သော အချက်မှာ လက်ငင်းသွင်းငွေကို သွင်းပြီးသည်နှင့်၊ ထိုအိမ်ရာတွင် နေထိုင်ခွင့်ရပြီ ဖြစ်သည်။
ဤနည်းလမ်းကြောင့် အရစ်ကျဝယ်ယူသူလည်း အဆင် ပြေ၏။ ရောင်းသူအဖို့လည်း အရောင်းအဝယ်ဖြစ်မြောက်၏။ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း အရှိန်အဟုန်ကြီးမာေးစ ၏။ လိုက်နာကျင့်သုံးသင့်သော နည်းပင်ဖြစ်သည်။ သို့သော် ဤနည်းကို ကျင့်သုံးရာတွင် အဓိကကျသော လိုအပ်ချက်များမှာ ငွေကြေးတန်ဖိုး ခိုင်မာရေးနှင့် မြင့်မားကောင်းမွန်သော ပုံမှန်ဝင်ငွေ ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်နေရေး၊စည်းမျဉ်းစည်းကမ်းများကို လိုက်နာသော ဖြောင့်မတ်မှု များ ရှိရေးတို့ဖြစ်သည်။ ဆိုလိုသည်မှာ စီးပွားရေးဆိုင်ရာ ကိုယ်ခံ စွမ်းအားများ ရှိထားရေးတို့ဖြစ်သည်။ မှန်၏။ အိမ်ရာတိုက်ခန်း ရောင်းချသူအဖို့ ၁၀-နှစ် (သို့) နှစ် ၂၀-အတွင်း မိမိရငွေတန်ဖိုး သည် သဘာဝကျသော တန်ဖိုးဖြစ်နေရေးဖြစ်ပါသည်။
တစ်ခုတော့ ရှိသည်။ဘဏ်တိုးက သက်သာသည့်တိုင်အောင် နှစ်ရှည် အရစ်ကျဝယ်သူတို့၏ အတိုး အရင်းပေးရငွေပေါင်းသည် လက်ငင်းပေးချေရမည့် ပမာဏထက် များစွာပိုနေလေ့ရှိရာ အချို့သော စီးပွါးရေး
အမြင်ရှိသူတို့ကမူ မနှစ်သက်လှပေ။
မှတ်ချက်။ ဤစာ၌ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲဟု ခွဲခြား သုံးနှုန်းခြင်းမှာ ယေဘူယျသဘောသာဖြစ်ကြောင်း မှတ်ယူစေလို ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအချို့သည်လည်း မြို့ပြအိမ်ရာဆိုင်ရာ အခင်းအကျင်းအချို့၌ ဤစာပါနည်းလမ်းများကို စမ်းသပ်သုံးစွဲ အောင်မြင်နေကြောင်းလည်း သိရပါသည်။ မြန်မာနိုင်ငံတွင်လည်း ဤနည်းလမ်းများကို အသုံးချနိုင်၊ တိုးတက်ဖွံ့ဖြိုးနိုင်မည့် ကာလ တစ်ခုသို့တာစူနေကြောင်း တွေ့ရပါသည်။ ဤနည်းလမ်းများကို တိုက်ရိုက် မဟုတ်သော်လည်း ကိုယ့်ရေမြေ၊ ကိုယ့်နိုင်ငံနှင့် သင့်တော်ကောင်း မွန်အောင် ပြုပြင်ကျင့်သုံးကာ သွယ်ဝိုက်အသုံးချနိုင်ခြင်းမျိုးလည်း ရှိနိုင်ပါသည်။
img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion