author Call Us: 09503 2256

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၄)

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၄)

အိမ်ပွဲစားပညာရပ်ရဲ့တစိတ်တပိုင်းတွေဖြစ်တဲ့ ကိုယ်စားလှယ်လွှဲစာ ၊ G.P နဲ့ စာချုပ်မှတ်ပုံတင်ခြင်း စရန်စာချုပ်ချုပ်ဆိုခြင်း အကြောင်းကို ပြီးခဲ့တဲ့အပိုင်း(၃)မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အပိုင်း (၄)ကို ဆက်လက်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

၁။ ဘီစီစီ (B.C.C) ဆောက်လုပ်ပြီး တစ်လအတွင်း လျှောက်ရပါတယ် ။ ရက် ၃၀အတွင်း စစ်ဆေးပြီး ဆက်တင်ပေးပါတယ် ။ ဒါပေမဲ့ “ဆောက်လုပ်မှု” ကွဲပြားလွဲချော်မှုတွေ ရှိရင်တော့ ရက်ကြာသွားတတ်ပါတယ် ။ ဒါကြောင့် B.C.C (နေထိုင်ခွင့်) မရသေးမီ ဝယ်မယ်ဆိုရင် သတိကြီးစွာ ထားပြီး ဝယ်ယူပါ ။ ( စည်ပင်ဉပဒေ ၃၁၂/င အရ )

၂။ မီးအာမခံ မီးအာမခံအပြင် မြေပြို ၊ လေယာဉ်ပျက်ကျ ၊ ရေကြီး ၊ မုန်တိုင်း ၊ ကားတိုက် စသည်ဖြင့် အမျိုးမျိုး ရှိပါတယ် ။ ဒီလို အာမခံတွေ ထားတဲ့ တိုက်ကို ရောင်းလိုက်ရင် အဆိုပါ အာမခံ တွေ ကိုယ်နဲ့ မဆိုင်တော့ပါ ။ ပိုင်ရှင်သစ်ကို အမည်ပြောင်းလိုလျှင်လည်း ရပါတယ် ။ ( ဖုန်းဖြင့်ပြောခြင်း ၊ နှုတ်ဖြင့် ပြောခြင်းတို့ကို လက်မခံပါ ။ )

၃။ ဘဏ်က ငွေချေးလိုပါသလား အိမ်လည်းပိုင်တယ် ၊ လုပ်ငန်းလည်းရှိတယ်ဆိုရင် ငွေချေးလို့ရပါတယ် ။ ရောင်းသလို စာချုပ်ချုပ်ရမယ် ။ လုပ်ငန်းလိုင်စင် သို့မဟုတ် ကုမ္ပဏီ မှတ်ပုံတင် ၊ ကုမ္ပဏီက ဆောင်ထားတဲ့ အမြတ်ခွန်ပြေစာ ၊ အခွန်ဦးစီးမှာ ကြွေးကျန်မရှိကြောင်းစာ ၊ လုပ်ငန်းအရှုံးအမြတ်စာရင်းနဲ့ အဆောက်အအုံဓာတ်ပုံတို့ လိုပါတယ် ။ တစ်နှစ်ပြည့်ရင် ပြန်ဆပ်ရပါတယ် ။ (ပြီးတော့ ပြန်ချေးပေါ့ )

၄။ အသေးစားပြင်ဆင်မယ် မူလအရွယ် ၊ မူလပစ္စည်း မပြောင်းဘဲ ဟောင်းဆွေးနေတာ ကို အသစ်နဲ့ လဲလှယ်ခြင်းဖြစ်ပါတယ် ။ မြို့နယ်စည်ပင်မှာပဲ ခွင့်ပြုမိန့်ရနိုင်ပါတယ်။

၅။ အကြီးစားပြင်မယ်ဆိုရင် မူလအဆောက်အအုံကို မတိုးချဲ့ရပါ ။ မမြှင့်ရပါ ။ မနှိမ့်ရပါ ။ ပုံသဏ္ဌာန်မပြောင်းရပါ ။ ခိုင်ခံ့မှုဖြစ်လာစေရန် ပြင်ဆင်နိုင်ပါတယ် ။ ပိုင်ဆိုင်မှုအထောက်အထား ၊ အဆောက်အအုံ ဓာတ်ပုံ ၊ မြို့နယ် စည်ပင်မှတ်ချက် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတ်ချက် ၊ လျောက်ထားသူမှတ်ပုံတင် (I.D) မိတ္တူ ၊ သန်းခေါင်စာရင်းမိတ္တူတို့နဲ့ ကြို၍ တင်ရပါမယ် ။

၆။ ဂရန်သက်တမ်းတိုးရန် သက်တမ်းကုန်လျှင် တိုးထားပါ ။ အမည်ပေါက်ဖြစ်ပါက လျှောက်လွှာရယ် ၊ မှတ်ပုံတင်မိတ္တူရယ် ၊ ဂရန်မူရင်းနဲ့ မြေပုံရယ် ၊ မြေခွန် ကြွေးကျန် ကင်းရှင်းကြောင်းရယ် လိုပါတယ် ။

၇။ ဂရန်မူရင်းပျောက်လျှင် ဂရန်မိတ္တူလျှောက်နိုင်ပါသည် ။ ကိုယ်ပိုင်အမည်ပေါက်ဖြစ်ပါက – – လျှောက်လွှာ ၊ မှတ်ပုံတင် ( I.D) မိတ္တူ – ရဲစခန်းတိုင်ချက်တို့ဖြင့် လုံလောက်ပါသည်။ အမည်ပေါက်မဟုတ်ရင် – ဆက်စပ်မှတ်ပုံတင်စာချုပ်များ သို့မဟုတ် – တရားရုံး အနိုင်ဒီကရီတို့ လိုအပ်ပါသေးသည်။ – သတင်းစာမှာလည်းကြော်ငြာရပါမယ်။ (ရှုပ်ပါတယ် ။ မပျောက်အောင်သိမ်းပါ ။ သို့မဟုတ် စာချုပ်မှတ်ပုံတင်ဥပဒေ ပုဒ်မ ၁၇/ဈအရ ထိုဂရန်ကို မှတ်ပုံတင်ထားလိုက်ပါ ။ )

၈။ မြေကွက်ပိုင်ရှင် အမည်ပေါက်ပြောင်းလိုလျှင် မှတ်ပုံတင်မိတ္တူရယ် ၊ ပိုင်ဆိုင်ကြောင်း စာချုပ်တွေ ဒါမှ မဟုတ် တရားရုံး အနိုင်ဒီကရီ ၊မြေခွန် ကြွေးကျန် ကင်းရှင်းကြောင်းရယ် သုံးမျိုးပဲ လိုအပ်ပါတယ်။

၉။ မြေပုံ‌ မြေရာဇဝင်ကို ဘယ်သူလျှောက်နိုင်သလဲ အမည်ပေါက်သူ ကိုယ်တိုင် ၊G.P, S.P ရရှိထားသူ ၊ အမွေဆက်ခံ ရသူ ၊ တရားရုံးအနိုင်ဒီကရီရထားသူတို့ လျှောက်ထားနိုင်ပါတယ် ။

၁၀။ မြေပုံမြေရာဇဝင် ဘယ်အခါ လိုသလဲ တိုက်အသစ်ဆောက်ရင် ၊ အကြီးစားပြင်ရင် ၊ မှတ်ပုံတင် စာချုပ်ချုပ်ရင် ၊ အဝီစိ တွင်းတူးရင် ၊ မြေကွက်ခွဲရင် ၊ ခြံစည်ရိုးကာရင် ၊ မှတ်တမ်းထားရင် မြေပုံမြေရာဇဝင် လိုအပ်ပါတယ် ။ အတိုမှတ်ရန် ။ သစ် ၊ ပြင် ၊ ချုပ် ၊ တူး ၊ ခွဲ ၊ ကာ ၊ မှတ်လျှင် မြေရာဇဝင် ။

Union House Myanmar မှ ပရိဿတ်အများအကျိုးအတွက်ဆရာကြီး ကြည်စိုး(I.C)ရေးသားသည့် အိမ်ဘုရင်၏ အိမ်ပွဲစားပညာစာအုပ်မှ ပြန်လည်ဖော်ပြပါသည်

img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion