author Call Us: 09503 2256

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၃)

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၃)

အိမ်ပွဲစားပညာရပ်ရဲ့မသိမဖြစ်အကြောင်းအရာတွေဖြစ်တဲ့ စရန်စာချုပ်များ စရန်ပေးချေမှုများ စာချုပ်ခေါင်းတို့အကြောင်းကို ပြီးခဲ့တဲ့အပိုင်း(၂)မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အပိုင်း (၃)ကို ဆက်လက်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ

၁။ ကိုယ်စားလှယ်လွှဲစာ

(G.P, S.P) နိုထရီပတ်ဗလစ်ရှေ့တွင် ပြုလုပ်ရင်လည်းရပါတယ် ။ ဒါပေမဲ့ တိုက် ၊ ခြံ ၊ တိုက်ခန်းကိစ္စများတွင် မှတ်ပုံတင်မှသာ တရားဝင်ပါတယ်။ပြန်လည်မရုတ်သိမ်းနိုင်သော လွှဲစာများကို “လွှဲသူ” နှင့် “လွှဲခံရသူ” နှစ်ဉီးသဘောဖြင့်သာ ရုပ်သိမ်းလို့ရနိုင်တယ်။ “လွှဲသူ” သေဆုံးရင် သို့မဟုတ် လူမွဲဖြစ်သွားလျှင် အလွှဲခံရသူ “ကိုယ်စားလှယ်” သည် တရားမဝင်တော့ပါ ။ (ပဋိညာဉ်အက် ပုဒ်မ ၂၀၁အရ )

၂။ G.P လွယ်လွယ်မပေးပါနှင့် စာချုပ်စာတမ်း မှတ်ပုံတင်ဖြင့် လွှဲပေးထားသည့် G.P (အထွေထွေကိုယ်စားလှယ်လွှဲစာ)သည် သင်ပိုင်ဆိုင်သော အိမ်၊ ခြံ ၊ မြေနဲ့တိုက်ခန်း တို့ရောင်းချ၍ ရနိုင်သည်ကို သိထားပါခင်ဗျား။ (ပဋိညာဉ်အက် ပုဒ်မ ၁၈၂ အရ )

၃။ သက်သေလက်မှတ် အိမ်ခြံမြေ အရောင်း ၊ အငှား စာချုပ်တွေမှာ ခရီးကြုံလို့ ဝင်ပြီး သက်သေလက်မှတ် ထိုးတာမျိုးကို တရားရုံးက လုံးဝလက်မခံချင်ကြပါ ။ အမည်၊ နေရပ်၊ မှတ်ပုံတင်နံပါတ် စုံစုံလင်လင် ပါရှိကြပါစေ ။ (မရွေ့မပြောင်းနိုင်သော ပစ္စည်းများကိစ္စပါ ။လုံးဝအရေးကြီးပါတယ် ) (သက်သေခံ ဥပဒေပုဒ်မ ၆၈အရ )

၄။ မရွေ့မပြောင်းနိုင်သောပစ္စည်း အများသိသလို အိမ် ၊ ခြံ၊ မြေ ၊ တိုက်၊ တိုက်ခန်းဆိုလည်း မမှားပါဘူး ။ မြေ နှင့် မြေမှ ဖြစ်ထွန်းလာသော အကျိုးခံစားမှုများ ၊ ၎င်းတို့တွင် အမြဲတပ်ဆင်ထားသော အရာများပါဝင်ပါတယ်။ ( နိုင်ငံတော်အစိုးရ၏ ကိုယ်စားလှယ်က ခွင့်ပြုမှသာ လွှဲပြောင်းရောင်းချခြင်း အထမြောက်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်စာချုပ်ချုပ်ဆိုရတာပါ )(ပစ္စည်းလွှဲပုဒ်မ ၅၄အရ )

၅။ မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးရန်လိုသည် ကိုယ်ကရောင်းရင်လည်း မှတ်ပုံတင်စာချုပ်ချုပ်ပေးရမှာ ကိုယ့်တာဝန်ဖြစ်ပါတယ်။ ကိုယ်က ဝယ်လို့ ပစ္စည်းပိုင်ရှင်က မှတ်ပုံတင်စာချုပ် ချုပ်‌မပေးခဲ့ရင် အဆင်ပြေအောင်ညှိပါ ။ ညှိမရတော့ရင် အိမ်ခြံမြေတည်ရှိရာ တရားရုံးမှာ တံဆိပ်ခေါင်းကပ်ပြီးတရားစွဲရပါမယ်။ [ပစ္စည်းလွှဲပုဒ်မ ၅၅ (၁/ဃ) အရ]

၆။ မှတ်ပုံတင်စာချုပ် ဘယ်အခါချုပ်မှာလဲ မရွေ့မပြောင်းနိုင်သော ပစ္စည်းတို့ကို ရောင်းချသည့်အခါ ၊ ပေးကမ်းသည့်အခါ ၊ စွန့်လွှတ်သည့်အခါ ၊ စာချုပ်အမှားပြင်သည့်အခါ ၊ ပိုင်ဆိုင်ကြောင်း ကြေညာသည့်အခါတို့တွင် မှတ်ပုံတင် စာချုပ်ချုပ်ဆိုရပါတယ် ။ အတိုမှတ်ရန်။ ရောင်းကြ ၊ ပေးကြ၊ စွန့်လွှတ်ကြ၊ အမှားပြင်ကြ၊ ပိုင်ဆိုင်ကြ ။ (ပစ္စည်းလွှဲပုဒ်မ ၅၄အရ )

၇။ လေးလအတွင်း အရပ်စာချုပ်များချုပ်ဆိုတဲ့နေ့မှ ရက်ပေါင်း ၁၂၀အတွင်းမှတ်ပုံတင်ခွင့်ရှိပါတယ်။ ထိုရက်ကျော်သွားခဲ့ရင် မှတ်ပုံတင်အရာရှိထံမှာ ဒဏ်ကြေးဆောင်စေပြီးမှသာ မှတ်ပုံတင်လို့ရပါမယ်။ (မှတ်ပုံတင် ဥပဒေပုဒ်မ ၂၁အရ )

၈။ စာချုပ်မမည်သောစာချုပ်များ အနိုင်အထက်ပြုပြီး ချုပ်ထားသောစာချုပ် ၊ ဩဇာအာဏာ ဖြင့်ချုပ်စေသည့်စာချုပ် ၊ အလွဲပြော ၊ လိမ်လည်၍ ချုပ်စေသည့်စာချုပ်တွေကို ပယ်ဖျက်ရန် လျှောက်ထားနိုင်ပါတယ် ။ (ပဋိညာဉ် အက်ဉပဒေ ပုဒ်မ ၁၉၊ ၁၉ -က )

Union House Myanmar မှ ပရိဿတ်အများအကျိုးအတွက်ဆရာကြီး ကြည်စိုး(I.C)ရေးသားသည့် အိမ်ဘုရင်၏ အိမ်ပွဲစားပညာစာအုပ်မှ ပြန်လည်ဖော်ပြပါသည်

img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion