author Call Us: 503 2256

အိမ်ငှားအား အငှားပစ္စည်း (ဥပစာ) ကနေ ပြန်လည်နှင်ထုတ်နိုင်တဲ့အခြေနေ 6ရပ်

အိမ်ငှားအား အငှားပစ္စည်း (ဥပစာ) ကနေ ပြန်လည်နှင်ထုတ်နိုင်တဲ့အခြေနေ 6ရပ်

ကိုယ်တိုင်ကအိမ်ရှင်ဖြစ်နေပေမဲ့ အိမ်ငှားရဲ့ အနိုင်ကျင့်တာ လူလည်ကျတာခံနေရပြီဆိုရင် အောက်ပါ အခြေအနေ 6ရပ်သာအိမ်ငှားဘက်ကဖောက်ပျက်ထားကြောင်းပြပြီး အငှားခကြီးကျပ်ရေး အက်ဥပဒေ ပုဒ်မ (၁၂) (၁) အရ အငှားပစ္စည်း(ဥပစာ)ကနေ အေးအေးဆေးဆေး မောင်းထုတ်နိုင်ပါတယ် ခင်ဗျာ ။

ပွဲစားကြီးတို့အနေနဲ့လည်း အိမ်ငှားဘက်ကဖြစ်စေ အိမ်ရှင်ဘက်ကဖြစ်စေ သိထားဖို့လိုအပ်ပါတယ်။

ပုဒ်မ (၁၂) (၁) အရ အတိုမှတ်ရန်….

1.တောင်းတော့မပေး အိမ်လခတောင်းလျှင် မပေးခြင်း ၊ အိမ်ငှား၏ တာဝန်များကိုဖောက်ဖျက်ခြင်း

2. ရုံးမိန့်မကြောက် အိမ်ရှင်အနိုင်ရပြီးသော တရားရုံးအမိန့်ဒီဂရီ ကို အိမ်ငှားက မလိုက်နာခြင်း ၊ ဂရုမစိုက်ခြင်း ၊ မပေးခြင်း

3.ဘေးကိုနှောင့် အိမ်နီးနားချင်းများကို စိတ်ငြိုငြင်အောင် ပြုလုပ်ခြင်း ၊ ဥပစာကိုညစ်ညမ်းစေခြင်း ၊ ဥပစာကို ဥပဒေနှင့် ဆန့်ကျင်သောကိစ္စများ တွင်အသုံးပြုခြင်း ( ရန်ဖြစ် ဆဲဆို ခြင်း ၊ အိမ်နှင့်မတူအောင်ညစ်ပတ်ခြင်း ၊အရက်ပုန်းရောင်းခြင်း၊ ဖဲဝိုင်းထောင်ခြင်းစသဖြင့်)

4. အမှန်ဆောက်ချင် မြေပိုင်ရှင်ဘက်က သဘောရိုးနှင့် အဆောက်အအုံကို အသစ်ပြန်လည်ဆောက်လုပ်လိုခြင်း ( အဆောက်အအုံ ဆောက်ပြီးမဲ့ကာလ တစ်နှစ် (သို့) ကာလတစ်ခုအတွင်း ဆောက်လုပ်ပြီးတာနဲ့ ပြန်လည်ငှားပါမယ်လို့ ဝန်ခံစာချုပ်ချုပ်ရပါမည် )

5.အိမ်ပြုပြင် သဘောရိုးနဲ့ အိမ်ပြင်မယ်လို့ အိမ်ရှင်က ပြောလာလျှင်လည်း ‌ဖယ်ပေးရမှာပါ ( ကိုးလ (သို့) ကာလတစ်ခုအတွင်း ပြန်ငှားပါမယ်လို့ ဝန်ခံကတိချူပ်ဆိုရမှာဖြစ်ပါတယ် )

6. အမှန်တကယ်နေချင်နှင် အကြောင်းကြောင်းကြောင့် တကယ်ပြန်နေချင်ပါတယ်ဆိူရင်လည်း အိမ်ငှားကဖယ်ပေးရမှာပါ ( တိုက်ခန်းပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှုသက်တမ်းကာလစည်းကမ်းသတ်မှတ်ချက်တော့ရှိပါတယ် ၊ အခုဝယ် ၊ အခုဖယ်လို့မရပါဘူး )

အကျဉ်းချုံးရမယ်ဆိုရင်…နံပါတ် 1နဲ့ 2,3အချက်တစ်ချက်ချက်သာ အိမ်ငှားဘက်က ဖောက်ပျက်ထားရင် အိမ်‌‌ ပေါ်ကနေ အပြီးအပိုင်မောင်းထုတ်နိုင်ပြီး နံပါတ် 4,5,6 အရ အိမ်ငှားဘက်က အပြစ်ကျူးလွန်ထားခြင်းတစုံတရာမရှိလို့ အိမ်ရှင်အိမ်ငှားသဘောတူညီချက်နဲ့ညှိနှိုင်းဆောင်ရွက်ပြီးမှ အငှားကိစ္စကို ရပ်တန့်နိုင်မှာဖြစ်ပါတယ်ခင်ဗျ။

Union House Myanmar မှ ပရိဿတ် အများ အကျိုးအတွက် ဆရာကြီး ကြည်စိုး (IC) အိမ်ခြံမြေပွဲစားစာအုပ်မှ ထုတ်နုတ်ရေးသားပါသည်။

img

sithumin

Related posts

testing

hello...

Continue reading
admin
by admin

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

Join The Discussion