author Call Us: 09503 2256

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း တွေဖြစ်တဲ့ အိမ်ခြံ မြေ ကို မိဘ တွေက ကျန်ရစ်ခဲ့တဲ့ သားသမီးတွေ ကို အမွေပေးချင်တဲ့အခါမှာ ခိုင်ခိုင်မာမာ ပေးခဲ့နိုင်ဖို့အတွက် ပြုလုပ်ရမဲ့အချက်ကို မပြောခင် မှာ ရှေးဉီးစွာ ဗုဒ္ဓဘာသာဝင် မို့ “သေတမ်းစာ” ရေးပြီး အမွေပေးခြင်းကိစ္စက အကျုံးမဝင်တာလား ဆိုတာတဲ့အချက်ကို အကျယ်တဝင့်ရှင်းပြချင်ပါတယ်။ သေတမ်းစာကိစ္စ နဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီပေါမင်းတရားကြီး ပါတော်မူသွားတဲ့ ၁၈၈၅ ရဲ့ နောက် လေးနှစ်အကြာမှာ ” အိမ်ခြံမြေပိုင်ဆိုင်မှုတွေနဲ့ သေတမ်းစာကိစ္စ” ကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းခြင်းကို ပြု လုပ်ခဲ့ကြပါတယ် ။ အဲ့ဒီအချိန်အခါတုန်းက (လွန်ခဲ့သော နှစ် ၁၀၀ ကျော်က ) ကင်းဝန်မင်းကြီး ဉီးကောင်းကလည်း “သေတမ်းစာ” ခြောက်စောင်တင်ပြပြီး ဆိုခဲ့ကြပါသေးတယ်။ အမျိုးမျိူး သုံးသပ်၊စဉ်းစား ၊ စုံစမ်းကြပြီးတဲ့နောက်မှာတော့ ၁၈၈၀ ခုနှစ်က စီရင်ခဲ့တဲ့ ” မဘွင့်နဲ့မရင်အမှု” အတိုင်းပဲ မြန်မာဗုဒ္ဓဘာသာများသည် “သေတမ်းစာ” နဲ့အိမ်ခြံ‌ မြေ ပိုင်ဆိုင်မှုများကို စီစဉ်ပိုင်ခွင့်မရှိလို့ အတည်ပြုချက်ထပ်မံပြီး ပေါ်လာခဲ့ပါတယ်။ ဒီနေ့ထိလည်း “သေတမ်းစာ” ရေးသားခွင့်မရှိဆို သော ဉပဒေမှာ အတည်ဖြစ်လျက်ပါပဲ။ သေတမ်းစာ က ဘာကြောင့်မဆီလျော်ရသလဲဆိုရင် သေတမ်းစာက”တရားဝင်ကြေညာစာတမ်း” တစ်ခုတော့ ဟုတ်ပါတယ် ။ ဒါပေမဲ့ ” အမွေရှင်” သေဆုံးတဲ့အခါမှာ ဘယ်ပစ္စည်း ၊ဘယ်မြေကွက်တွေကို ဘယ်သူတွေက ယူကြပါလို့ အမွေရှင်တစ်ဉီးတည်းရဲ့ ဆန္ဒနဲ့ ပြုလုပ်ခဲ့တာမျိုးပါ ။ ဒီတော့ သေတမ်းစာပြုလုပ်ခဲ့ခြင်းအားဖြင့် သားသမီးနဲ့အမွေဆိုင်တွေ က ” ဒီလို ခွဲဝေပေးခဲ့မှုကို ” ကို ကျေနပ်နိုင်ကြမှာမဟုတ်လို့ အမွေရှင်သေလွန်တဲ့ အခါမှာ အမွေအမှုအခင်းဖြစ်ဖို့ သေချာတော့တာပေါ့။ ” ငါသေပြီးရင် မင်းတို့မိသားစု ရန်ဖြစ်ကြတော့”လို့ အမှာစာရေးခဲ့တာမျိုး ဖြစ်နေတယ်လေဗျာ။ အိမ်ခြံမြေပိုင်ဆိုင်မှုတွေခွဲတဲ့အခါမှာ သေတမ်းစာထက်လည်း ပိုပြီးခိုင်မာတယ်။ ဥပဒေကလည်းခွင့်ပြုပြီး ခိုင်မာတယ်။ ခွင့်ပြုရုံတင်မဟုတ်ဘူး ရှိစေချင် “လုပ်စေချင်တာ” တစ်ခုရှိတယ် ။ အဲ့ဒါက ” မိသားစုစီမံမှု” ပါခင်ဗျာ မိသားစုစီမံမှုဆိုတာ အခြားမဟုတ်ပါဘူး ၊ အမွေရှင် (ပစ္စည်းရှင်) ကွယ်လွန်တဲ့အခါမှာ အမွေပစ္စည်းတွေ (အဓိကကတော့ မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ” ဘယ်လိုခွဲဝေယူကြမယ်ဆိုတဲ့ မိသားစု တစ်စုလုံး သဘောတူပြီးလတ်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ စံမံမှုတစ်ခုပါပဲဗျာ ။ စာချုပ်တစ်ခုလုပ်ကြရတယ်ပေါ့ဗျာ ။ အဲ့ဒီ့စာချုပ်ကို “ကြေညာစာတမ်း” လို့ ခေါ်ရင်လည်းရပါတယ်။ “မိသားစုစီမံမှု” နဲ့ “သေတမ်းစာ” နဲ့ကွာခြားတာကတော့ နည်းနည်းလေးပါ ။ ဒါပေမဲ့ အကျိုးသက် ရောက်မှုကတော့ အလွန်တရာကွာပါတယ်။ “မိသားစုစီမံမှု” တစ်ခုကိုပြုလုပ်ရင် “အမွေရှင်” သေဆုံးတဲ့အခါ ဘယ်ပစ္စည်း ၊ ဘယ်မြေကွက်တွေကို ဘယ်သူယူကြမယ်ဆိုတာတော့ ပါရတာပါပဲ၊ဒါပေမဲ့ အမွေရှင်လည်း လက်မှတ် ရေးထိုးရသလို သားသမီးနဲ့ အမွေစားအမွေခံအားလုံးလည်း လက်မှတ်ရေးထိုးရပါတယ်။ အဲ့ဒီလို သားသမီးနဲ့အမွေဆိုင်တွေအားလုံးက ကိုယ်ရတာကိုပဲ ကျေနပ်တယ်။ ကျန်အမွေဆိုင်တွေ ပေးတာကိုလည်း ကျေနပ်ပါတယ်ဆိုတဲ့အချက်ကတော့ အရေးကြီး‌‌ပါ့ဗျာ။ ကိုယ်ရေးနေတဲ့ “မိသားစုစီမံမှု” လို့ပြောတဲ့ “စာချုပ်” ထဲမှာ စာတစ်ကြောင်းထည့်ရေးလိုက်လျှင်ရပါတယ် ။ တကယ့်အရေးကြီးတာက ” တကယ်သဘောတူကြဖို့”ပါပဲ။ အကြောင်းမညီညွတ်လို့ သားသမီးအကုန်မဆုံနိုင်ဘူးဆိုရင်လည်း အဝေးကနေသဘောတူကြောင်း ဆန္ဒပြုပြီး ကိုယ်စားတစ်ဉီးဉီးက လက်မှတ်ရေးထိုးလို့ရပါတယ်။ “မိသားစုစီစံမှု”ရဲ့ခိုင်မာချက်ကို ပြောရရင် အမွေဆိုင်တွေကြား မမျှမတ နဲ့ အနည်းအများမညီမညာဖြစ်နေမယ်ဆိုရင်လည်း “မိသားစုစီမံမှု” က ပျက်ပြယ်မသွားပါဘူးခင်ဗျာ။ ခွဲဝေမှုမှာအတိအကျမဖြစ်နေလည်း မပျက်ပြယ်ပါဘူး (ဉီးမြတ်ဖြူနှင့် ဒေါ်စောရှင် ၁၉၄၉ မတစ ၊လွှတ်တော် ၄၉၂၊ စီရင်ထုံးတွင် အတိအလင်းဖော်ပြထားပါတယ်။) နောက်တစ်ချက်က “အမွေပေးမယ့် (အမွေရှင်) မသေဆုံးခင်မှာ သားသမီးတစ်ယောက်ယောက်က ကြိုတင်တရားစွဲ တောင်းဆိုခွင့်လည်းမရှိပါဘူး ။ ဖောက်ဖျက်ခွင့်လည်း မရှိပါဘူး ။ ငြင်းဆိုခွင့်လည်းမရှိပါဘူး (မပန်းစီနဲ့မလှရင် ၊ ၁၉၆၃ ၊ မတစ ၊ ၈၀၀ (၈၀၈) အမှုမှာ စီရင်ခဲ့ဖူးပါတယ်) ဒါကြောင့် အမွေရှင်မိဘနှစ်ပါးဆုံးပါးသွားရင်လည်း အမွေအမှုအခင်း မဖြစ်နိုင်တော့ပါဘူးဗျာ။ မိသားစုစီမံမှုကိုသာ စနစ်တကျလုပ်ထားရင် အမှားအယွင်းဖြစ်နိုင်စရာအကြောင်းလုံးဝမရှိပါဘူး။ ဒါပေမဲ့ “အားသာ”မှုကို အဆိုးမြင်ပြီး အတုပြုလုပ်မယ်၊ မမျှမတဖြစ်အောင် တမင်ပြုလုပ်မယ်၊ လိမ်လည်ပြီးပြုလုပ်မယ်၊ ခြိမ်းခြောက်ပြီးပြုလုပ်ကြမယ်ဆိုရင်တော့ တရားရုံးတော်ကလည်း လက်ခံမှာ မဟုတ်ပါဘူး Union House Myanmar မှ ပရိဿတ်အများအကျိုးအတွက် ဆရာကြီး ကြည်စိုး(I.C) ရေးသားသည့် အိမ်ခြံမြေအကြောင်းသိကောင်းစရာများစာအုပ်မှ ပြန်လည်ဖော်ပြပါသည်။

img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

အိမ်ပွဲစားလုပ်မယ်ဆိုရင်မဖြစ်မနေဒါတွေ သိထားဖို့လိုမယ် အပိုင်း (၆)

အိမ်ခြံမြေ ငှားရမ်းရာမှာ...

Continue reading
sithumin
by sithumin

Join The Discussion