author Call Us: 503 2256

အငှားပိုင်ရှင်နဲ့ငှားရမ်း သုံးစွဲသူတို့ရဲ့တာဝန်နဲ့အခွင့်အရေး

အငှားပိုင်ရှင်နဲ့ငှားရမ်း သုံးစွဲသူတို့ရဲ့တာဝန်နဲ့အခွင့်အရေး

ငှားရမ်းသူနဲ့ ငှားရမ်းသုံးစွဲမည့်သူဆိုတာ တစ်ကြိမ်တခါ ပတ်သတ်ရတဲ့သူ‌တွေမဟုတ်ဘဲ လ နဲ့ချီ ၊ နှစ်နဲ့ချီရေရှည်ညှိနှိုင်းဆက်ဆံရမဲ့ သူတွေဖြစ်လို့ မငှားခင်ကတည်းက ငှားရမ်းခြင်းနဲ့ပတ်သတ်တဲ့ အချက်အလက်များကို ပြည့်ပြည့်စုံစုံလေ့လာထားမှသာ မဖြစ်သင့်တဲ့ပြသနာတွေမဖြစ်ကြရမှာပါ ဒါကြောင့်မို့ အငှားပိုင်ရှင်နဲ့ ငှားရမ်းသုံးစွဲမည့်သူတို့ လိုက်နာရမဲ့ တာဝန်နဲ့ ဘယ်လိုဘယ် ပုံအခွင့်အရေးများလည်းရရှိနိုင်တယ်ဆိုတာ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေ ပုဒ်မ ၁၀၈(က)နှင့် (ခ) အရ…

အငှားပိုင်ရှင်တို့လိုက်နာရမည့်တာဝန်(၂)ချက်

၁- မိမိပစ္စည်း၏ ချို့ယွင်းချက်ကို ငှားရမ်းသူအားကြိုတင်ပြောပြရမည်

၂- ငှားမည့်ပစ္စည်းကို ငှားရမ်းသုံးစွဲမည့်သူအား လက်ရောက်ပေးအပ်ရမည်

အငှားပိုင်ရှင်တို့ ရနိုင်မည့်အခွင့်အရေး (၂)ရပ်

၁- ပစ္စည်းလက်ရောက်ပေးအပ်ထားသည့်ငှားရမ်းစဉ်ကာလအတွင်း ငှားရမ်းခကို အပြည့်အဝရယူခွင့်ရှိသည်

၂- ငှားရမ်းပါစာချုပ်အတိုင်းအသုံးပြုခြင်းဟုတ်မဟုတ် ကြည့်ရှူပိူင်ခွင့်ရှိသည်

ငှားရမ်းသုံးစွဲမည့်သူတို့လိုက်နာရမည့် တာဝန် (၇)ချက် (အတိုမှတ်ရန်)

၁။သိရင်ပြောပြ

ပိုင်ရှင်မသိနိုင်သည့်အကျိုးအမြတ်တို့ ရှိနိုင်ပါက ငှားရမ်းသူမှ သိလျှင် ပြောပြရမည်။

၂။ငှားခကိုယ်ပေး

ငှားရမ်းစဉ်ကာလအတွင်း ငှားရမ်းခကို အပြည့်အဝ (သို့မဟုတ်) စာချုပ်ပါအတိုင်းပေးရမည်။

၃။မူမပျက်နဲ့

ငှားရမ်းသူက မိမိငှားထားသည့်ပစ္စည်းကို မူလအခြေအနေအတိုင်း မပျက်စီးအောင် စောင့်ရှောက်ရမည် ( ငှားရမ်းမည့်ပိုင်ရှင်က အငှားစာချုပ်မှာ ဤအချက်ကို ထည့်ရေးသင့်သည်)။

၄။ပျက်လျှင်ပြောပြင်

ငှားရမ်းထားသည့်ပစ္စည်း တစ်စုံတရာချို့ယွင်းပါက ပိုင်ရှင်အားအသိပေးညှိနှိုင်းပြီးမှ ပြင်ဆင်ရမည်။

၅။ပေါ်လျှင်ပြေးပြော

ငှားရမ်းပစ္စည်းမှာ ဥပဒေအရ ထိခိုက်ခံရတာတို့ ၊ ပျက်စီးတာတို့ ပြသနာတစ်စုံတရာပေါ်လာလျှင် ထိုအကြောင်းအရာကိုပိုင်ရှင်သိအောင် ချက်ချင်းအကြောင်းကြားရမည်။

၆။အခြားမသုံး

အငှားစာချုပ်ပါသဘောတူညီချက်မှလွဲ၍ တိုက် / တိုက်ခန်း/မြေကွက် ကို အခြားကိစ္စ၌ သုံးခွင့်မရှိပါ (လူပဲနေပါမယ်ဆိုပြီးစာချုပ်ချုပ်ထားလျှင် ဆိုင်ဖွင့်တာတို့ ဘော်ဒါဆောင်ဖွင့်တာတို့ လုပ်ခွင့်မရှိပါ) ။

၇။သက်ကုန်ပြန်အပ်

ဆက်မငှားဖြစ်လျင် ၊ ငှားရမ်းစာချုပ်သက်တမ်းကုန်ဆုံးလျှင် ပိုင်ရှင်အားမပျက်မကွက် ပြန်အပ်ရမည်ဖြစ်ပါတယ်

ပစ္စည်းငှားရမ်းသုံးစွဲသူတို့ရရှိမည့်အခွင့်အရေး(၆)ရပ်

၁။မြတ်လျှင်ခံစား

ငှားရမ်းထားစဉ်အတွင်း အငှားပစ္စည်း၏ အကျိုးအမြတ်များအား လုံးကို ငှားရမ်း‌နေထိုင် သူကသာ ရရှိမည် (ငှားရမ်းပြီးဆိုင်ဖွင့်တယ် အကျိုးအမြတ်အများကြီးရတယ်ဆိုရင် ငှားရမ်းသူသာရရှိတယ်ပြောတာပါ ပိုင်ရှင်နှင့်မဆိုင်ပါ) ။

၂။မဟုတ်က ငြင်း

ငှားရမ်းစဉ်က ပိုင်ရှင်ကတိပြုတဲ့အတိုင်း ပစ္စည်းအခြေအနေက ဖြစ်မလာဘူး (ဉပမာဆောက်လက်စ ဂိုထောင်က ဆောက်ပြီးရင် ကားနှစ်စီးထည့်လို့ရတယ် ပြောပေမဲ့ တကယ်တမ်းထည့်မရတာမျိူး) ဆိုရင် ငှားရမ်းသူကငြင်းခွင့်ရှိသည်။

၃။ခွင့်ပြုမှပြင်

ပိုင်ရှင်ဆီမှ ခွင့်ပြုချက်ရမည်ဆိုလျှင် အငှားပစ္စည်းကို လိုသလို ပြင်နိုင်ပြီး ကုန်ကျစရိတ်ကို နှစ်ဦးသဘောတူညီ ပေးရမည်။

၄။အခွန်သူပေး

ငှားရမ်းထားစဉ် ပစ္စည်းနဲ့ပတ်သတ်သော အခွန်အခများကို ဥပဒေအရ ပိုင်ရှင်ကသာ ပေးဆောင်ရမည် ။ သို့သော် စာချုပ်ပါအတိုင်းလည်း လိုက်နာကြလို့လည်းရပါတယ်။

၅။ပြောင်းလျှင်ဖြုတ်သွား

ငှားရမ်းသုံးစွဲစဉ်အတွင်း ပိုင်ရှင်ခွင့်ပြုချက်နဲ့တပ်ဆင်သုံးစွဲထားသည်များကို ငှားရမ်းကာလပြီးမြောက်သွားချိန်မှာ ပြန်လည် ဖြုတ်ယူသွားနိုင်သည် အခြားပစ္စည်းတော့မပျက်ရပါ (ဥပမာ – အဲကွန်းကိုခွင့်ပြုချက်နဲ့တပ်ဆင်ပြီးနေခဲ့တယ်ဆိုရင် ပြောင့်ရွေ့ချိန်မှာ အဲကွန်းကို ပြန်ယူနိုင်ပါတယ် ) ။

၆။တူမှထပ်ပေး

ပိုင်ရှင်သဘောတူညီချက်သာရလျှင် ငှားရမ်းပစ္စည်းများကို ထပ်ဆင့်လွှဲ၍လည်းရ ၊ ပေါင်နှံချင်လည်း ရပါသည် ( ပိုင်ရှင်သဘောတူဖို့တော့ အရေးကြီးသည်)။

Union House Myanmar မှ ပရိဿတ်အများအကျိုးအတွက် ဆရာကြီး ကြည်စိုး(I.C) ရေးသားသည့် အိမ်ဘုရင်၏ အိမ်ပွဲစားပညာ စာအုပ်မှ ပြန်လည်ဖော်ပြပါသည်

img

sithumin

Related posts

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

ရာဖြတ်တန်ဖိုးနဲ့ စာချုပ်ချုပ်ဆိုခြင်း

မေး - သိန်း၅၀၀၀နဲ့...

Continue reading
sithumin
by sithumin

အိမ်ပွဲစားလုပ်မယ်ဆိုရင်မဖြစ်မနေဒါတွေ သိထားဖို့လိုမယ် အပိုင်း (၆)

အိမ်ခြံမြေ ငှားရမ်းရာမှာ...

Continue reading
sithumin
by sithumin

Join The Discussion