author Call Us: 09503 2256
အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၅)

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၅)

အိမ်ပွဲစားတို့ မဖြစ်မနေ သိရှိရမဲ့ B.C.C နေထိုင်ခွင့်၊ အိမ်အကြီးစားအသေးစားပြင်ဆင်မှု ၊ ဂရန်သက်တမ်းတိုး ၊ ဂရန်ပျောက်ဆုံးအကြောင်းကို ပြီးခဲ့တဲ့ အပိုင်း (၄) မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခု တစ်ပတ်မှာတော့ အပိုင်း (၅) ကိုဆက်လက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ ၁။မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းအဆောက်အအုံတည်ရှိရာဇုန် (နေရာ ) အတွင်းခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်း ၊ တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း ၊ ခြံဝန်းနယ်နိမိတ် တိုးချဲ့ခြင်းတို့ မပြုလုပ်ရပါ။ (အဝယ်မှားလို့ မဖြစ်တဲ့နေရာများအဖြစ် သတိပြုပါ) ၂။အစိုးရပိုင် တိုက်ခန်းများ တိုက်ဟောင်းတွေပါ ။ ခေတ်လည်းကုန်ပါပြီ။ ပိုင်ရှင်အမည်တွေ အဆင့်ဆင့် ပြောင်းလဲလာတာလည်းများနေပါပြီ။ ပြန်ဆောက်မယ် ၊ ပြင်မယ်ဆိုရင် ဖယ်ပေးရမှာက ကိုယ်။ ဈေးသက်သာတာနဲ့ မကာမိအောင် စိတ်ညစ်ရနိုင်တယ်။ ငှားနေချင်ရင် နေ ၊ […]

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၄)

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၄)

အိမ်ပွဲစားပညာရပ်ရဲ့တစိတ်တပိုင်းတွေဖြစ်တဲ့ ကိုယ်စားလှယ်လွှဲစာ ၊ G.P နဲ့ စာချုပ်မှတ်ပုံတင်ခြင်း စရန်စာချုပ်ချုပ်ဆိုခြင်း အကြောင်းကို ပြီးခဲ့တဲ့အပိုင်း(၃)မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အပိုင်း (၄)ကို ဆက်လက်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ၁။ ဘီစီစီ (B.C.C) ဆောက်လုပ်ပြီး တစ်လအတွင်း လျှောက်ရပါတယ် ။ ရက် ၃၀အတွင်း စစ်ဆေးပြီး ဆက်တင်ပေးပါတယ် ။ ဒါပေမဲ့ “ဆောက်လုပ်မှု” ကွဲပြားလွဲချော်မှုတွေ ရှိရင်တော့ ရက်ကြာသွားတတ်ပါတယ် ။ ဒါကြောင့် B.C.C (နေထိုင်ခွင့်) မရသေးမီ ဝယ်မယ်ဆိုရင် သတိကြီးစွာ ထားပြီး ဝယ်ယူပါ ။ ( စည်ပင်ဉပဒေ ၃၁၂/င အရ ) ၂။ မီးအာမခံ မီးအာမခံအပြင် မြေပြို ၊ လေယာဉ်ပျက်ကျ ၊ ရေကြီး ၊ မုန်တိုင်း […]

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၃)

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၃)

အိမ်ပွဲစားပညာရပ်ရဲ့မသိမဖြစ်အကြောင်းအရာတွေဖြစ်တဲ့ စရန်စာချုပ်များ စရန်ပေးချေမှုများ စာချုပ်ခေါင်းတို့အကြောင်းကို ပြီးခဲ့တဲ့အပိုင်း(၂)မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အပိုင်း (၃)ကို ဆက်လက်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ ၁။ ကိုယ်စားလှယ်လွှဲစာ (G.P, S.P) နိုထရီပတ်ဗလစ်ရှေ့တွင် ပြုလုပ်ရင်လည်းရပါတယ် ။ ဒါပေမဲ့ တိုက် ၊ ခြံ ၊ တိုက်ခန်းကိစ္စများတွင် မှတ်ပုံတင်မှသာ တရားဝင်ပါတယ်။ပြန်လည်မရုတ်သိမ်းနိုင်သော လွှဲစာများကို “လွှဲသူ” နှင့် “လွှဲခံရသူ” နှစ်ဉီးသဘောဖြင့်သာ ရုပ်သိမ်းလို့ရနိုင်တယ်။ “လွှဲသူ” သေဆုံးရင် သို့မဟုတ် လူမွဲဖြစ်သွားလျှင် အလွှဲခံရသူ “ကိုယ်စားလှယ်” သည် တရားမဝင်တော့ပါ ။ (ပဋိညာဉ်အက် ပုဒ်မ ၂၀၁အရ ) ၂။ G.P လွယ်လွယ်မပေးပါနှင့် စာချုပ်စာတမ်း မှတ်ပုံတင်ဖြင့် လွှဲပေးထားသည့် G.P (အထွေထွေကိုယ်စားလှယ်လွှဲစာ)သည် သင်ပိုင်ဆိုင်သော အိမ်၊ ခြံ ၊ […]

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေ ဒါတွေသိထားဖို့လိုမယ် အပိုင်း ( ၂)

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေ ဒါတွေသိထားဖို့လိုမယ် အပိုင်း ( ၂)

အိမ်ပွဲစားပညာလေ့လာရာမှာ မဖြေမနေသိရှိထားရမဲ့ အိမ်‌ခြံ‌ေမြဗဟုသုတမှတ်သားဖွယ်ရာများ အပိုင်း (၁) ကိုမျှဝေခဲ့ပြီးဖြစ်တာ‌ကြောင့် အပိုင်း(၂) ကို အိမ်ခြံမြေအကျိုးဆောင်ကြီးတွေအတွက် ဒီတပတ်မှာ ဆက်လက်ဝေမျှလိုက်ရပါတယ်ခင်ဗျာ ၁။ကျူးကျော်မြေ အစိုးရပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် မြေများပေါ်တွင် ကျူးကျော်ဆောက်လုပ်နေကြသော မြေများ လိုအပ်ချက်များရှိပါက ဖယ်ရှားခြင်းခံရမည် ။ မလိုအပ်ပါက သင့်လျော်သလို ပြန်လည်ချထားနိုင်သည် ။ ( ရောင်း၊ ပေါင် ၊ လွှဲပြောင်း ၊ ခွဲစိတ်ပိုင်ခွင့်မရှိပါ ) ၂။မြေပိုင်ရှင် ဂရန်က နှစ် ၆၀မြေငှားစာချုပ် ဆိုရင် မြေဆိုတာ မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့အတွက် အငှားသဘောမျိုးပဲ ပိုင်ပြီး ကိုယ်တကယ်မပိုင်ပါဘူး။ မရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းပိုင်ရှင်ဆိုသည်မှာ…. ဆွေစဉ်မျိုးဆက် နေထိုင်သုံးစွဲခွင့်ရှိသော ” အငှား” တစ်ဦးသာဖြစ်ပါတယ်။ မြေရဲ့ “မူရင်းပိုင်ရှင်” မှာနိုင်ငံတော်သာဖြစ်ပါတယ်။ (နိုင်ငံတော်ဖွဲ့စည်းပုံ […]