author Call Us: 09503 2256
အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေ ဒါတွေသိထားရမှာပါ အပိုင်း (၁)

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေ ဒါတွေသိထားရမှာပါ အပိုင်း (၁)

အိမ်ခြံမြေနယ်ပယ်ထဲမှာ ကျွမ်းကျင်ပြီးကောင်းမွန်တဲ့အကျိုးဆောင်ကြီးတွေဖြစ်လာစေဖို့ရန်အတွက် အောက်ပါအချက်အလက်တွေကို မှတ်သားထားပါ။ ကျွန်တော့် ကိုယ်တွေ့ထဲမှာ အရေးကြီးဆုံးက အိမ်ခြံမြေနဲ့တိုက်ခန်းပိုင်တဲ့သူတွေ သိသင့်တဲ့အချက်တွေပါ ။ ဒါတွေကို အိမ်ခြံမြေပွဲစားကြီးတွေကလည်း ညက်ညက်ကျေအောင် သိထားသင့်ပါတယ် ၁။ လင်နှင့်မယားအတူပိုင်သည် မြန်မာဗုဒ္ဓဘာသာ လင်မယားပစ္စည်းအတူပိုင်ကြပါတယ် ။ တစ်ဦးမသိဘဲ ကျန်တစ်ဦးက လွှဲပြောင်းရောင်းချလို့မရဆိုပြီး ဓလေ့ထုံးတမ်း ဥပဒေမှာ ဆိုထားပါတယ်။ နိုင်ငံတော်အစိုးရက ချပေးထားလို့ လင်ယောက်ျားအမည်ပေါက် မြေကွက်သည်လည်း လက်ထပ်ပွားဖြစ်၍ နှစ်ဉီးပိုင်ပါတယ် ။ ဒါကြောင့် ဇနီးမောင်နှံ တို့ထံမှ အိမ်၊ ခြံ၊ မြေ ၊ တိုက်ခန်းဝယ်ရင် ဇနီးမောင်နှံ နှစ်ဉီးစလုံးရဲ့ လတ်မှတ်တွေကို ရယူထားပါ။ ၂။ သားကြီးဩရသ မိဘ လုပ်ငန်းကူညီလုပ်ကိုင်ကြသော သားကြီးဩရသနဲ့ သမီးကြီးဩရသတို့သည် အမွေစု၏ လေးပုံ တစ်ပုံ ဆိုင်သည်ကို အကြမ်းသိထားပါ […]

အိမ်ရောင်းမည့်သူတို့ရဲ့တာဝန်နဲ့အခွင့်အရေးများ

အိမ်ရောင်းမည့်သူတို့ရဲ့တာဝန်နဲ့အခွင့်အရေးများ

အိမ်ခြံမြေရောင်းချမည်ဆိုလျှင် ဝယ်ယူမည့်သူမှာလည်း လိုက်နာရမဲ့အချက်ရှိသလို ရောင်းသူမှာလည်းရောင်းချမည့်သူတို့ရဲ့ တာဝန်ဝတ္တရားများကို သိရှိထားမှသာ ရောင်းမှားဝယ်မှားကင်းရှင်းကြမှာပါ ။ ဒီတပတ်မှာတော့ ကျွန်တော်တို့ Union House Myanmar ကနေ ရောင်းသူတို့ လိုက်နာ ကျင့်သုံးသင့်တဲ့အချက်များနဲ့ ရရှိနိုင်မဲ့အခွင့်အရေးများကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ရောင်းသူတို့ တာဝန် အတိုမှတ်မှာ (ရှုပ်ရှင်း၊ချို့ယွင်း၊အကုန်ပြ၊မေးတာ၊ စောင့်ရှောက်ကြ၊ပြီးလျှင် အကုန်လွှဲ၊ များလည်းလွှဲ၊မလွှဲခင်ထမ်း၊များသူယူစတမ်း) (ရှုပ်ရှင်း) မိမိရောင်းချမည့်အိမ်ခြံမြေသည် အရှုပ်အရှင်းမရှိပိုင်ဆိုင်ကြောင်းခိုင်လုံတဲ့အထောက်အထား ၊ ရောင်းချခွင့်ရှိမှသာ ရောင်းရမည်။ (ချို့ယွင်း) အိမ်၏ ချို့ယွင့်ချက်များရှိပါကလည်း ရောင်းသူအားပွင့်လင်းစွာပြောပြရမည်။ (အကုန်ပြ) ပိုင်ဆိုင်မှုစာချုပ်စာတမ်း ၊ ဂရန်စာချုပ်အားလုံးအား ပြသရမည် ။ (မေးတာ) ဝယ်ယူမည့်သူက ရောင်းမည့်အိမ်ခြံမြေနှင့်ပတ်သတ်သမျှမေးခွန်းကို မေးတဲ့အခါ သိသမျှဖြေကြားရမည်။ (စောင့်ရှောက်) စရန်စာချုပ်ချုပ်ထားစဉ်အတွင်း ပစ္စည်းမအပ်နှံရသေးခင်အထိ မပျက်စီးမထိ‌ခိုက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်။ (ပြီးလျှင် အကုန်လွှဲ) ငွေအကျေချေပြီးရောင်းဝယ်ခြင်းကိစ္စပြီးမြောက်သည့်အခါ […]

အိမ်ငှားအား အငှားပစ္စည်း (ဥပစာ) ကနေ ပြန်လည်နှင်ထုတ်နိုင်တဲ့အခြေနေ 6ရပ်

အိမ်ငှားအား အငှားပစ္စည်း (ဥပစာ) ကနေ ပြန်လည်နှင်ထုတ်နိုင်တဲ့အခြေနေ 6ရပ်

ကိုယ်တိုင်ကအိမ်ရှင်ဖြစ်နေပေမဲ့ အိမ်ငှားရဲ့ အနိုင်ကျင့်တာ လူလည်ကျတာခံနေရပြီဆိုရင် အောက်ပါ အခြေအနေ 6ရပ်သာအိမ်ငှားဘက်ကဖောက်ပျက်ထားကြောင်းပြပြီး အငှားခကြီးကျပ်ရေး အက်ဥပဒေ ပုဒ်မ (၁၂) (၁) အရ အငှားပစ္စည်း(ဥပစာ)ကနေ အေးအေးဆေးဆေး မောင်းထုတ်နိုင်ပါတယ် ခင်ဗျာ ။ ပွဲစားကြီးတို့အနေနဲ့လည်း အိမ်ငှားဘက်ကဖြစ်စေ အိမ်ရှင်ဘက်ကဖြစ်စေ သိထားဖို့လိုအပ်ပါတယ်။ ပုဒ်မ (၁၂) (၁) အရ အတိုမှတ်ရန်…. 1.တောင်းတော့မပေး အိမ်လခတောင်းလျှင် မပေးခြင်း ၊ အိမ်ငှား၏ တာဝန်များကိုဖောက်ဖျက်ခြင်း 2. ရုံးမိန့်မကြောက် အိမ်ရှင်အနိုင်ရပြီးသော တရားရုံးအမိန့်ဒီဂရီ ကို အိမ်ငှားက မလိုက်နာခြင်း ၊ ဂရုမစိုက်ခြင်း ၊ မပေးခြင်း 3.ဘေးကိုနှောင့် အိမ်နီးနားချင်းများကို စိတ်ငြိုငြင်အောင် ပြုလုပ်ခြင်း ၊ ဥပစာကိုညစ်ညမ်းစေခြင်း ၊ ဥပစာကို ဥပဒေနှင့် ဆန့်ကျင်သောကိစ္စများ တွင်အသုံးပြုခြင်း […]

အိမ်ပွဲစားနှင့်စာချုပ်နှစ်မျိုးအကြောင်း

အိမ်ပွဲစားနှင့်စာချုပ်နှစ်မျိုးအကြောင်း

အိမ်ပွဲစားအကျိုးဆောင် ဆရာကြီးတွေအတွက် အိမ်ခြံမြေနဲ့ပတ်သတ်ပြီးသိသင့်သိထိုက်တဲ့ ဗဟုသုတအစုံအလင်ကို အပတ်စဉ် တင်ဆက်ပေးနေတာမို့ မိမိတို့ သိရှိထားသည်များကို ဆက်လက်မွမ်းမံ ပေါင်းထည့်ဖို့ရန်အတွက် Union House Myanmar Facebook Page ကို Like & Follow လေးလုပ်ထားဖို့ ေရှးဦးစွာအကြံပြုအပ်ပါတယ်ခင်ဗျာ ။ ယခုအခါမှာတော့ အသုံးချအိမ်ပွဲစားပညာရပ်နဲ့ပတ်သတ်ပြီးမျှဝေပေးသွားမှာပဲဖြစ်ပါတယ် ။ပစ္စည်းပိုင်ရှင် အိမ်ရှင်တွေအနေနဲ့ အိမ်ကို ရောင်း ၊ ငှား ၊ ပေါင် ချင်ပေမဲ့ တာဝန်ကို သေချာမသိဘူးဆိုတာ ကိစ္စမရှိပေမဲ့ အိမ်ပွဲစားကြီးတွေကတော့ တိတိကျကျ မသိဘူးဆိုရင် အလုပ်လုပ်တဲ့နေရာမှာ အခက်ခဲ ပြသနာတွေပေါ်ပေါက်လာမှာအသေအချာပါ ။တကယ်လို့ ပစ္စည်းပိုင်ရှင်က ကိုယ်ပိုင်တဲ့ပစ္စည်းကိုရောင်းချင်ပြီဆိုရင် ပစ္စည်းကိုဘယ်လိုဘယ်ပုံ ပိုင်ဆိုင်တယ် ဆိုတဲ့ တိတိကျကျ အဆက်စပ် စာရွက်စာတမ်းပြည့်ပြည့်စုံစုံ ကို ပြောနိုင် ၊ ပြနိုင်ရပါမယ် […]