လူနေစံအိမ်နှင့် ဇိမ်ခံဟိုတယ် များတည်ဆောက်ရန် နေရာသစ် by sithumin January 12, 2021 General Real Estate Knowledge 0 လူနေစံအိမ်နှင့် ဇိမ်ခံဟိုတယ် များတည်ဆောက်ရန် နေရာသစ် လူနေစံအိမ်နှင့် ဇိမ်ခံဟိုတယ် များတည်ဆောက်ရန် နေရာသစ် တရုတ်နိုင်ငံ ဖူကျန်းပြည်နယ်က တရုတ်စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးကို အမည်ပြောင် Coastlineဟု ခေါ်ကြ၏။သူသည် ငယ်စဉ်ကပင် ပင်လယ်နားမှာ နေထိုင်၍ ငါးဖမ်းလာခဲ့၏။ ပင်လယ်ပြင်၏ နေဝင်ချိန်ရှုခင်းကို ကြည့်ရင်းကြီးပြင်းလာခဲ့၏ အသက်ကြီးလာသောအခါ အားလပ်ချိန်များ၌ ပင်လယ်မှာသာ ပျော်မွေ့လေ့ရှိသည်။ ၂၀၀၈-ခုနှစ်တွင် သူ၏သူငယ်ချင်း ဗိသုကာပညာရှင် Dong Xinmeng ၏အစီအစဉ်ဖြင့် ရေပေါ်အိမ်တည်ဆောက်ခဲ့၏။ထိုရေပေါ်စံအိမ်ကို Haixi ဟုခေါ်ပြီး ၆၄၅၈-စတုရန်းပေ ကျယ်ဝန်းကာ ဒေါ်လာ ၆၁၀၀၀၀ ကုန်ကျခဲ့သည်။ ရေပေါ်အိမ်ကို ၁.တန် အလေးချိန်ရှိသော သံမဏိ ကျောက်ဆူး ၁၆-ခုဖြင့် ထိန်းထားသည်။နေရာပြောင်းချင်ပါက ကျောက်ဆူးများကို ဆွဲတင်ကာ ရေပေါ်အိမ်ကိုဆွဲယူသွားနိုင်သည်။ ပိုင်ရှင်သည် ယခင်ကအားလပ်ရက်တွင်သာထိုစံအိမ်သိူ့ လာတတ်သော်လည်း ကိုဗစ်ကပ်ရောဂါဖြစ်ချိန်တွင်မူ မိသားစုနှင့်အတူလာရောက်နေထိုင်သည်။ ထိုရေပေါ်စံအိမ်ကို တရုတ်နိုင်ငံ၏ပထမဆုံးရေပေါ်ဟိုတယ် အဖြစ် ပြောင်းလဲဖွင့်လှစ်ထားသည်။ ကမ်းရိုးတန်း ပင်လယ်ရေပြင်များသည် ရေပေါ်စံအိမ်နှင့် ရေပေါ်ဟိုတယ်များ တည်ဆောက်ရန် နေရာကောင်းများအဖြစ် ပြောင်းလဲလာကြောင်း တွေ့ရမည်။ မုန်တိုင်းကြီးများကိုကာကွယ်ရန် အစီအမံများတော့ လိုအပ်မည်ဖြစ်သည်။
Join The Discussion