author Call Us: 503 2256

အိမ်ကိုစက်ယန္တရားဖြင့် မြင့်တင့်မဲ့နည်းပညာ

အိမ်ကိုစက်ယန္တရားဖြင့် မြင့်တင့်မဲ့နည်းပညာ

အိမ်ကိုစက်ယန္တရားဖြင့် မြင့်တင့်မဲ့နည်းပညာ

အိမ်ကိုစက်ယန္တရားဖြင့် မြင့်တင့်မဲ့နည်းပညာ


            ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ ရာသီဥတုဖေါက်ပြန်ကာ သဘာဝဘေးအန္တရာယ်များ ထူပြောလာနေသည်။ရေခဲပြင်တွေ အရည်ပျော်လာနေသည်။အပူဒဏ်ရှောင်ကြသူများမှာလဲ မနည်းလှ။ပြင်းထန်သော တောမီးတွေ လောင်နေသည်။ရေဘေး ၂-မျိူးရှိသည်။မိုးခေါင်ရေရှားမှုကြောင့် သောက်သုံးရေရှားပါးမှုဘေးနှင့် ရေကြီးရေလျှံမှုကြောင့် အိုးအိမ်နစ်မြုတ်ရမှုဘေးဟု ၂-မျိူးရှိလာသည်။ဤသည်တို့ကို ရင်ဆိုင်ဖြေရှင်းနိူင်မည့်နည်းလမ်းများကိုလည်း ကြံစလာကြသည်။

           ရေကြီးရေလျှံမှုကြောင့် နေအိမ် ရေမြုတ်မည့်ပြသာနာကိုဖြေရှငိးပေးမည့် အိမ်ကို တည်ဆောက်တော့မည်ဖြစ်သည်။ထိုအိမ်သည် ကမ္ဘာတွင် မပေါ်ပေါက်ဖူးသေးသော နေအိမ်ဖြစ်သည်။မြေပြင်အထက်သို့ အချိန်မရွေးမြှင့်တင်ပေးနိူင်သော ကမ္ဘာ့ပထမဆုံးနေအိမ်ဖြစ်သည်။ရေကြီးရေလျှံသော အန္တရာယ်နှငိ့ကြုံတွေ့ရလျှင် ၅-မိနစ်အတွင်းမြေပြင်အထက် ၅-ပေအထိရောက်ရန် မြှင့်တင်ပေးမည်ဖြစ်သည်။အိပ်ခန်း ၃-ခန်းပါ ၂-ထပ်အိမ်ကြီးဖြစ်ပြီး၊အဂင်္ံလန်နိူင်ငံ လင်ကွန်းရှိုင်းယားဒေသ၌ ဆောက်လုပ်မည်ဖြစ်သည်။ဒီဇိုင်းကို အပြီးသတ်နိူင်ခဲ့ပြီဟုဆိုသည်။

           နေအိမ်မှာ ၆၅-တန်အလေးချိန်ရှိသည်။ဖေါင်ဒေးရှင်းမှာ သံမဏိရက် မ ကွန်ယက်ကြီးတစ်ခုပေါ်တွင်အခြေတည်ထားသည်။ကိုယ်ထည်မှာ သံမဏိဖြစ်သည်။အိမ်ကြီးကို ၅-မိနစ်အတွင်း ၅-ပေထိမြှင့်တင်ပေးသော အရာမှာ စက်ယန္တယားဂျိုက်ကြီး ၈-ခုဖြစ်သည်။ထို ယန္တယားကို မော်တာဂီယာနှင့်မောင်းတံတို့မှ စွမ်းအင်ထောက်ပံ့ပေးထားသည်။

            အင်ဂျင်နီယာများ အနေဖြင့် ၄-နှစ်ကြာအောင် စမ်းသပ်မှုများ ပြုလုပ်ရဦးမယိဖြစ်သည်။နေအိမ်ကို မြင့်တင်ချိန်တွင် အိမ်ရှိလူများအားလုံး အပြင်ထွက်ပေးရမည်ဟုဆိုသည်။စမ်းသပ်မှုအောင်မြင်ခဲ့ပါက ရေကြီးရေလျှံသော အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဒေသများတွင် မြှောက်တင်၍ရသောနေအိမ်များကို အမြှောက်အမြား ဆောက်လုပ်ပေးနိူင်မည်ဖြစ်သည်။ထိုအိမ်၏ ခေါင်မိုးကို ဆိုလာပြားများဖြင့်ပြုလုပ်ထားပြီး၊ဘက်ထရီမှလည်း လျှပ်စစ်ဓာတ်အားကို အချိန်မရွေးရရှိနေမည်ဟုဆို၏။

Union House Myanmar TechnologyNews
Union House Myanmar Property Website
(အခမဲ့)ရှာဖွေရန်နှင့် Registerလုပ်ရန်နှိပ်ပါ >>unionhousemyanmar.com
ONE CLICK ဖြင့်လူတိုင်းအိမ်ပိုင်ဆိုင်ခွင့်ရစေရမည်
Union House Myanmar Always For All
အားလုံးအတွက်ထာဝရ Union House

img

sithumin

Related posts

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

ရာဖြတ်တန်ဖိုးနဲ့ စာချုပ်ချုပ်ဆိုခြင်း

မေး - သိန်း၅၀၀၀နဲ့...

Continue reading
sithumin
by sithumin

အိမ်ပွဲစားလုပ်မယ်ဆိုရင်မဖြစ်မနေဒါတွေ သိထားဖို့လိုမယ် အပိုင်း (၆)

အိမ်ခြံမြေ ငှားရမ်းရာမှာ...

Continue reading
sithumin
by sithumin

Join The Discussion