ကို ဗစ် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးပြီးသော်လည်း Positive ဖြစ်နေသူ by sithumin January 31, 2021 Latest News, Real Estate News 0 ကို ဗစ် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးပြီးသော်လည်း Positive ဖြစ်နေသူ ကိုဗစ် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးပြီးသော်လည်း Positive ဖြစ်နေသူ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်၏ ကွန်ဂရက်လွှတ်တော်အမတ် Stephen Lynch သည် Pfizer ကာကွယ်ဆေးကို ဒုတိယအကြိမ်ထိုးထားပြီး ဖြစ်သည်။သို့သော် Covid-19 Positive ဖြစ်နေသည်ဟု ဆို၏။ Mr. Stephen Lynch သည် ယခုအခါ ကွာရန်တင်းဝင်နေ၏။ရောဂါလက္ခဏာ ပြခြင်း မရှိပေ။လွန်ခဲ့သော ၁၀ ရက် သမ္မတဂျိုးဘိုင်ဒင်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပစဉ်က Mr. Stephen Lynch လည်းတက်ခဲ့သည်။ထိုစဉ်က သူသည်negative ဖြစ်ခဲ့သည်။ ဤ ဖြစ်ရပ်က ဘာကို ပြသနေသနည်း၊ကိုဗစ်ကာကွယ်ဆေး ထိုးထားသော်လည်း ၁၀၀% ရာနှုန်းပြည့် ကာကွယ်နိုင်ခြင်း မရှိကြောင်းပြသနေသည်။ကိုဗစ်ကာကွယ်ဆေး ထိုးထားသော်လည်း ကူးစက်ခံရနိုင်ခြေရှိသေးကြောင်း သတိပေးနေသည်။ ကိုဗစ်ကာကွယ်ဆေး ထိုးထားခြင်းသည် ကူးစက်ခံရသော အချိန်၌အသက်အန္တရာယ်ဖြစ်လောက်သောအခြေအနေကို လျော့နည်းသွားစေခြင်းသာ ထူးခြားသည်။ ငွေကြေး အကုန်အကျခံ၍ ကာကွယ်ဆေးထိုးထားသော်လည်း ကူးစက်နိုင်သေးသည့် အတွက် Mask တပ်ခြင်း၊လက်ဆေးခြင်း၊ခပ်ခွာခွာနေခြင်း စသော ငွေကြေး ကုန်ကျမှု မရှိသော နည်းလမ်းများဖြင့် ဆက်လက် ကာကွယ်ဖို့ လိုပါ၏။Union House Myanmar Writer-အမ်းမ်းလောင်ရွှီUnion House Myanmar Latest NewsUnion House Myanmar Property Websiteအိမ်ခြံမြေ ရောင်း၊ဝယ်၊ငှား (အခမဲ့) Data တင်ရန်နှင့် Registerလုပ်ရန်နှိပ်ပါ >>unionhousemyanmar.comONE CLICK ဖြင့်လူတိုင်းအိမ်ပိုင်ဆိုင်ခွင့်ရစေရမည်Union House Myanmar Always For Allအားလုံးအတွက်ထာဝရ Union House
Join The Discussion