ပုံစံ ၁၀၅ / ၁၀၆ ကိုသင်တကယ်သိပြီလား by sithumin November 15, 2020 General Real Estate Knowledge 0 ပုံစံ ၁၀၅ / ၁၀၆ ကိုသင်တကယ်သိပြီလား ပုံစံ ၁၀၅ / ၁၀၆ ကိုသင်တကယ်သိပြီလားမြေကိစ္စတွေ လုပ်ဆောင်လာကြပြီဆို ပုံစံ ၁၀၅ / ၁၀၆ ကအရေးပါလာပါပြီ ရောင်းဝယ်လွှဲပြောင်း ခြင်းပြုလုပ်ကြရာမှာ စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ (၂၁)အရမြေရာဇဝင်မရှိခဲ့လျှင် လွှဲပြောင်းလို့မရပေ လက်ခံချုပ်ဆိုခြင်းမပြုလုပ်ရလို့ အတိအလင်းဖော်ပြထားပါတယ်မြေပုံ မြေရာဇဝင်ဆိုတာက အများ သိတဲ့ ပုံစံ ၁၀၅ / ၁၀၆ ဖြစ်ပြီး နှစ်စဉ်အမြဲ “ပြောင်းလဲ အတည်ပြုရေးဆွဲနေရတဲ့ “မြေစာရင်း ၊ မြို့တော်စည်ပင် ၊အိုးအိမ်”ဌာနတို့ရဲ့ ဌာနရှိမှတ်တမ်း စားရင်းများအရ မူရင်းအပေါ်မှာ ကောက်နုတ် ရေးဆွဲပေးထားသော မိတ္တူ ဖြစ်ပါတယ်။ မြေနဲ့ပတ်သက်လို့ မှန်ကန်မှု ရှိ/မရှိဆိုတာကို ဒီဌာနတွေကသာ တိုက်ဆိုင်စစ်ဆေး အတည်ပြုပေးနိုင် ပါတယ်။ ဒါကြောင့် ပုံစံ ၁၀၅၊ ၁၀၆ ဟာ စစ်မှန်မှုအတွက် အရေးပါလာရတာပဲဖြစ်ပါတယ် မြို့နယ် မြေစာရင်း မြို့တော်စည် အိုးအိမ် ဌာနတို့က ထုတ်ပေးတဲ့ မြေပုံကလေးပါတဲ့ မြေပုံကို ပုံစံ ၁၀၅ လို့ခေါ်ဆိုပြီးမြေရာဇဝင်ပါတဲ့စာရွက်ကို မြေရာဇဝင် ပုံစံ ၁၀၆ လို့ခေါ်ပြီး (၂) ရွက်ပေါင်းလိုက်တော့ မြေပုံ/မြေရာဇဝင် ဖြစ်သွားတာပါမှတ်ချက် : ၁၀၅ ~ ၁၀၆ က ပါမစ်မြေ ဂရန်မြေလိုပိုင်ဆိုင်မှု့ခိုင်မာရန် အထောက်အကူသာဖြစ်ပါသည် ။ဒါကတော့ ပုံစံ ၁၀၅ / ၁၀၆ ပါ နောက်နေ့တွေမှာလဲ ပုံစံ ၁၀၅ / ၁၀၆ရဲ့ အရေးပါပုံတွေကို ဖော်ပြပေးမှာဖြစ်လို့ Union HouseMyanmar Page လေးကို like လေးလုပ်ထားပေးနော်နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ Union HouseMyanmar မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ#Union House Myanmar#Union House Myanmar always for all
Join The Discussion