မီးအာမခံထားရှိခြင်း by sithumin November 13, 2020 General Real Estate Knowledge 0 မီးအာမခံ ဘာကြောင့်ထားသင့်သလဲ လူကြီးမင်းတို့၏ နေအိမ်၊အဆောက်အအုံ၊ ပိုင်ဆိုင်မှုတွေကို မီးနဲ့အခြားအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေ အတွက် မီးအာမခံသည် မရှိမဖြစ်အရေးပါသော အရာတစ်ခုဖြစ်ပါတယ်ခင်ဗျာ။မီးအာမခံထားရှိခြင်းကြောင့် လူကြီးမင်းတို့ရဲ့ အဆောက်အအုံ၊ ပိုင်ဆိုင်မှုများအတွက်– မတော်တဆလောင်ကျွမ်းသောမီး– အခြားမှ ကူးစက်၍လောင်ကျွမ်းသောမီး– မိုးကြိုးပစ်ခြင်းကြောင့် လောက်ကျွမ်းသောမီး– အိမ်သုံးဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လောင်ကျွမ်းသောမီးများ အစရှိသည်တို့ကြောင့် ပျက်စီးဆုံးရှုံးခြင်းတို့အတွက် လျော်ကြေးပြန်လည်ရရှိနိုင်သည့်အပြင်– မီးသတ်ရာတွင် အသုံးပြုသည့် မီးသတ်ဆေးကြောင့်ဖြစ်စေ၊ ရေ ကြောင့်ဖြစ်စေ ပစ္စည်းများပျက်စီးခြင်း– မီးလောင်နေ့သည့် အဆောက်အအုံအတွင်းမှ ပစ္စည်းများ ရွှေ့ပြောင်းစဉ် ပျက်စီးခြင်း– မီးသတ်ဝန်ထမ်းများက တာဝန်အရ တရားဝင်ဆောင်ရွက်ရာမှ ပျက်စီးခြင်း– မီးလောင်မှုကြောင့် အမိုးများ၊ ကြမ်းခင်းများ၊ နံရံများ ပြိုကျရာမှပျက်စီးခြင်း– မီးလောင်မှုနေစဉ် အဆောက်အအုံအတွင်းမှ ပစ္စည်းများ ပြင်ပတွင်စုပုံထားရှိစဉ်အချိန်အတွင်း မိုးရေကြောင့်ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ ပျက်စီး ခြင်း ထိုကဲ့သို့သော ပျက်စီးဆုံးရှုံးမှုများအတွက်လည်း လျော်ကြေးပြန်လည်ရရှိနိုင်မှာပဲဖြစ်ပါတယ်။မီးအာမခံသက်တမ်းမှာ အာမခံထားသူ စိတ်ကြိုက် သက်တမ်း (၁၀)ရက်မှ (၁)နှစ် အထိ ရွေးချယ်ထားနိုင်ပြီး အဆောက်အအုံအမျိုးအစား၊ အသုံးပြုပုံနဲ့ ပတ်ဝန်းကျင်အခြေအနေ အပေါ်မူတည်၍ မီးအာမခံ Premium နှုန်းထား သတ်မှတ်ထားပါတယ်။မီးအာမခံအပြင်တွဲဖက်၍– အဓိကရုဏ်း၊ သပိတ်မှောက်ခြင်းနှင့် မသမာဖျက်ဆီးမှု– လေယာဉ်ကြောင့် ထိခိုက်ပျက်စီးမှု– မြေကျွံခြင်း၊ မြေပြိုခြင်း၊ မြေငလျင်ကြောင့်မီးလောင်းခြင်၊ ပြိုအက်ပျက်စီးခြင်းပေါက်ကွဲပျက်စီးခြင်း– အလိုအလျောက်မီးစွဲလောင်မှု– လေပြင်းမုန်တိုင်းအမျိုးမျိုး– ရေကြီးခြင်း၊ ရေလျှံခြင်း– ဖောက်ထွင်းခိုးယူမှု– စစ်ဘေးအန္တရာယ် အစရှိတဲ့ အပိုကာကွယ်မှုများကိုလည်းထပ်မံဝယ်ယူနိုင်ပါတယ်။ဆောက်လုပ်ဆဲအဆောက်အဉီးများအတွက်လည်း ၈၀% ပြီးစီးပါက အာမခံထားလို့ရနိုင်ပါတယ်။ ငှားရမ်းထားသော အိမ်၊ စက်ရုံ၊ ဈေးဆိုင်နှင့် တိုက်ခန်းများအတွက်လည်း အငှားစာချုပ်တင်ပြပါက မီးအာမခံထားနိုင်ပါတယ်။Union House Myanmar မှ ဝေမျှပေးလိုက်တဲ့ မီးအာမခံနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကလူကြီးမင်းတို့အတွက်အသုံးဝင်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာ။#Union_House_Myanmar#Union_House_Myanmar_Always_for_All
Join The Discussion