အခွန်ဆိုတာကို သင်တကယ်သိပြီလား by sithumin November 13, 2020 General Real Estate Knowledge 0 အခွန်ဆိုတာကို သင်တကယ်သိပြီလား အခွန်ဆိုတာကို သင်တကယ်သိပြီလားအပိုင်း (၁)အခွန် ဆိုတာ ပြည်သူ့အသုံးစရိတ်အမျိုးမျိုးအတွက် ဘဏ္ဍာငွေ ဖြည့်တင်းရန် အစိုးရအဖွဲ့အစည်းတစ်ရပ်က အခွန်ထမ်း (တစ်ဦးချင်း သို့မဟုတ် တရားဝင် အဖွဲ့အစည်း) ပေါ် စည်းကြပ်သတ်မှတ်သည့် မဖြစ်မနေပေးဆောင်ရသော ငွေကြေးအဖိုးအခ သို့မဟုတ် အခြားအသွင်ဆောင် လဲဗီးခွန်ဖြစ်သည်။အခွန်ရှောင်ခြင်း သို့မဟုတ် အတိုက်အခံပြုခြင်းနည်းတူ ပေးဆောင်ရန် ပျက်ကွက်လျှင် ဥပဒေအရ အရေးယူနိုင်ပါတယ်။အခွန်အခဆိုရာ၌ တိုက်ရိုက် နှင့် သွယ်ဝိုက်ခွန်များ ပါဝင်ပြီး ငွေကြေးဖြင့်ဖြစ်စေ တူညီသည့် လုပ်အားဖြင့်ဖြစ်စေ ထမ်းဆောင်နိုင်သည်။ပထမဆုံးအခွန်ကောက်ခံခြင်းကို ခရစ်တော်မပေါ်မီ နှစ် ၃၀၀၀-၂၈၀၀ ဝန်းကျင်က ရှေးအီဂျစ်နိုင်ငံ၌ ကျင့်သုံးခဲ့တယ်လို့လဲသိရပါတယ်။အများပြည်သူ သို့မဟုတ် ကတိကဝတ်ပြုထားသော နိုင်ငံ့လိုအပ်ချက်များ နှင့် အစိုးရလုပ်ငန်းဆောင်တာများ အတွက် ပေးချေနိုင်ရန် နိုင်ငံအများစုတွင် အခွန်စနစ်ရှိပါတယ်။အချို့နိုင်ငံများတွင် နှစ်စဉ်ပုဂ္ဂလိကဝင်ငွေပေါ် တရားသေရာခိုင်နှုန်းဖြင့်ကောက်ခံသော်လည်းတရားသေရာခိုင်နှုန်းဖြင့်ကောက်ခံသော်လည်း အများစုမှာ နှစ်စဉ်ဝင်ငွေပမာဏပေါ်မူတည်သည်။နိုင်ငံများစွာ၌ တစ်ဦးချင်း နှင့် ကော်ပိုရိတ်ဝင်ငွေများပေါ် အခွန်စည်းကြပ်သည်နိုင်ငံများ သို့မဟုတ် တဆင့်နိမ့်နယ်မြေများသည် ဓနခွန်၊ အမွေခွန်၊ အိမ်ခြံမြေအခွန်၊ ပဏ္ဍာခွန်၊ ပိုင်ဆိုင်မှုပေါ်အခွန်၊ ရောင်းချမှုပေါ်အခွန်၊ ဝင်ငွေခွန် သို့မဟုတ် စည်းကြပ်ခွန် တို့ကို ကောက်ခံလေ့ရှိကြပါတယ်ဘောဂဗေဒစကားရပ်အရ အခွန်ကောက်ခံခြင်းဆိုသည်မှာ အိမ်ထောင်စုများ သို့မဟုတ် လုပ်ငန်းများထံမှ ကြွယ်ဝမှုများကို နိုင်ငံတော်သို့ လွှဲပြောင်းခြင်းဖြစ်သည်။ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု နှင့် စီးပွားရေးချောင်လည်မှု မြင့်တက်ခြင်း နှင့် ကျဆင်းလာခြင်းစသည့် သက်ရောက်မှုများ ဖြစ်ပေါ်စေပါတယ်။အကျိုးဆက်အနေဖြင့် အခွန်ကောက်ခံခြင်းသည် အငြင်းအခုံပြုရသည့် ကိစ္စရပ်တစ်ခုအဖြစ်တည်ရှိနေပါတယ်။အပိုင်းဆက်လာမည် page လေးကို like လုပ်ထားဖို့မမေ့နဲ့နော်#Union House Myanmar#Union House Myanmar Always For All
Join The Discussion