အရောင်းအဝယ်စာချုပ်မှတ်ပုံတင်ရန် အဆင့်ဆင့် by sithumin November 13, 2020 General Real Estate Knowledge 0 အရောင်းအဝယ်စာချုပ်မှတ်ပုံတင်ရန် အဆင့်ဆင့် အရောင်းအဝယ်စာချုပ်မှတ်ပုံတင်ရန် အဆင့်ဆင့်မေး။ ။ဝယ်စဉ်က အရောင်းအဝယ်စာချုပ်ရော SP ရောစာချုပ် ချုပ်ထားပါတယ် အမည်ပေါက်ပြောင်းရင် အခွန်ဆောင်ရပါသလား ဘာတွေလိုအပ်လဲရှင်းပြပေးပါခင်ဗျာ။ဖြေ။ ။ အိမ်၊ ခြံ၊ မြေ နှင့်ပတ်သက်ပြီး စရံပေးစဉ် အချိန်မှစ၍ ဝယ်သူတို့မှ တန်ဖိုး (၃၀၀) ကျပ်တန် တံဆိပ်ခေါင်းဖြင့် စာချုပ်ရေးသားကာ အရပ်သဘော အရောင်းအဝယ်ပြုလုပ်ကြပါသည်။အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင် တန်ဖိုး (၁၀၀) ကျပ် တံဆိပ်ခေါင်းဖြင့် မှတ်ပုံတင်မှသာ ဥပေဒအရ ခိုင်မာမည်ဖြစ်၍ ဝယ်ယူသူတို့မှ အရောင်းအဝယ် ခိုင်မာမှုရှိရန်အတွက် အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ရန် လိုအပ်ပါသည်။အရောင်းအဝယ်စာချုပ်မှတ်ပုံတင်ရန် အဆင့်ဆင့်၁) တန်ဖိုး (၃၀၀) ကျပ်တန် တံဆိပ်ခေါင်းဖြင့် ချုပ်ထားသော စာချုပ်တစ်စောင်၊ ဝယ်သူ၊ ရောင်းသူတို့ မှတ်ပုံတင်မူရင်းများ၊ ဝယ်သူ၏ သန်းခေါင်စာရင်း၊ အရောင်းအဝယ်ပြုထားသော မြေ၏ဂရံ (သို့) ပိုင်ဆိုင်မှု အထောက်အထားများ၊ နောက်ဆုံးအကြိမ်ဆောင်ထားသော မြေခွန် နှင့် အရောင်းမြေပုံ၊ မြေရာဇဝင် ဝယ်ယူထားသော အိမ်၊ ခြံ၊ မြေ အားရိုက်ထားသော ဓါတ်ပုံ(၄)ပုံ၊ ရောင်းသူ / ဝယ်သူ (၂) ဦးလုံးမှ တန်ဖိုးစီစစ်ရေးရုံးသို့ သွားရောက်၍ ဝယ်ယူထားသောမြေကို တန်ဖိုးဖြတ်သတ်မှတ်ပေးရန် လျှောက်ထားရမည်။၂) လျှောက်ထားပြီး (၂) ပတ်ခန့်အကြာတွင် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနတွင် ဝယ်ယူထားသော အိမ်၊ ခြံ၊ မြေ အခွန်မည်မျှ ကျသင့်ကြောင်း သွားရောက်စုံစမ်းရမည်။၃) ပြီးနောက်ကျသင့်သော အခွန်ကို သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် သွားရောက်ထမ်းဆောင်ပြီး သက်သေခံဘဏ်ချလံအား ပြန်လည်ထုတ်ယူရပါသည်။၄) ဘဏ်ချလံရရှိလာပါက မြို့နယ်အခွန်ရုံးသို့သွားရောက်၍ အခွန်ဆောင်ထားသော တန်ဖိုးနှင့်အညီ တံဆိပ်ခေါင်းများ ထုတ်ယူနိုင်ပါသည်။၅) ယင်းတံဆိပ်ခေါင်းများပေါ်တွင် စာချုပ်ရိုက်နှိမ်ပြီးနောက် စာချုပ်စာတမ်းများ မှတ်ပုံတွင်ရုံးတွင် အရောင်းအဝယ်စာချုပ်ကို ရောင်းသူ / ဝယ်သူ နှစ်ဦးလုံး လိုက်ပါ၍ မှတ်ပုံတွင်ရပါသည်။၆) ရက်ပေါင်း (၄၅) ရက်ကြာပါက မှတ်ပုံတင်ထားသော အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတွင်ရုံးတွင် ပြန်လည် ထုတ်ယူနိုင်ပါသည်။ခြွင်းချက်။ ။ ရောင်းချသူမှ စာချုပ်မှတ်ပုံတင်အဆင့်ဆင့်ကို လိုက်ပါဆောင်ရွက်မပေးနိုင်ပါဟု ဝယ်ယူသူ (သို့) ဝယ်ယူသူညွှန်ပြသောသူအား S.P ပေးရပါမည်။အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင်ပြီးပါက ဝယ်ယူသူအမည်ပေါက်ရေးအတွက် စည်ပင်သာယာရေးကော်မတီ (သို့) မြို့ရွာ အိုးအိမ်နှင့် ဦးစီးဌာနတွင် အမည်ပြောင်းလျှောက်ထားနိုင်ပါသည်။အမည်ပြောင်းလျှောက်ထားရာတွင် ဌာန သို့အမည်ပြောင်းခ နှင့် သတင်းစာတွင် ကြော်ငြာထည့်သွင်းခသာပေးဆောင်ရမည်ဖြစ်ပြီး အခြားသော အခွန်အခများ ထပ်မံပေးဆောင်စရာမလိုအပ်ပါ။Resource _ မြန်မာ့အိမ်ခြံမြေသတင်းဌာန#Union_House_Myanmar#Union_House_Myanmar_Always_for_All
Join The Discussion