အိမ်၊ ခြံ၊ မြေဝယ်တဲ့အခါ ထပ်နေတာမျိုးဖြစ်ရင် ဘယ်လိုဖြစ်နိုင်သလဲ ? (အိမ်၊ ခြံ၊ မြေ အဝယ်ထပ်ခြင်း) by sithumin October 19, 2020 General Real Estate Knowledge 0 အိမ်၊ ခြံ၊ မြေဝယ်တဲ့အခါ ထပ်နေတာမျိုးဖြစ်ရင် ဘယ်လိုဖြစ်နိုင်သလဲ ? (အိမ်၊ ခြံ၊ မြေ အဝယ်ထပ်ခြင်း) Union House Myanmar ရဲ့ Customer များအတွက် နားလည်လွယ်တဲ့သဘောဖြစ်အောင် ရှာဖွေဝေမျှတာဖြစ်လို့ အသုံးဝင်အကျိုးရှိကြလိမ့်လို့ မျှော်လင့်ပါတယ် မြေဝယ်တဲ့အခါ ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ ပါမစ်မြေဖြစ်စေ ဂရန်မြေဖြစ်စေ စိတ်ချလို့ မရဘူး။ ပါမစ်မူရင်း နှစ်စောင် ဂရန်မူရင်းနှစ်စောင်ရှိတာမျိုးလည်း ဖြစ်တတ်ပါတယ် အခုကာလမှာ စာရွက်စာတမ်းအတုနဲ့ မဟုတ်ဘဲ မူရင်း ပါမစ် ဒါမှမဟုတ် မူရင်း ဂရန်စာချုပ် ပျောက်ဆုံးပါတယ်ဆိုပြီး မူရင်းခွဲတွေ ထုတ်ယူကာ နှစ်ခါရောင်းတဲ့ ကိစ္စတွေလည်း ရှိလာပါတယ် အဝယ်ထပ်နေတာမျိုးပါပဲ။ တချို့က မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုထားတာလည်း ရှိပါတယ် ပါမစ်မြေ ဝယ်ပြီး အဝယ်ထပ်နေတာမျိုးဖြစ်တဲ့အခါ အမည်ပေါက်ဆီက တိုက်ရိုက်ဝယ်ယူတာမျိုးဆိုရင် သိပ်အခက်မတွေ့ပင်မယ့် အမွေဆက်ခံသူဆီက ဝယ်တယ်ဆိုရင်တော့ အခက်အခဲရှိနိုင်ပါတယ် “မြေနှင့် အခွန်စည်းကြပ်ရေး ဥပဒေအရ အစိုးရက ဂရန်ထုတ်ပေးထားခြင်း မရှိသေးသော အစိုးရပိုင် မြေပေါ် တွင် နေထိုင်သူသည် အမွေဆက်ခံခွင့် လွှဲပြောင်းပိုင်ခွင့်မရှိ။ အစိုးရက ဂရန်ထုတ်ပေးပြီးမှသာ ထိုမြေနှင့် စပ်လျဉ်း၍ အမွေဆက်ခံခွင့် လွှဲပြောင်းပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်”“ပါမစ်စာရွက်စာတမ်းမှာ အမည်ပေါက်သူက မွေးချင်းတစ်ဦးကို အမွေခံအဖြစ် ဖော်ပြထားတဲ့ အချက်ပါဝင်ပြီး မိသားစု ဓာတ်ပုံနဲ့ အတိအလင်းဖော်ပြထားရင်တော့ ဆောင်ရွက်ခွင့် ရောင်းချခွင့်ရှိနိုင်မှာ ဖြစ်ပါ တယ်။ ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မရင်နုနှင့် မအေးမြင့်ပါ (၂) ၁၉၇၅ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၈၇) အမှုမှာ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့ရှိ အချင်းဖြစ်မြေသည် အစိုးရမြေ ဖြစ်ပြီး ဒေါ်မြိုင်၏ အမည်နှင့် နေခွင့် လက်မှတ် (Permit) မြေဖြစ်သည်။ Permit ဖြင့် ရရှိခဲ့သော မြေဖြစ်သဖြင့် ဒေါ်မြိုင်ကွယ်လွန်ပြီးနောက် ယင်းမြေကို ဒေါ်မြိုင်၏ အမွေစား အမွေခံများက အမွေဆက်ခံပိုင်ခွင့်မရှိလို့ ဆုံးဖြတ်ထားပါတယ်”ဒါကြောင့်မို့ မူလအမည်ပေါက်ထံက ဝယ်တဲ့သူက ပိုပြီး အကျိုးခံစားခွင့်ရနိုင်ပါတယ်။ ဂရန်လျှောက်ထားတဲ့အခါမှာ မူလပိုင်ရှင် အမည်ပေါက်ထံမှ အဆင့်ဆင့်ဝယ်တဲ့ ကတိ စာချုပ်ကို တင်ပြပြီး လျှောက်ထားခွင့်ရှိပါတယ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းဝယ်ခြင်းမှာ လက်ရောက် ပေးအပ်ပြီးမှသာ အရောင်းအဝယ်အထ မြောက်ပြီးဆုံးမှာဖြစ်ပါတယ်။ အခုကိစ္စမှာ ပထမဝယ်ထားသူက မြေကို လက်ရောက်ရယူထားခြင်း မရှိတဲ့ အတွက် စရန်ငွေပေးခြင်းသာဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ တွေ့ဆုံပြီး သေချာလေ့လာဖို့ လိုပါတယ် ပါမစ်စာရွက်မှာ မိသားစုဓာတ်ပုံပါရှိခြင်းရှိ မရှိ အချက်ကို သေချာစိစစ်ဖို့ လိုပါတယ်။ မြေချပါမစ် မူရင်းနှစ်ခုရှိနေရင်တော့ လက်ရှိနေထိုင်သူထံမှ ကန့်ကွက်စိစစ်ဖို့ သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကောမတီထံ လျှောက်ထားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ် #Credit to Original uploader with Thanks#unionhousemyanmar #Union_House_Myanmar_Always_For_All#Real_Estate_Knowledge #About_Real_Estate #realestate #house #home
Join The Discussion