အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေ ဒါတွေသိထားဖို့လိုမယ် အပိုင်း ( ၂)

အိမ်ပွဲစားပညာလေ့လာရာမှာ မဖြေမနေသိရှိထားရမဲ့ အိမ်ခြံေမြဗဟုသုတမှတ်သားဖွယ်ရာများ အပိုင်း (၁) ကိုမျှဝေခဲ့ပြီးဖြစ်တာကြောင့် အပိုင်း(၂) ကို အိမ်ခြံမြေအကျိုးဆောင်ကြီးတွေအတွက် ဒီတပတ်မှာ ဆက်လက်ဝေမျှလိုက်ရပါတယ်ခင်ဗျာ
၁။ကျူးကျော်မြေ
အစိုးရပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် မြေများပေါ်တွင် ကျူးကျော်ဆောက်လုပ်နေကြသော မြေများ လိုအပ်ချက်များရှိပါက ဖယ်ရှားခြင်းခံရမည် ။ မလိုအပ်ပါက သင့်လျော်သလို ပြန်လည်ချထားနိုင်သည် ။ ( ရောင်း၊ ပေါင် ၊ လွှဲပြောင်း ၊ ခွဲစိတ်ပိုင်ခွင့်မရှိပါ )
၂။မြေပိုင်ရှင်
ဂရန်က နှစ် ၆၀မြေငှားစာချုပ် ဆိုရင် မြေဆိုတာ မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့အတွက် အငှားသဘောမျိုးပဲ ပိုင်ပြီး ကိုယ်တကယ်မပိုင်ပါဘူး။ မရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းပိုင်ရှင်ဆိုသည်မှာ…. ဆွေစဉ်မျိုးဆက် နေထိုင်သုံးစွဲခွင့်ရှိသော ” အငှား” တစ်ဦးသာဖြစ်ပါတယ်။ မြေရဲ့ “မူရင်းပိုင်ရှင်” မှာနိုင်ငံတော်သာဖြစ်ပါတယ်။ (နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေပုဒ်မ ၁၈အရနှင့် အောက်မြို့/ကျေး ပုဒ်မ ၄/၁၀)
၃။တိုက်ပိုင်ရှင်
တိုက်ပိုင်ရှင်ကျွန်တော်တို့က တိုက်ပြင်မလို့ဗျာ ။ ခုမှပဲ “ပါမစ်” ကျတယ် ။ တိုက်ဆိုတာ ကလည်းမရွေ့ပြောင်းနိုင်ဘူးလေ ။ ရာနှုန်းပြည့် ကိုယ်မပိုင်ဘူးဆိုတာကို သိထားရပါမယ် ။
၄။တိုက်ခန်း ၊ ကွန်ဒိုပိုင်သည်ဆိုလျှင်
နေထိုင် သုံးစွဲပိုင်ခွင့်နှင့် ငှားရမ်းပိုင်ခွင့်ကိုသာ ပိုင်ဆိုင်ကြတာပါ ။ ( တကယ်တော့ အိမ်ငှားစစ်စစ်ပါဗျာ )
၅။တိုက်ခန်း၊ ကွန်ဒိုရောင်းသည်ဆိုသည်မှာ
အဲ့ဒီ့တိုက်ခန်း ၊ ကွန်ဒိုရဲ့နေထိုင်သုံးစွဲပိုင်ခွင့်နဲ့ ငှားရမ်းပိုင်ခွင့်ကိုသာ ရောင်းချခြင်းဖြစ်ပါတယ်။ ( သိထားရုံပါ ။ တခြားသူတွေကို ရှင်းပြမနေပါနဲ့ ။ သူ့လိုကိုယ်လို ဟန်နဲ့ ပဲပေါ့ ) ( ပစ္စည်းလွှဲပုဒ်မ ၁၀၅ အရ)
၆။အရပ်စာချုပ်ချုပ်ခြင်း
အရပ်စာချုပ်ချုပ်ခြင်းကို လျှော့မတွက်ပါနှင့် ။ သက်သေ လတ်မှတ်ထိုးသူတို့သာ ခိုင်လုံပါစေ ။ အရပ်စာချုပ်လည်းတရားဝင် စာချုပ်ပါပဲ ။ ( အခွန်တံဆိပ်ခေါင်းပေါ်မှာ ချုပ်ဆိုထားတာကြောင့်ပါ ) (ပဋိညာဉ် အက် ၊ ပုဒ်မ ၃၇အရ )
၇။စာချုပ်ခေါင်းပေါ်မှာပဲ စာချုပ်ရေးကြပါ
စာချုပ်လွတ်ပေါ်မှာ စာသားရိုက်နှိပ်ပြီးသား ပုံစံတွေ ကြိုက်သလောက်ဝယ်လို့ရပါလျက်နဲ့ ကုမ္ပဏီ letter head လှလှလေးတွေပေါ်မှာ စာချုပ် မချုပ်ကြပါနဲ့ ။ အကြောင်းကိစ္စပေါ်ခဲ့လျှင် ” အခွန်ဥပဒေ” နဲ့မညီညွတ်တော့ပါ ။
၈။စရန်စာချုပ်
ပြောတော့ စရန်စာချုပ်။ ဒါပေမဲ့အရောင်းအဝယ်ကိစ္စမှာ အဓိက အကျဆုံး စာချုပ်ပါ ။ ဒါကြောင့် “ရောင်းသူ ဝယ်သူ ” တို့ဆန္ဒများ ပြည့်စုံအောင် ရေးကြရပါမယ် ။ ရောင်းသူဝယ်သူ ” မူရင်းတစ်စောင်စီ” ယူထားကြပါ ။ (ပဋိညာဉ်အက် ပုဒ်မ ၃၇အရ )
၉။ကြည့်ဖြစ်အောင်ကြည့်ပါ
ကိုယ်ကဝယ်ပြီဆိုရင် စာချုပ် လတ်မှတ်ရေးထိုးခါနီးမှာ ပိုင်ရှင်ရဲ့မှတ်ပုံတင် ( I.D ) မူရင်းကို ကြည့်ဖြစ်အောင်တောင်းကြည့်ပါ ။” ကျေးဇူးပြု၍ ” လို့ အခါခါပြောရလည်း စိတ်ရှည်ပါ ။ ဒီကိစ္စကတော့ အလျော့မပေးလိုက်ပါနဲ့ ၊ ကိုယ်တွေ့ပါ
၁၀။စရန်ငွေနှစ်ဆ ပိုင်ရှင်လျော်ရမည်
စရန်စာချုပ်သေချာချုပ်ပြီးမှ ရုတ်တရတ်ဈေးအများကြီးတက်သွားရင် ၊ မှတ်ပုံတင်ချုပ်ဆို၍ မရနိုင်ဖြစ်ခဲ့ရင်၊ တစ်ပါးသူကို ပေါင်နှံထားခြင်းကိစ္စရှိခဲ့ရင် စရန်ငွေနှစ်ဆ လျော်ရတတ်ပါတယ် ။
၁၁။ဝယ်သူစရန်ဆုံးနိုင်သည် –
စာချုပ်ပါအတိုင်း ငွေဆက်မချေရင် ၊ ဝယ်ရန်ဆန္ဒမရှိရင် ၊ အခြေနေမပေးတော့ရင်၊ စရန်စာချုပ်မှာ ခြွင်းချက်ရေးမထားခဲ့ရင် ဝယ်သူစရန်ဆုံးနိုင်ပါတယ်။
၁၂။ စရန် ချုပ်ဆိုထားစဉ် ကွယ်လွန်လျှင်
ရောင်းသူဖြစ်စေ ၊ ဝယ်သူဖြစ်စေ ကွယ်လွန်ခဲ့ပါလျှင် စရန်စာချုပ်နှင့် ကွဲလွဲသော ပြသနာတစ်စုံတစ်ရာ မရှိပါက ကိုယ်စားလှယ် သို့မဟုတ် အမွေဆက်ခံသူက ဆက်လက် ဆောင်ရွက်နိုင်ပါတယ်။ (ပဋိညာဉ်အက် ဥပဒေ ပုဒ်မ ၃၇အရ)
Union House Myanmar မှ ပရိဿတ်အများအကျိုးအတွက်ဆရာကြီး ကြည်စိုး(I.C)ရေးသားသည့်အိမ်ဘုရင်၏ အိမ်ပွဲစားပညာ စာအုပ်မှ ပြန်လည်ဖော်ပြပါသည်
Join The Discussion