သြစတြေးလျ ပြဋ္ဌာန်းလိုက်သောစိတ်ဝင်စားဖွယ် ဥပဒေတစ်ရပ် by sithumin January 24, 2021 Real Estate News, Update News 0 သြစတြေးလျ ပြဋ္ဌာန်းလိုက်သောစိတ်ဝင်စားဖွယ် ဥပဒေတစ်ရပ် သြစတြေးလျ ပြဋ္ဌာန်းလိုက်သောစိတ်ဝင်စားဖွယ် ဥပဒေတစ်ရပ် သတင်းထောက်တစ်ဦးတလေမျှကိုပင် လစာပေးဆောင်ရန်မလိုပဲ သူများသတင်းများဖေါ်ပြနေမှု ၊ စာမူခတစ်ပြားမှ ပေးဆောင်ရန်မလိုပဲ စာမူတစ်ခုလုံး သို့မဟုတ် စာမူ အစိတ်အပိုင်းတစ်ခုခုဖေါ်ပြနေမှုနှင့် ဓါတ်ပုံခမပေးပဲ အသုံးပြုနေမှုများသည် အင်တာနက်ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ယက်စာမျက်နှာများတွင်ဖြစ်ပွါးပေါ်ပေါက်ခဲ့သည်မှာ ဆယ်စုနှစ် ၂ ခုပင် မကတော့ပေ။. အွန်လိုင်းမီဒီယာ ကျယ်ပြန့်လွှမ်းမိုးလာမှုနှင့်အတူ ဉာဏပစ္စည်းအလွဲသုံးစားပြုမှုများသည်တရားဝင် သဖွယ်ဖြစ်လာခဲ့သည်။Globlization ကမ္ဘာပြုမှုဖြစ်စဉ်နှင့်အတူသတင်းတစ်ပုဒ်ကို စက္ကန့်ပိုင်းအတွင်း ပုံစံပြောင်း၍ဖြစ်စေမူရင်းအတိုင်း ဖြစ်စေ အွန်လိုင်းတွင် ဆင့်ပွါးအသုံးပြုမှု ခံနေကြရသည်။ သြစတြေးလျနိုင်ငံ အစိုးရသည် Google ကုမ္ပဏီအနေဖြင့် ဩစတြေးလျသတင်းထုတ်ဝေသူများအား အသုံးပြုခပေးဆောင် သွားရန် ဥပဒေသစ် တစ်ရပ်ပြဋ္ဌာန်းခဲ့၏။ဩစတြေးလျ၏ ထို ဆောင်ရွက် ချက်သည် အခြားနိုင်ငံများအားလုံးတွင်လည်း နည်းပညာအင်အားကြီး ကုမ္ပဏီများက ၎င်းတို့၏ မီဒီယာဖော်ပြချက်များကို အသုံးပြုနေခြင်းအတွက် အဖိုးအခ ရယူနိုင်မည့် နည်းလမ်းသစ်ဖြစ်လာဖွယ် ရှိသည်။ ဩစတြေးလျသည် Google နှင့် Facebook တို့တွင် ဩစတြေးလျမီဒီယာဖော်ပြချက်များကို ရှာဖွေအသုံးပြုမှုအတွက် အဖိုးအခပေးဆောင်ရန် ဥပဒေတစ်ရပ်ပြဋ္ဌာန်း ခဲ့သည့်ပထမဆုံးနိုင်ငံဖြစ်သည်။သို့ရာတွင် အမေရိကန်အခြေစိုက် Google ဘက်ကလည်းဆန့်ကျင်တုန့်ပြန်မှု ပြုလာသည်။ ဩစတြေးလျအနေဖြင့် ယင်းသို့ဆောင်ရွက် ပါက Google ၏ ဝန်ဆောင်မှုတစ်ရပ်ဖြစ်သည့် Search Engine ကို ဩစတြေးလျတွင် အသုံး ပြု၍မရအောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တုံ့ပြန်ခဲ့သည်။ ဩစတြေးလျနှင့် နယူးဇီလန်ဒေသ ဆိုင်ရာ Google၏ဦးဆောင်ညွှန်ကြားရေးမှူး ဆေးလ်ဗားက ဤသို့ပြောကြားခဲ့၏။ဩစတြေးလျအနေဖြင့် အွန်လိုင်းမှ သတင်းအချက်အလက်ရှာဖွေမှု၏ ၉၅ ရာခိုင်နှုန်းကို Google ၏ Search Engine မှ တစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်၍ ဩစတြေးလျအစိုးရ၏ ယခုဆောင်ရွက်ချက်က အလုပ်ဖြစ်နိုင်ဖွယ် မရှိပါတဲ့။ယမန်နှစ် ဩစတြေးလျနိုင်ငံ မှ Google ကရရှိခဲ့သည့် ဝင်ငွေ ဩစတြေးလျဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ)အတွက် အခွန် ဩစတြေးလျဒေါ်လာ ၅၉ သန်း (ကန်ဒေါ်လာ ၄၈သန်း) ပေးဆောင်ခဲ့သည်ဟုလည်း ဆက်လက်ဖေါ်ပြသည်။ Google ၏ ခြိမ်းခြောက်မှုကြောင့် ဩစတြေးလျဥပဒေပြုအမတ်များကပြဋ္ဌာန်းပြီးသားဥပဒေကို ပြန်လည်ရုပ်သိမ်းသွားမည်မဟုတ်ကြောင်းဩစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင်က ပြောကြားခဲ့သည်။ဩစတြေးလျ ဥပဒေပြုအမတ်များကလည်းGoogle ၏လုပ်ရပ်သည် ဩစတြေးလျ၏ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်အပေါ် အနိုင်ကျင့်သည့် လုပ်ရပ်ဖြစ်ကြောင်း စွပ်စွဲထားသည်။ ဩစတြေးလျ မီဒီယာဖော်ပြချက်များကို အသုံးပြုခပေးချေ ရန်နှင့်စပ်လျဉ်း၍ Facebook ကုမ္ပဏီဘက်ကဆွေးနွေးမှုပြုခဲ့သော် လည်း ယခုထိ သဘောတူညီချက် မရရှိသေး ဟု ဆို၏။Union House Myanmar Update NewsUnion House Myanmar Property Websiteunionhousemyanmar.comONE CLICK ဖြင့်လူတိုင်းအိမ်ပိုင်ဆိုင်ခွင့်ရစေရမည်Union House Myanmar Always For Allအားလုံးအတွက်ထာဝရ Union House
Join The Discussion