အပူလှိုင်းကျရောက်မှုနှင့် မြို့ပြ ဖွံ့ဖြိုးရေး ပြသာနာ by sithumin January 27, 2021 General Real Estate Knowledge 0 အပူလှိုင်းကျရောက်မှုနှင့် မြို့ပြ ဖွံ့ဖြိုးရေး ပြသာနာ အပူလှိုင်းကျရောက်မှုနှင့် မြို့ပြ ဖွံ့ဖြိုးရေး ပြသာနာ အချိန်ကုန်ခံ ငွေကုန်ခံ၍ နှစိများစွာ တည်ဆောက်လာခဲ့သော ဖွံ့ဖြိုးသော မြို့ပြ သရုပ်သကန်များမှာ သဘာဝဘေး အမျိုးမျိုး၏ ခြိမ်းခြောက်မှုကို ခံလာရလေ့ ရှိသည်။ထိုပြသာနာ၏အဖြေကို သိပ္ပံပညာရှင်များနှင့် မြို့ပြပညာရှင်များက ရှာဖွေလျက်ရှိသည်။ အလွန်ထင်ရှားခဲ့သော မြို့ပြများ တိမ်မြုတ်ပျောက်ကွယ်သွားခဲ့ဖူးကြောင်း သမိုင်းမှတ်တမ်းများ ရှိသည်။ထိုမြို့ပြများကို လူ အများ စွန့်ခွါသွားရခြင်းအကြောင်းရင်းများတွင် စစ်ဘေး ၊ ကပ်ရောဂါဘေး အပြင်သဘာဝ ဘေးအန္တရာယ်များလည်း ပါဝင်သည်။ ယခုအခါ သြစတြေးလျ၌ အပူလှိုင်းကျရောက်မှုကြောင့် မြို့ကြီးများအားလုံး မီးဘေးအန္တရာယ်ကျရောက်လျက်ရှိသည်။ဩစတြေးလျ၏ နွေကာလသည် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိဖြစ်သည်။ထိုကာလတွင် အပူချိန်မြင့်မားခြင်းကြောင့် တောမီးများလောင်ကျွမ်းကာ စိုက်ပျိုးမြေ ဧရိယာများစွာ ပျက်စီးဆုံးရှုံး ရလေ့ရှိသည်။နယူးဆောက်ဝေးလ် ပြည်နယ်၏မြို့တော် ဆစ်ဒနီနှင့် ဗစ်တိုးရီးယားပြည်နယ်၏မြို့တော် မဲလ်ဘုန်းတို့တွင် အပူချိန်မှာ ၃၀ ဒီဂရီစင်တီဂရိတ် အထက် ရောက်ရှိနေ၏။သို့ရာတွင် ယခုအပူချိန်သည် ယမန်နှစ် အပူချိန်နှင့် နှိုင်းယှဉ်ပါက လေထုအတွင်း စိုစွတ်မှုတိုးလာ သလို အပူချိန်လျော့နည်းခဲ့ကြောင်း မိုးလေဝသပညာရှင်များက ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ဇန်နဝါရီ ၂၅ နေ့တွင်တောင်ဩစတြေးလျပြည်နယ်၌ အပူချိန်မြင့်မားမှု ကြောင့် တောမီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့သည်။ ထို ပြည်နယ်မြို့တော် အက်ဒလိတ်တွင် မီးခိုးများ ဖုံးလွှမ်းလျက်ရှိသည်။ပြည်နယ်နှင့် ကပ်လျက်တည်ရှိသည့် ဗစ်တိုးရီးယားပြည်နယ်တွင်လည်း အရေးပေါ် မီးဘေးသတိပေးချက် ထုတ်ပြန်ထားရသည်။ တောင်ဩစတြေးလျပြည်နယ်တွင် တောမီး ကြောင့် မြေဧရိယာ ၂၅၀၀ ဟက်တာ လောင်ကျွမ်းခဲ့သည်။ လူနေအိမ်များ လည်း ပျက်စီးခဲ့ကြောင်း ပြည်နယ်မီးသတ်ဌာနက ထုတ်ပြန်ခဲ့သည်။ ဩစတြေးလျနိုင်ငံတစ်ဝန်း အပူလှိုင်းကျရောက်လျက်ရှိသည်။နေ့အပူချိန် မှာ ၃၀ ဒီဂရီစင်တီဂရိတ်မှ ၄၀ ဒီဂရီစင်တီဂရိတ်ကြားတွင် ရှိနေ၏။ ထို့ ကြောင့် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လျက်ရှိကာ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများအားလုံးတွင် အရေးပေါ် မီးဘေးအန္တရာယ်သတိပေးချက် ထုတ်ပြန်ထားရကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ တောင်ဩစတြးလျ၊ တက်စ်မေးနီးယား၊ ဗစ်တိုးရီးယား၊ နယူး ဆောက်ဝေးလ်နှင့် ကွင်းစလန်းပြည်နယ်များတွင် အပူလှိုင်းကျရောက် မည်ဟု မိုးလေဝသဌာနမှ တာဝန်ရှိသူများက ဇန်နဝါရီ ၂၂ ရက်ကတည်း က ကြေညာထားခဲ့ပြီးဖြစ်သည်။Union House Myanmar General Knowledge NewsUnion House Myanmar Property Websiteunionhousemyanmar.comONE CLICK ဖြင့်လူတိုင်းအိမ်ပိုင်ဆိုင်ခွင့်ရစေရမည်Union House Myanmar Always For Allအားလုံးအတွက်ထာဝရ Union House
Join The Discussion