အိမ်ရာမဲ့များအတွက် အနွေးဓါတ်လွှတ် အိမ်လေးများ by sithumin January 30, 2021 default, General Real Estate Knowledge 0 အိမ်ရာမဲ့များအတွက် အနွေးဓါတ်လွှတ် အိမ်လေးများ အိမ်ရာမဲ့များအတွက် အနွေးဓါတ်လွှတ် အိမ်လေးများ ဂျာမနီနိုင်ငံတွင် ယခုနှစ်ဆောင်းရာသီက အအေးဓာတ် လွန်ကဲလှ၏။Ulmer Nest ဟု ခေါ်သောအနွေးဓါတ်လွှတ်ထားသည့်အိမ်သေးသေးလေးများမှာ အိမ်ယာမဲ့များ၏အအေးပြင်းထန်သော ပြဿနာကို ဖြေရှင်းပေးမည်ဖြစ်သည်။အိမ်သေးသေးလေးဟု ဆိုသော်လည်း အမှန်တော့အနွေးဓါတ်လွှတ်ထားသော အိပ်စရာနေရာသာ ဖြစ်သည်။အိပ်စက်စရာနေရာအိမ်လေးများကို ဒီဇိုင်းရေးဆွဲပေးသူမှာFlaco Pross ဖြစ်သည်။ ဂျာမနီနိုင်ငံ မြူးနစ်၊ အနောက်ဘက် ၇၅မိုင် ခန့်အကွာတွင် ULM မှ အရာရှိများသည် ယခုနှစ်ဆောင်းရာသီ၌ လမ်းပေါ်တွင် ဖြစ်သလို အိပ်စက်ရမည့် အိမ်ရာမဲ့များအတွက် လုံခြုံသော အမိုးအကာတစ်ခုရရှိစေရန်၂၀၂၁ ဇန်နဝါရီ၈ရက်လောက်ကစပြီး Ulmer Nest ကို ဖန်တီးပေးခဲ့သည်။ Ulmer Nest ခေါ် အနွေးဓာတ်လွှတ်ထားသော အိပ်စရာနေရာလေးများကို သစ်သား နှင့် သံမဏိများဖြင့် ပြုလုပ်ထားသည်။ထို နေရာလေးများကို ပန်းခြံများနှင့် အခြားသောနေရာများတွင်ထားရှိပေးကြောင်း မြို့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆို၏။ Ulmer Nest အတွင်း၌ လူနှစ်ဦးကောင်းမွန်စွာ အိပ်စက် အနားယူနိုင်သည်။သနားစရာကောင်းလှသော အိမ်ရာမဲ့များအားအအေးပြင်းထန်မှုုဒဏ် နှင့် နှင်းရည်၏စွတ်စိုမှု ဒဏ် ကို ကာကွယ်နိုင်သည်။အိမ်ယာမဲ့များ ဝင်ရောက်အိပ်စက်နေချိန်တွင်အတွင်း၌ ကင်မရာများ တပ်ဆင်ထားခြင်းမျိုး မရှိဟုဆိုသည်။အိမ်လေးကို အသုံးပြုနေချိန်တွင် အတွင်း၌တပ်ဆင်ထားသော အာရုံခံကိရိယာများက အလုပ်လုပ်နေမည် ဖြစ်သည်။ ဥပမာ ထိုအိမ်လေး၌ဝင်ရောက်အိပ်စက်ပါက ထိုသို့အိပ်စက်သူရှိနေကြောင်း လူမှုကယ်ဆယ်ရေးပရဟိတအဖွဲ့ဝင်များက သိရှိနိုင်သည်။ ထိုအိမ်လေးများ ဖန်တီးပေးရာ၌ နှောင့်နှေးကြန့်ကြာမှု တချို့ရှိခဲ့သော်လည်း ရာသီဥတုဆိုးရွားလာချိန်တွင် ထို နှောင့်နှေးခဲ့မှုများကိုအမြန်ဆုံးဖယ်ရှားပြီး လိုအပ်သလိုလုပ်ဆောင်ပေးခဲ့သည်။ ရေရှည်တွင် ရှိပြီးသားရေခဲမှတ်အောက်အေးနေသော ရာသီဥတုကို ကာကွယ်ပေးနိုင်ရန် ယမန်နှစ်က အတွေ့အကြုံတွေကိုယူပြီ ထပ်မံဖြည့်စွက်မည်ဟုဆိုသည်။အပြုသဘောဆောင်သော လုပ်ဆောင်ချက်များကို ထပ်မံလုပ် ဆောင် သွားရန် စီစဉ်ထားသည်။ အိမ်လေးများ၏ အတွင်းပိုင်းအပူချိန်ကို ယခုနှစ်အတွက် သီးခြားတိုးမြှင့်ပေးထားပြီး ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်အောင်ထိန်းသိမ်းလုပ်ဆောင်မှုများ ပြုလုပ်ထားသည်။နေရောင်ခြည်စွမ်းအင်သုံးစနစ် ဆိုလာပြားများကို အသုံးပြုတပ်ဆင်ထားပြီး စွမ်းအင်ချွေတာမှုကိုလည်း ပြုလုပ်ထားသည်။”Ulmer Nests သည် Ulmer LoRa-Wan-IoT-wireless network စနစ်ကို ချိတ်ဆက်ထားပြီး မိုဘိုင်း ကွန်ယက်များပေါ်တွင် မှီခိုခြင်းမရှိစေရန်ဆောင်ရွက်ထားသည်။ အထဲ၌ အိပ်စက်အနားယူသူများအတွက် လုံခြုံစိတ်ချရမှုဖြစ်စေဖို့သော့ခတ်ခြင်းနဲ့ သက်ဆိုင်သောစနစ်များလည်း ပါဝင်သည်။ထိုစနစ်များကို ပြန်လည်ပြင်ဆင်ပေးထားသဖြင့် ယခင်ထက်အသုံးပြုမှု ပိုမိုလွယ်ကူစေသည်။အခြားသောရွေးချယ်မှုများလည်း ပြုလုပ်နိုင်သည်။မယုံနိုင်လောက်အောင် အသုံးပြုရလွယ်ကူသည်။အိမ်လေးများကိုသုံးရန်ဘယ်လိုဖောင်မျိုးမှ ဖြည့်ဖို့မလိုပေ။မှတ်စုရေးသူ အမ်းမ်လောင်ရွှီUnion House Myanmar General Knowledge NewsUnion House Myanmar Property Websiteအိမ်ခြံမြေ ရောင်း၊ဝယ်၊ငှား (အခမဲ့) Data တင်ရန်နှင့် Registerလုပ်ရန်နှိပ်ပါ >>unionhousemyanmar.comONE CLICK ဖြင့်လူတိုင်းအိမ်ပိုင်ဆိုင်ခွင့်ရစေရမည်Union House Myanmar Always For Allအားလုံးအတွက်ထာဝရ Union House
Join The Discussion