” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ 
အခုနောက်ပိုင်းတိုက်ခန်းအရောင်းအဝယ်တွေမှာ မြေရှင်လက်မှတ်တောင်းတဲ့ကိစ္စတွေက အတော်လေးစိပ်လာတယ်။ တရားခွင်ရင်ဆိုင်ရတဲ့အခါမှာလည်း မြေရှင်လက်မှတ်ကအရေးပါတယ်လို့မှတ်ယူကြတယ်။ မြေရှင်လက်မှတ်ပါမှ တရားဝင်အမည်ပေါက်ပိုင်ဆိုင်ရမှာလား ဒါမှမဟုတ် အစိုးရမှာ အခွန်ဆောင်မှ နာမည်ပေါက်ရမှာလား
ခေတ်ကာလအခြေအနေအရ နှစ်ခုလုံးမှန်တယ််လို့ဆိုလို့ရပါတယ်။ တိုက်ခန်းအရောင်းအဝယ်တွေမှာမြေရှင်လက်မှတ်အရေးပါလာရခြင်းရဲ့သမိုင်းကြောင်း • တိုက်ခန်းအရေအတွက်များတာရယ် • အမည်ပေါက်ဖောက်တဲ့အခါ ကျော်ဖြတ်ရမယ့်အဆင့်တွေများတာရယ် • အချိန်ကုန်ငွေကုန်မချင်တာတွေရယ်နဲ့ • အခွန်ရှေင်ချင်တာတွေကြောင့် အခွန်ဆောင်မနေတော့ပဲ အရေးအကြီးဆုံး မြေရှင်ကိုပဲ ခေါင်းတည်ပြီး နှစ်ယောက်ရောင်း၊ သုံးယောက်ရောင်းဖြစ်နေခဲ့ရင် မြေရှင် အသိအမှတ်ပြု လက်မှတ်ပါထားသူကအနိုင်ဆိုပြီး သူ့အရပ်နဲ့သူ့ဇာတ်နဲ့ လုပ်ကြရင်းနဲ့ မြေရှင်လက်မှတ်ဆိုတာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်လာပါတော့တယ်။ ဒါကြောင့်အခုနောက်ပိုင်းမှာ ✓ မြေရှင်လက်မှတ်ရှိရင်အမှုကိစ္စတိုင်း နိုင်နိုင်သလို ✓ အမည်ပေါက်ရှိရင်ပိုင်ဆိုင်မှုခိုင်မာနိုင်ပါတယ် ဒါပေမယ့် တိုက်ခန်းဥပဒေအနေနဲ့ဆိုရင်တော့ အခုအချိန်ထိ မြေရှင်လက်မှတ်ကို တရားဝင်အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ ဒါကြောင့်မို့ အရှုပ်အရှင်းကင်းလိုသူတွေနဲ့ ဥပဒေနဲ့အညီပိုင်ဆိုင်မှုခိုင်ခိုင်မာမာရှိလိုသူတွေအနေနဲ့ကတော့ […]