ထိုင်ခုံမပါသော ရထားတွဲဆိုင်းများ၊ ယဉ်ကြောဧရိယာ မဖြုန်းတီးခြင်း နှင့် မြို့ပြဖွံ့ဖြိုးရေး

Please enter your username or email address. You will receive a link to create a new password via email.
ထိုင်ခုံ မပါသော ရထားတွဲဆိုင်းများ၊ ယဉ်ကြောဧရိယာ မဖြုန်းတီးခြင်း နှင့် မြို့ပြဖွံ့ဖြိုးရေး
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူဦးရေ ၁၄၆ ဒဿမ ၇ သန်း ရှိသည်။နိုင်ငံ ဧရိယာကတော့ မြန်မာပြည်ရှိ ရှမ်းပြည်နယ်ဧရိယာလောက်သာ ရှိ၍ လူနေထူထပ်သိပိသည်းမှု
အလွန် ကြီးမားသော နိုင်ငံဖြစ်သည်။ထိုနိုင်ငံ၏ မြို့တော် ဒါကာတွင် လူဦးရေ သန်း ၂၀
ရှိပြီး ယဉ်ကြောကြပ်တည်းမှုနှင့် လူနေထူထပ်မှုလည်း အလွန်ကြီးမားသည်။
သာမန်အားဖြင့် ကြည့်လျင် လူနေထူထပ်မှုကြီးမားခြင်းကြောင့် ယဉ်ကြောကြပ်တည်းသည်ဟု အလွယ်ပြောနိုင်သည်။ သို့သော် ယဉ်ကြောဧရိယာကို ဖြုန်းတီးခြင်းနှင့်
စီးနင်းမှုပုံစံကို ကျစ်လျစ်အောင် မလုပ်ဆောင်ခြင်းကလည်း မီးလောင်ရာ လေပင့် မြွေပူရာ ကင်းမှောက် ဆိုသကဲ့သို့ သွားလာပို့ဆောင်ရေးကို ဒုက္ခပေးလေတော့သည်။
ဥပမာအားဖြင့် ဒါကာမြို့တော်ရှိ လမ်းမများပေါ်တွင်လူနင်းဆိုက်ကားနှင့် ဘက္ထရီအားသုံး ဆိုက်ကား စီးရေ ၆သိန်း ရှိသည်။ခရီးသည် အယောက် ၂၀၀ ကို ပို့ဆောင်ပေး
နိုင်သော ဆိုက်ကား အစီး ရေ မှာ ၁၀၀ ဖြစ်သည်။ထို ခရီးသည် ၂၀၀ ကို ဘတ်စ်ကားကြီးဖြင့် ပို့ဆောင်ပါကဘတ်စ်ကား ၂ စီးစာသာရှိသည်။ဆိုက္ကား အစီး ၁၀၀ ကရယူလိုက်သော ယဉ်ကြောဧရိယာသည် ဘတ်စ်ကား ၂ စီးက ရယူလိုက်သော ဧရိယာထက်
အဆ ၃၀ မှ ၄၀ ထိ ရှိသည်။ယဉ်ကြောဧရိယာကိုအလွန် ကြီးမားစွာ ဖြုန်းတီးလိုက်ခြင်းပင်ဖြစ်သည်။
ရထားများကို ကြည့်ပြန်လျင်လည်း ထိုင်ခုံများ ထားရှိပေးသဖြင့် ထိုင်ခုံများက
နေရာယူပြန်သည်။လူတွေက ခေါင်မိုးအပြည့် လိုက်ကြရ၍ ပင်ပန်းဆင်းရဲသည့်အပြင် အန္တရာယ်လည်း ကြီးမား၏။
စင်္ကာပူသည် ကျွန်းနိုင်ငံ သေးသေးလေးသာဖြစ်၏။၂၀၂၀ ခုနှစ်တွင် လူဦးရေ ၅ ဒသမ ၉ သန်းခန့်ရှိသဖြင့် မြို့ပြဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းလျင် ဘင်္ဂလားဒေ့ရ် လိုပဲ ဒုက္ခရောက်နိုင်သည်သာဖြစ်၏။သို့သော် စင်္ကာပူ၌ ဆိုက်ကားလို ယဉ်ကြောဧရိယာ
ဖြုန်းတီးမည့် ယဉ်များကို အသုံးပြုခွင့် မပေးထားပေ။
မြို့ပတ် ရထား၌ ပုံမှန်အချိန်တွင် ထိုင်ခုံများကို ထားရှိပေးပါသော်လည်း ခရီးသည် အလွန်အမင်း ကြပ်တည်းလာပါက ( ဥပမာ ကျောင်းချိန် ရုံးချိန်များ၌) ထိုင်ခုံ
လုံးဝ မပါသော ခရီးသည်အားလူံး မတ်တတ်စီးရသောတွဲဆိုင်းများကို ချက်ချင်းအစားထိုး အသုံးပြုလေတော့သည်။ထိုအခါ ထိုင်ခုံပါသော တွဲဆိုင်းက တင်ဆောင်နိုင်သောခရီးသည် ဦးရေထက် ၂ ဆနီးပါးအထိ တင်ဆောင်နိုင်သည်။
မှတ်စုရေးသူ အမ်းမ်လောင်ရွှီ
Union House Myanmar Real EstateNews
Union House Myanmar Property Website
အိမ်ခြံမြေ ရောင်း၊၀ယ်၊ငှား (အခမဲ့) Data တင်ရန်နှင့် Registerလုပ်ရန်နှိပ်ပါ >>unionhousemyanmar.com
ONE CLICK ဖြင့်လူတိုင်းအိမ်ပိုင်ဆိုင်ခွင့်ရစေရမည်
Union House Myanmar Always For All
အားလုံးအတွက်ထာဝရ Union House
နွေရာသီ၌ မြစ်...
Continue readingကို ဗစ် ကာကွယ်ဆေး...
Continue reading
Join The Discussion