Public Area များ၌ နေထိုင်အိပ်စက်ခြင်းကို ပညာသားပါပါ ဘယ်လို တားဆီးမလဲ by sithumin January 30, 2021 General Real Estate Knowledge 0 Public Area များ၌ နေထိုင်အိပ်စက်ခြင်းကို ပညာသားပါပါ ဘယ်လို တားဆီးမလဲ Public Area များ၌ နေထိုင်အိပ်စက်ခြင်းကိုပညာသားပါပါ ဘယ်လို တားဆီးမလဲ အိမ်ရာမဲ့များ နေစရာရရှိရေးအတွက် ပရဟိတအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏါပိုင်များက စွမ်းသလောက် ကူညီစီစဉ် ပေးနေကြရသည်။အခြား တစ်ဖက်တွင် အိမ်ရာမဲ့များက အများပြည်သူဆိုင်ရာ နေရာများ Public Area များ၌ စည်းမဲ့ကမ်းမဲ့ နေထိုင်အိပ်စက်လေ့ ရှိရာ ထိုပြဿနာကိုလည်း လစ်လျူရှု၍မရပေ။ ပန်းခြံ ၊ ဘူတာရုံ ၊ ပလက်ဖောင်း ၊ ကလေးကစားကွင်း၊ဘော်လုံးကွင်း၊ လူကြီးအားကစားကွင်း ခုံးကျော် တံတားအောက် ၊ မြစ်ကမ်းရှုခင်းသာစသည်တို့သည်အများပြည်သူဆိုင်ရာ နေရာများ Public Area များ ဖြစ်သည်။ထိုနေရာများရှိ ခုံတန်းလျားများ ၊ နေရာလွတ်များတွင်အချိန်မရွေး( အထူးသဖြင့် ည အခါ)အိမ်ရာမဲ့များ နေထိုင် အိပ်စက်ခြင်းသည် အများပြည်သူများအား ကြီးစွာသောအနှောက်အယှက်ကိုပေးရာရောက်သည်။ ဖြစ်ကတတ်ဆန်းဖြေရှင်းတတ်သူ ခပ်ညံ့ညံ့သမားများကမူ ထိုအိမ်ရာမဲ့များအား ဖမ်းဟယ် ဆီးဟယ် လုပ်သော နည်းဖြင့် ဖြေရှင်းကြသည်။သို့သော် အချုပ်ခန်း ထောင်ခန်းများတွင် သူတို့၏ နေရေး စားရေးကို ပြည်သူ့ဘဏ္ဍာငွေအသုံးပြု၍ ဖြေရှင်းရပြန်သည်။ ဘာမျှ မထူးပေ။ အမြော်အမြင်ရှိသူတို့ ဖြေရှင်းနည်းတစ်ခုမှာအများပြည်သူဆိုင်ရာ နေရာများ Public Area များတွင် အိမ်ရာမဲ့များနေထိုင်အိပ်စက် မရအောင် ကာကွယ်ဆောင်ရွက်ထားကြသည်။ဆောင်ရွက်ပုံတွင် ထိုင်ခုံတန်းများကို အကန့်လိုက် တားထားခြင်းလည်း ပါဝင်သည်။ထိုင်လို့ပဲ ရသည်။ကျောခင်း အိပ်စက်၍ မရပါ။ နောက်တနည်းမှာ ထိုင်ခုံများတွင် ပတ္တာများတပ်ဆင်၍လိုသလို ကစားခြင်းဖြစ်သည်။နေ့အခါ အခင်းကို အောက်ချထားကာညအခါ၌ အိပ်၍ ထိုင်၍ မရအောင် အခင်းကို ထောင်၍ သော့ခတ်ထားခြင်းဖြစ်သည်။ ဂုံးတံတားအောက် ကြမ်းခင်းနေရာများတွင် သံဆူးချွန်များ နေရာစိပ်စိပ် ထောင်ထားခြင်းကလည်း အလွယ်တကူ နေထိုင် အိပ်စက်ခြင်းကို ကာကွယ်တားဆီးပေးသည်။ပြထားသော ဓါတ်ပုံ အချို့ကိုကြည့်၍ အခြားနည်းများကိုလည်း သိနိုင်သည်။သတင်းမှတ်စု အမ်းမ်းလောင်ရွှီUnion House Myanmar General Knowledge NewsUnion House Myanmar Property Websiteအိမ်ခြံမြေ ရောင်း၊၀ယ်၊ငှား (အခမဲ့) Data တင်ရန်နှင့် Registerလုပ်ရန်နှိပ်ပါ >>unionhousemyanmar.comONE CLICK ဖြင့်လူတိုင်းအိမ်ပိုင်ဆိုင်ခွင့်ရစေရမည်Union House Myanmar Always For Allအားလုံးအတွက်ထာဝရ Union House
Join The Discussion