မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်
မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း တွေဖြစ်တဲ့ အိမ်ခြံ မြေ ကို မိဘ တွေက ကျန်ရစ်ခဲ့တဲ့ သားသမီးတွေ ကို အမွေပေးချင်တဲ့အခါမှာ ခိုင်ခိုင်မာမာ ပေးခဲ့နိုင်ဖို့အတွက် ပြုလုပ်ရမဲ့အချက်ကို မပြောခင် မှာ ရှေးဉီးစွာ ဗုဒ္ဓဘာသာဝင် မို့ “သေတမ်းစာ” ရေးပြီး အမွေပေးခြင်းကိစ္စက အကျုံးမဝင်တာလား ဆိုတာတဲ့အချက်ကို အကျယ်တဝင့်ရှင်းပြချင်ပါတယ်။ သေတမ်းစာကိစ္စ နဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီပေါမင်းတရားကြီး ပါတော်မူသွားတဲ့ ၁၈၈၅ ရဲ့ နောက် လေးနှစ်အကြာမှာ ” အိမ်ခြံမြေပိုင်ဆိုင်မှုတွေနဲ့ သေတမ်းစာကိစ္စ” ကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းခြင်းကို ပြု လုပ်ခဲ့ကြပါတယ် ။ အဲ့ဒီအချိန်အခါတုန်းက (လွန်ခဲ့သော နှစ် ၁၀၀ ကျော်က ) ကင်းဝန်မင်းကြီး ဉီးကောင်းကလည်း “သေတမ်းစာ” ခြောက်စောင်တင်ပြပြီး […]