author Call Us: 503 2256

မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းမှ ရငွေအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်တွက်ချက်ခြင်း

မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းမှ ရငွေအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်တွက်ချက်ခြင်း

မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းမှ ရငွေအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်တွက်ချက်ခြင်း

ယနေ့ခေတ်တွင် အိမ်ခန်း၊ ဆိုင်ခန်းများ ငှားရမ်းနေထိုင်တာ များပြားလာတာနဲ့ အမျှ အခွန်အကြောင်းအရာများလည်း ပါဝင်လာပါပြီ။ ဒါကြောင့်မို့ Union House Myanmar ကနေ မိတ်ဆွေတို့ သိသွားစေရန် အလို့ငှာ အစိုးရစာမျက်နှာတစ်ခုကနေ ပြန်လည်ဝေမျှလိုက်ပါတယ် ☺️
– ဘဏ္ဍာနှစ်တစ်နှစ်အတွင်း မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းမှ ရငွေ စုစုပေါင်းကျပ်သိန်း ၅၀၀ ကျော်လျှင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကျသင့်ပါမည်။ (၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေ ပုဒ်မ ၁၄(င))
– ထို့ပြင်စုစုပေါင်းငှားရမ်းခရငွေအပေါ် ပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ငွေအပေါ် (၁၀ရာခိုင်နှုန်း)ဖြင့် သီးခြားဝင်ငွေခွန်ကျသင့်ပါမည်။ (Tax Calculator link တွင် ဝင်ရောက်တွက်ချက် ခန့်မှန်းနိုင်ပါသည်။)
– မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်း ငှားရမ်းစာချုပ်တွင်မူ အောက်ပါအတိုင်း တံဆိပ်ခေါင်းခွန်ကပ်နှိပ် ထမ်းဆောင်ရ ပါမည်။( မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား ၁ အမှတ်စဉ် ၃၅ )
– ငှားရမ်းကာလ ၁ နှစ်ထက်မပိုလျှင် (ငှားရမ်းခရငွေ၏ ၀.၅ ရာခိုင်နှုန်း)
– ငှားရမ်းကာလ ၃ နှစ်ထက်မပိုလျှင် (ပျမ်းမျှငှားရမ်းခရငွေ၏ ၀.၅ ရာခိုင်နှုန်း)
– ငှားရမ်းကာလ ၃ နှစ်ထက်ပိုလျှင် (ပျမ်းမျှငှားရမ်းခရငွေ၏ ၂ ရာခိုင်နှုန်း)
– နှစ်ရှည်ငှားရမ်းခြင်းဖြစ်လျှင် (ပထမ ၁၀ နှစ်အတွက် ပေးရမည့်ငွေ၏ နှစ်စဉ်ပျမ်းမျှ ရငွေအပေါ် ၂ ရာခိုင်နှုန်း)
– အငှားစာချုပ်မှာ ထာဝစဉ်ဖြစ်သည့်သဘောသက်ရောက်လျှင်(ပထမနှစ် ၅၀ အတွက် ပေးရမည့်ငှားရမ်းခငွေ၏ ၅ ပုံတစ်ပုံအပေါ် ၂ ရာခိုင်နှုန်း)
– တံဆိပ်ခေါင်းခွန်ကို ငှားယူသူက ပေးဆောင်ရပါမည်။
ဆောင်သင့်တဲ့ အခွန်များအကြောင်း သိထားရင်း မှန်ကန်စွာ လုပ်ဆောင်နိုင်ကြပါစေ 🥰
img

sithumin

Related posts

testing

hello...

Continue reading
admin
by admin

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

Join The Discussion