author Call Us: 09503 2256

အဆောက်အအုံ ဆောက်လုပ်ခွင့်တင်လျှင် ဘာတွေလိုအပ်သလဲ

အဆောက်အအုံ ဆောက်လုပ်ခွင့်တင်လျှင် ဘာတွေလိုအပ်သလဲ

အဆောက်အအုံ ဆောက်လုပ်ခွင့်တင်လျှင် ဘာတွေလိုအပ်သလဲ၊ ပုံစံစစ်ဆေးခ ဘယ်လောက်ပေးသွင်းရသလဲ ❓🏬🏬

သုံးထပ်နှင့်အောက် အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ🏢🏢👈👈
👇👇👇
🔮 ဌာနသတ်မှတ်လျှောက်လွှာ💠
🔮 ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ💠
🔮အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်း
မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန်💠
🔮 ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု
ပြဿနာပေါ်ပေါက်ခြင်းတို့အတွက် ဌာန၏ ညွှန်ကြားချက်ကို
လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်းမြေရှင်မှ ခံဝန်ကတိ
တင်ပြရန်💠
🔮 အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း
ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်💠
🔮 ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏ သဘောထားတင်ပြရန်💠
🔮 အဆောက်အအုံခိုင်ခံ့မှုနှင့်ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရ
အင်ဂျင်နီယာမှ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန်💠
🔮အဆောက်အအုံဟောင်းဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ💠
🔮 အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင်
ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန်
ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ
အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်💠
🔮 ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လျှောက်ထားသူ၊
လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင်လက်မှတ်ရ
အင်ဂျင်နီယာ/ဗိသုကာတို့မှ သတ်မှတ်ထားသည့်
စည်းကမ်းချက်များအားလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း
ခံဝန်ကတိတင်ပြရန်💠
🔮 လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာ တည်းတွင်
အပေါ်/အောက်ကူးရန်)💠
🔮 မြေပိုင်ဆိုင်မှုအထောက်အထားမိတ္တူ💠
🔮 မိသားစုလုံးချင်းနှင့် စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံ
ပုံစံဖြစ်ပါက လျှောက်ထားသူနှင့် မှတ်ပုံတင်
လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ
လက်မှတ်ရေးထိုး ထားသော အဆိုပြု ပုံစံ(၃)စုံ (A3 Size)💠
🔮ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လျှောက်ထားသူ၊
လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင် လက်မှတ်ရ
အင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုး ထားသော
အဆိုပြု ပုံစံ(၃)စုံ (A3 Size)💠
🔮 ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ဓါတ်ပုံ
နှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံ💠
🔮 ကန်ထရိုက်တိုက်ပုံစံနှင့် စီးပွါးရေးလုပ်ငန်းသုံး
အဆောက်အအုံပုံစံများ ဖြစ်ပါက မီးသတ်ဦးစီးဌာန၏
အကြံပြုချက် စသည်တို့ဖြစ်ပါသည်💠
#Union House Myanmar 🏬🏬🏬
img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion