author Call Us: 503 2256

အိမ်ငှားနေတဲ့သူတွေအနေနဲ့လည်း သိကိုသိထားသင့်တာလေးတွေ

အိမ်ငှားနေတဲ့သူတွေအနေနဲ့လည်း သိကိုသိထားသင့်တာလေးတွေ

အိမ်ငှားနေတဲ့သူတွေအနေနဲ့လည်း သိကိုသိထားသင့်တာလေးတွေ

အိမ်ငှားရမ်းနေထိုင်သူများက အိမ်ရှင်အပေါ်မှာ ရှိတဲ့ တာဝန်လေးတွေနဲ့ ရှောင်ရှားသင့်တာလေးတွေကို ဖော်ပြလိုက်ပါတယ် … အိမ်ငှားနေတဲ့သူတွေအနေနဲ့လည်း သိကိုသိထားသင့်တာလေးတွေ ဖြစ်ပါတယ်ရှင့် 😃😃

အိမ်တိုက် ငှားရမ်းစာချုပ်ချုပ်မည်ဆိုလျှင် အိမ်ငှားတွင် အောက်ပါအချက်များတာဝန်ရှိသည် 🚪

(က) ငှားရမ်းကာလ (၁)နှစ်ထက်ကျော်လျှင် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်ရန် အိမ်ငှားတွင် တာဝန်ရှိသည်။ မှတ်ပုံမတင်လျှင် ငှားရမ်းစာချုပ်သည် သက်သေခံမဝင် ပျက်ပြယ်သည်။

(ခ) ငှားရမ်းသူသည် ငှားရမ်းသည့်ပစ္စည်းအား လက်ရောက်ရယူရမည်။ အိမ်တိုက်သော့ကို အလွယ်ရယူလျှင် ဥပဒေပါအချက်အလက်တစ်ခုကို ချိုးဖောက်ရာကျပါသည်။

(ဂ) ငှားရမ်းသူသည် ငှားရမ်းကာလစေ့ရောက်လျှင် ငှားရမ်းစဉ်မူလအတိုင်း ပြန်လည်အပ်နှံရမည်။

အိမ်ငှားသည် အောက်အပါအချက်အလက်တွေကို ရှောင်ရှားရန်လိုအပ်မည် 

(က) အိမ်တိုက်ငှားရမ်းစာချုပ်သည် စာချုပ်သက်တမ်းကုန်လျှင် ပျက်ပြယ်သည်။

(ခ) အိမ်တိုက်ငှားရမ်းစာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားသည့် စည်းကမ်းချက်တစ်ချက်ချက်ကို ချိုးဖောက်လျှင် ထိုစာချုပ်သည် ပျက်ပြယ်သည်။

(ဂ) ငှားရမ်းထားသည့် အဆောက်အဦးအတွက် အိမ်ငှားခ လစာမပေးလျှင် ငှားရမ်းထားသည့် ဥပစာမှ ဖယ်ရှားပေးရမည်။

(ဃ) ငှားရမ်းသူသည် ဘေးအိမ်များသို့ အနှောင့်အယှက်ဖြစ်အောင် ဆောင်ရွက်လျှင် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးဥပဒေအရ ငှားရမ်းထားသည့် အိမ်တိုက်မှ ဖယ်ပေးရမည်။

(င) ငှားရမ်းသူသည် ငှားရမ်းထားသည့် ဥပစာကို ပျက်စီးအောင် ဆောင်ရွက်လျှင် အိမ်ရှင်မှ ဖယ်ရှားနိုင်သည်။

– ငှားရမ်းကာလသည် နှစ်ရှည်ငှားရမ်းခြင်းဖြစ်လျှင် ငှားရမ်းထားသည့် အိမ်တိုက်ဥပစာအား ပြန်လည်ဆောက်လုပ်လိုလျှင် တစ်နှစ်အတွင်းပြီးစီးအောင်ဆောင်ရွက်ပြီး ငှာရမ်းသူသို့ ပြန်ပေးရမည်။
– အိမ်ရှင်သည် ဥပစာကိုပြန်လည်ပြင်ဆင်လိုလျှင် ကိုးလအတွင်းပြီးစီးအောင်ဆောင်ရွက်ပြီး ငှားရမ်းသူသို့ ပြန်ပေးရမည်။
– ငှားရမ်းသည့် အိမ်တိုက်သည် မီးလောင်ခြင်း၊ လေတိုက်၍ပျက်ဆီးခြင်း၊ ရေကြီး၍ပျက်ဆီးခြင်း၊ ငလျင်လှုပ်ခြင်း ကြောင့်ပျက်ဆီးခြင်းများသည် ငှားရမ်းခြင်းစာချုပ်သည် မပျက်နိုင်ပါ။ ငှားရမ်းသူသည် ငှားရမ်းကာလအပြည့် ခံစားခွင့်ရှိသည်။

Union_House_Myanmar ရဲ့ မိတ်ဆွေများလည်း စာလေးတွေဖတ်ရင်းက ဗဟုသုတတွေရကြပြီး သာယာတဲ့အိမ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင့် 😍
Credit to original up-loader

#Union_House_Myanmar
#Union_House_Myanmar_Always_For_All
#Real_Estate_Knowledge
#About_Real_Estate

img

sithumin

Related posts

testing

hello...

Continue reading
admin
by admin

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

Join The Discussion