author Call Us: 09503 2256

အိမ်ငှားရှိနေတဲ့အိမ်ကို သင် ဝယ်ယူတော့မယ်ဆိုရင်…

အိမ်ငှားရှိနေတဲ့အိမ်ကို သင် ဝယ်ယူတော့မယ်ဆိုရင်…

အိမ်ငှားရှိနေတဲ့အိမ်ကို သင် ဝယ်ယူတော့မယ်ဆိုရင်…

photo by UnionHouseMyanmar
အိမ်ငှားရှိတဲ့ အိမ်ဆိုတာက နှစ်မျိုးနှစ်စား ရှိပါတယ် … ✌🏻
ပထမအချက်ကတော့ အိမ်ငှားတင်ထားတဲ့ မြေကွက်နဲ့ လုံးချင်းအိမ်ဖြစ်ပြီးတော့
ဒုတိယကတော့ အပျောက်စနစ်နဲ့ ရောင်းထားတဲ့ တိုက်ခန်းတွေပါရှိတဲ့ မြေကို ဝယ်တာ ဖြစ်ပါတယ်။
အိမ်ငှားရှိနေတဲ့ အိမ်ကို ဝယ်လိုက်ရုံနဲ့ အလိုအလျောက် အိမ်ငှားသူတွေရဲ့ အိမ်ရှင်အဖြစ်ရောက်မသွားပါဘူး။ ဥပဒေနဲ့အညီ အရောင်းအဝယ်မှတ်ပုံတင်ဖို့ စာချုပ်လိုအပ်ပါတယ်။ ဒါ့အပြင် အရောင်းအဝယ်စာချုပ် မှတ်ပုံမတင်မီ ကိုယ် စားလှယ်လွှဲစာယူထားရုံနဲ့လည်း ဝယ်ထားတဲ့အိမ်မြေရဲ့ ပိုင်ရှင် ဖြစ်မလာပါဘူး။ လခယူရင်လည်း မူလအိမ်ရှင်ရဲ့ ကိုယ်စား၊ ကိုယ်စားလှယ် လွှဲစာရသူအဖြစ်သာရှိမှာ ဖြစ်ပြီးတော့ အိမ်ရှင် မဖြစ်ပါဘူး။ ဒါကြောင့် အိမ်ငှားရှိတဲ့ အိမ်ကို ဝယ်မယ်ဆိုရင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်က အဓိကပဲ ဖြစ်တယ် လို့ သိရပါတယ် 🏡
တိုက်ခန်းတွေဆိုရင် ပိုပြီး အခက်အခဲရှိပါတယ်။ တိုက်ခန်းတွေမှာဆိုရင်လည်း အရင်တုန်းက နှစ်ထပ်၊ သုံးထပ် ဆောက်ထားတဲ့ တိုက်ခန်းတွေကို အထပ်မြင့် အဆောက်အအုံဆောက်မယ်ဆိုပြီး မြေပိုင်ရှင်ဆီက မြေကွက်ကို တန် ဖိုးဖြတ်ပြီး ဝယ်သူတွေရှိပါတယ်။ တိုက်ခန်းတွေက အပျောက်စနစ်နဲ့ ရောင်းထားတဲ့ တိုက်ခန်းတွေ ဖြစ်တဲ့အတွက် အရောင်းအဝယ် လုပ်လို့ မရပါဘူး။ ဒါပေမဲ့ ဥပဒေအရတော့ တိုက်ခန်းငှားသူတွေဟာ မြေရှင်ကို အိမ်လခပေးတဲ့အတွက် မြေရှင်နဲ့ အိမ်ရှင်အိမ်ငှားအဖြစ် ရှိနေတယ်လို့ သိရပါတယ်။ ဒီလိုမျိုး ဆိုရင် ဝယ်ယူသူက အိမ်ခန်း တစ်ခန်းမှမပါဘဲ အရောင်းအဝယ် စာချုပ်ဖြစ်လို့ မဖြစ်မနေမှတ်ပုံတင် စာချုပ်ချုပ်ဖို့လိုပါတယ်။ ဒါမှ မြေကွက်အမည်ပြောင်းပြီး တရားဝင်ပိုင်ဆိုင်မှာဖြစ်တယ်။ ဒါကြောင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်က အဓိက ဖြစ်ပါတယ် 🏠
“ပထမအချက်ကတော့ ရောင်းသူဖြစ်တဲ့အိမ်မြေပိုင်ရှင်က အိမ်ငှားကို မိမိဟာ မြေနဲ့အိမ်ကို ရောင်းလိုက်ပြီ ဖြစ်တယ်လို့ အသိပေးရမှာ ဖြစ်ပါတယ်၊ ဒုတိယအချက်က ဝယ်သူနဲ့ အိမ်ငှားကို တွေ့ပေးရမယ်၊ တတိယ အချက်က ဝယ်သူနဲ့ အိမ်ငှား နှစ် ဖက်သဘောတူ အိမ် ရှင်အိမ်ငှား စာချုပ်ထပ်ချုပ်ရမယ်၊ နောက်ဆုံးအချက်ကတော့ မြေနဲ့ အိမ်ပိုင်ရှင်အသစ်က အိမ်ရှင်အဖြစ် အိမ်ငှားဆီက အိမ်လခရရှိမှာ ဖြစ်ပါတယ်”လို့ အိမ်ခြံမြေဥပဒေအကြံပေးပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ် 🏘
ဒီလိုအချက်တွေနဲ့ ပြည့်စုံရင် ဆောင်ရွက်နိုင်ရင် အိမ်မြေ ဝယ်သူနဲ့အိမ်ငှားဟာ အခုဥပဒေအရ အိမ်ရှင်အိမ်ငှားဆက်စပ်မှုရရှိမှာ ဖြစ်ပါတယ်။ အကောင်းဆုံးအနေနဲ့ကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ နှစ်ဦးနှစ်ဖက်အရောင်း အဝယ်စာချုပ်က ခိုင်မာတဲ့အထောက်အထားဖြစ်တယ်လို့ သိရပါတယ် 🏚
#Credit to Original uploader with Thanks
img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion