အိမ်၊ ခြံ၊ မြေ လုပ်နေသူများ သိထားသင့်သည့် သာသနာ့မြေ (၄) မျိုးအကြောင်း by sithumin October 11, 2020 General Real Estate Knowledge 0 အိမ်၊ ခြံ၊ မြေ လုပ်နေသူများ သိထားသင့်သည့် သာသနာ့မြေ (၄) မျိုးအကြောင်း အိမ်ခြံမြေနှင့် ပတ်သက်သော မြေများအပြင် သာသနာ့မြေ (၄) မျိုးအကြောင်းလည်း သိထားရန် လိုအပ်ပါသေးတယ်အခွန်လွတ်သာသနာ့မြေအခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ သာသနာအကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြု ထုတ်ပေးတဲ့ မြေကို ခေါ်ဆိုခြင်းဖြစ်ပါတယ်-အခွန်လွတ်သာသနာ့မြေဂရန်အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊ သာသနာမူအလိုငှာ တည်ဆဲဥပဒေနှင့်အညီ “မြေယာပိုင်ပတ္တာစာချုပ်” အဖြစ် သတ်မှတ်ထုတ်ပေးတဲ့ လက်မှတ်ကိုဆိုလိုခြင်းဖြစ်ပါတယ်။ (၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်တော်နည်းဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်) အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)အခွန်လွတ်ဗဒ္ဓသိမ်မြေ” အခွန်လွတ်ဗဒ္ဓသိမ်မြေ ” ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလို့ငှာ လူပုဂ္ဂိုလ်ကသာလျှောက် ထားခွင့်ရှိတဲ့ မြေကိုဆိုလိုခြင်းဖြစ်ပါတယ်အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်” အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်” ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ “ဝိသုံ ဂါမသိမ်” အဖြစ်အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ် ထုတ်ပေးလိုက်တဲ့ လက်မှတ်ကိုဆိုလိုခြင်းဖြစ်ပါတယ်။ (အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ-၅၂)ဒါကြောင့် သာသနာ့မြေ (၄)မျိုးတွင် ဘာသာ၊ သာသနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင်ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးတဲ့လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့်ရှိသောမြေနှင့် “ဝိသုံဂါမသိမ်” အသုံးပြုရန် အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်တဲ့ လက်မှတ်တို့လည်း ပါဝင်သည့်အကြောင်းကို မိတ်ဆွေတို့အတွက် ထပ်မံ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ…#Credit to Original uploader with Thanks#unionhousemyanmar #Union_House_Myanmar_Always_For_All#Real_Estate_Knowledge #About_Real_Estate #realestate #house #home
Join The Discussion