author Call Us: 503 2256

ဝယ်ယူသူတို့ ၏တာဝန်နဲ့အခွင့်အရေးများ

ဝယ်ယူသူတို့ ၏တာဝန်နဲ့အခွင့်အရေးများ

အိမ်ပွဲစားမြေပွဲစား ပြုလုပ်မဲ့ ပွဲစားကြီးတို့အတွက် ရောင်းသူနဲ့ပနာသင့် အဆင်ပြေနေဖို့ပဲလိုအပ်ရုံမကပါဘူး ဝယ်မဲ့သူနေရာမှာလည်း ဝယ်လက်ကောင်းကောင်းရှိဖို့အရေးကြီးပါတယ် ရောင်းသူရော ဝယ်သူပါ အဆင်ပြေမှ “အရောင်းအဝယ်” ဆိုတာ ဖြစ်ကြတာပါ ။ ရှေ့တစ်ရက်မှာရောင်းသူ တို့ရဲ့တာဝန်နဲ့အခွင့်အရေးများကို တင်ဆက်ခဲ့ပြီးပြီမို့ ဒီတစ်ခေါက်မှာတော့ ဝယ်သူတို့ရဲ့ တာဝန်နဲ့အခွင့်အရေးများကို တင်ဆက်ပေးပါမယ်ခင်ဗျာ။

ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၅အရ ဝယ်သူတို့လိုက်နာရမည့်တာဝန်များ

၁။သိရင်ပြောဝယ်

ရောင်းသူက တန်ဖိုးမသိ၍ ဈေးနည်းစွာရောင်းချခြင်းကို ဝယ်ယူသူက သိရှိလျှင် ထိုအကြောင်းအရာကို ရောင်းသူအားပြောကြားရမည်။

၂။ရောင်းပြီးအကုန်ပေး

ရောင်ချခြင်းပြီးမြောက်သည့်အခါ တန်ဖိုးငွေအားလုံးကို ပေးချေရမည်။

၃။လွှဲပြီးကိုယ်ခံ

ပစ္စည်းအား ဝယ်ယူပြီးငွေပြေဖြစ်စေ (သို့) ပေးရန်ကျန်ရှိသည်ဖြစ်စေ ပစ္စည်းအားလွှဲပြောင်းလက်ခံရရှိပြီး‌တဲ့နောက်မှာ ပစ္စည်းထိခိုက်မှု ဆုံးရှုံးမှု နစ်နာမှု တစ်စုံတစ်ရာရှိလျှင် ဝယ်ယူသူကသာ ခံရမည်။

၄။နောက်တော့ကိုယ်ပေး

ပစ္စည်းလွှဲပြောင်းပြီချိန်မှစပြီး အခွန်အကောက်များ ၊ငှားရန်းခများကို ဝယ်သူကသာပေးချေရမည်။ ဝယ်သူက အထက်ပါတာဝန်များမသိရှိဘဲ မှားယွင်းဝယ်ယူတဲ့အခါ တရားရုံးမှာဖြေရှင်းရခက်တတ်ပါတယ်။

ဝယ်ယူသူတို့၏အခွင့်အရေးများ

၁။စရန်ချပြီးဝယ်ပြီးသလိုပဲ

ခိုင်မာသောစရန်ငွေပေးချေပြီး စရန်စာချုပ်ချုပ်ဆိုခြင်းပြုလုပ်ပြီးတဲ့နောက်မှာ ပစ္စည်းတန်ဖိုးတတ်လာခြင်းနဲ့အခြားအမြတ်အစွန်းကိစ္စရပ်များကို ဝယ်ယူသူကသာရခွင့်ရှိသည်။

၂။ဆက်မဝယ်တော့ရင်တော့စာချုပ်အတိုင်းပဲ

စရန်အခိုင်အမာပေးချေထားသော်လည်း ခိုင်လုံတဲ့အကြောင်းပြချက်ရှိလျှင်ဆက်မဝယ်၍လည်းရနိုင်သည် ။ သို့ပေမဲ့ စရန်စာချုပ်ပါ အကြောင်းအရာအတိုင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။ ဒါကြောင့်မို့ အရောင်းအဝယ်ပြုလုပ်ခြင်းမှာ စရန်စာချုပ်ချုပ်ဆိုခြင်းက အရေးကြီးကြောင်း လည်း သိထားသင့်ပါတယ် ။စရန်စာချုပ်ချုပ်ဆိုနေတုန်း ကိုယ့်ဝယ်လက်ဘက်ကို ပြည့်ပြည့်စုံစုံဖြစ်အောင် စာချုပ်ရေးပေးရမှာ ပွဲစားကြီးတို့ရဲ့တာဝန်ပါ ဝယ်သူရော ရောင်းသူဘက်ပါ မျှမျှတတရေးပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။

Union House Myanmar မှ ပရိဿတ် အများအကျိုးအတွက် ဆရာကြီးကြည်စိုး (IC) အိမ်ပွဲစားပညာမှ ထုတ်နုတ်ရေးသားပါသည်

img

sithumin

Related posts

testing

hello...

Continue reading
admin
by admin

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

Join The Discussion