အိမ်ငှားအား အငှားပစ္စည်း (ဥပစာ) ကနေ ပြန်လည်နှင်ထုတ်နိုင်တဲ့အခြေနေ 6ရပ်

ကိုယ်တိုင်ကအိမ်ရှင်ဖြစ်နေပေမဲ့ အိမ်ငှားရဲ့ အနိုင်ကျင့်တာ လူလည်ကျတာခံနေရပြီဆိုရင် အောက်ပါ အခြေအနေ 6ရပ်သာအိမ်ငှားဘက်ကဖောက်ပျက်ထားကြောင်းပြပြီး အငှားခကြီးကျပ်ရေး အက်ဥပဒေ ပုဒ်မ (၁၂) (၁) အရ အငှားပစ္စည်း(ဥပစာ)ကနေ အေးအေးဆေးဆေး မောင်းထုတ်နိုင်ပါတယ် ခင်ဗျာ ။
ပွဲစားကြီးတို့အနေနဲ့လည်း အိမ်ငှားဘက်ကဖြစ်စေ အိမ်ရှင်ဘက်ကဖြစ်စေ သိထားဖို့လိုအပ်ပါတယ်။
ပုဒ်မ (၁၂) (၁) အရ အတိုမှတ်ရန်….
1.တောင်းတော့မပေး အိမ်လခတောင်းလျှင် မပေးခြင်း ၊ အိမ်ငှား၏ တာဝန်များကိုဖောက်ဖျက်ခြင်း
2. ရုံးမိန့်မကြောက် အိမ်ရှင်အနိုင်ရပြီးသော တရားရုံးအမိန့်ဒီဂရီ ကို အိမ်ငှားက မလိုက်နာခြင်း ၊ ဂရုမစိုက်ခြင်း ၊ မပေးခြင်း
3.ဘေးကိုနှောင့် အိမ်နီးနားချင်းများကို စိတ်ငြိုငြင်အောင် ပြုလုပ်ခြင်း ၊ ဥပစာကိုညစ်ညမ်းစေခြင်း ၊ ဥပစာကို ဥပဒေနှင့် ဆန့်ကျင်သောကိစ္စများ တွင်အသုံးပြုခြင်း ( ရန်ဖြစ် ဆဲဆို ခြင်း ၊ အိမ်နှင့်မတူအောင်ညစ်ပတ်ခြင်း ၊အရက်ပုန်းရောင်းခြင်း၊ ဖဲဝိုင်းထောင်ခြင်းစသဖြင့်)
4. အမှန်ဆောက်ချင် မြေပိုင်ရှင်ဘက်က သဘောရိုးနှင့် အဆောက်အအုံကို အသစ်ပြန်လည်ဆောက်လုပ်လိုခြင်း ( အဆောက်အအုံ ဆောက်ပြီးမဲ့ကာလ တစ်နှစ် (သို့) ကာလတစ်ခုအတွင်း ဆောက်လုပ်ပြီးတာနဲ့ ပြန်လည်ငှားပါမယ်လို့ ဝန်ခံစာချုပ်ချုပ်ရပါမည် )
5.အိမ်ပြုပြင် သဘောရိုးနဲ့ အိမ်ပြင်မယ်လို့ အိမ်ရှင်က ပြောလာလျှင်လည်း ဖယ်ပေးရမှာပါ ( ကိုးလ (သို့) ကာလတစ်ခုအတွင်း ပြန်ငှားပါမယ်လို့ ဝန်ခံကတိချူပ်ဆိုရမှာဖြစ်ပါတယ် )
6. အမှန်တကယ်နေချင်နှင် အကြောင်းကြောင်းကြောင့် တကယ်ပြန်နေချင်ပါတယ်ဆိူရင်လည်း အိမ်ငှားကဖယ်ပေးရမှာပါ ( တိုက်ခန်းပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှုသက်တမ်းကာလစည်းကမ်းသတ်မှတ်ချက်တော့ရှိပါတယ် ၊ အခုဝယ် ၊ အခုဖယ်လို့မရပါဘူး )
အကျဉ်းချုံးရမယ်ဆိုရင်…နံပါတ် 1နဲ့ 2,3အချက်တစ်ချက်ချက်သာ အိမ်ငှားဘက်က ဖောက်ပျက်ထားရင် အိမ် ပေါ်ကနေ အပြီးအပိုင်မောင်းထုတ်နိုင်ပြီး နံပါတ် 4,5,6 အရ အိမ်ငှားဘက်က အပြစ်ကျူးလွန်ထားခြင်းတစုံတရာမရှိလို့ အိမ်ရှင်အိမ်ငှားသဘောတူညီချက်နဲ့ညှိနှိုင်းဆောင်ရွက်ပြီးမှ အငှားကိစ္စကို ရပ်တန့်နိုင်မှာဖြစ်ပါတယ်ခင်ဗျ။
Union House Myanmar မှ ပရိဿတ် အများ အကျိုးအတွက် ဆရာကြီး ကြည်စိုး (IC) အိမ်ခြံမြေပွဲစားစာအုပ်မှ ထုတ်နုတ်ရေးသားပါသည်။
Join The Discussion