မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

ကျွန်တော်တို့ မြန်မာအများစုဟာ အိမ်ရှေ့ခန်း၊ဧည့်ခန်းနဲ့ ဘုရားခန်းတို့လောက်သာ သန့်ရှင်းအောင် အထူးဂရုစိုက်တက်ကြပါတယ်..
ဒါပေမယ့် တကယ်အရေးကြီးတဲ့ မီးဖိုချောင်ကိုတော့ သာမန်ကာလျှံကာ ပစ်ထားတတ်ကြပါတယ်..
တကယ်တော့ မီးဖိုချောင်ကိုလည်း သပ်သပ်ရပ်ရပ်ထားဖို့လိုပါတယ်..
အစားအစာချက်ပြုတ်ရာ၊အစားအစာသိုလှောင်ရာနေရာဖြစ်လို့ ပိုပြီး သန့်ရှင်းသပ်ရပ်နေသင့်တာပါ..
Union House Myanmar ကနေပြီး ကိုယ့်မီးဖိုချောင်ကို ပိုခမ်းနားသွားအောင် ဘာတွေလုပ်လို့ရမလဲ ပြောပြပေးသွားပါမယ်..
🔹ပရိဘောဂ
ဈေးပေါပြီးအသုံးမခံတဲ့ ပရိဘောဂတွေအစား ဈေးနည်းနည်းပိုပေးပြီး ကွာလတီကောင်းတဲ့ ပရိဘောဂပစ္စည်းတွေဝယ်သုံးပါ..ခုံ၊ကြောင်အိမ်၊မီးဖိုခုံ၊နံရံကပ်ဗီဒိုတို့ကို တပ်ဆင်ပါ..
🔹အရောင်
မီးဖိုချောင်နံရံနဲ့ ပရိဘောဂအရောင်တွေကို အရောင်ဖျော့ဖျော့လေး ရွေးချယ်ပေးပါ..မီးဖိုချောင်ကို ပိုလင်းစေတဲ့ပြင် ခြစ်ရာ၊ပွန်းရာတွေကိုလည်း မသိသာစေတာဖြစ်လို့ပါ..
🔹Lighting
မီးပဒေသာ၊မီးဆွဲသီးလေးတစ်ခုလောက်နဲ့တင် ဈေးကြီးတဲ့အိမ်ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်..အရမ်းကို ကြီးပြီးထည်နေမှမဟုတ်ဘဲ မီးဖိုချောင်နဲ့လိုက်ဖက်မယ့် ဆိုဒ်ကိုရွေးချယ်နိုင်ပါတယ်..
🔹အနုပညာ
ပန်းချီ၊ပန်းပု၊အနုပညာရသမြောက်တဲ့ ပစ္စည်းတွေကို မီးဖိုချောင်မှာ တစ်ခုနှစ်ခုထားကြည့်ပါ..ရောက်လာသူတိုင်း မီးဖိုချောင်ကိုကြည့်ပြီး သဘောကျနှစ်ခြိုက်ကြပါလိမ့်မယ်
🔹Stainless Steel
စတီးဇွန်း၊စတီးဇလုံစတဲ့ Steel ပစ္စည်းတွေကို Update အရောင်တင်နိုင်ဖို့ကြိုးစားကြည့်ပါ..တောက်ပြောင်နေတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေသာရှိပါစေ
🔹သေချာသိမ်းပါ
ပေါင်မုန့်မီးကင်စက်၊blenders၊အကင်ဖို၊မီးသွေးမီးဖို အစရှိတာတွေကို မမြင်ကွယ်ရာမှာ သိမ်းတာက မီးဖိုချောင်ကိုပိုပြီး ရှင်းလင်းသပ်ရပ်နေစေမှာပါ..လိုအပ်မှ ထုတ်သုံးပြီး ပြန်သိမ်းထားလိုက်ပါ..
🔹ပြတင်းပေါက်
မြန်မာမီးဖိုချောင်တွေမှာ မသန့်ရှင်းတာကြာလို့ ဂျီးတက်နေတဲ့ ပြတင်းပေါက်တွေသာ တွေ့ရများတက်ပါတယ်..လိုက်ကာ၊အပင်သေးလေးတွေ၊ဆွဲလည်းလေးတွေနဲ့ အသက်ဝင်နေပါစေ..
ဒီအချက် (၇) ချက်လောက် ဂရုစိုက်ပြီး ပြုပြင်လိုက်တာနဲ့ နဂိုမီးဖိုချောင်ထက် အများကြီး တန်ဖိုးတက်သွားမှာဖြစ်ပြီး သပ်ရပ်သန့်ရှင်းနေလို့ မြင်သူတိုင်း ကိုယ့်ကို ချီးမွမ်းအားကျနေကြမှာသေချာပါတယ်..
Union House Myanmar က ဝေမျှပေးထားတဲ့ မီးဖိုချောင်နဲ့ပတ်သက်တဲ့အချက်လေးတွေကို သဘောကျတယ်ဆိုရင် Like & Share လေးလုပ်သွားလို့ရပါတယ်..✌✌
#unionhousemyanmar
#မီးဖိုချောင်ထိန်းသိမ်းနည်း
Join The Discussion