author Call Us: 503 2256

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

 

ကျွန်တော်တို့ မြန်မာအများစုဟာ အိမ်ရှေ့ခန်း၊ဧည့်ခန်းနဲ့ ဘုရားခန်းတို့လောက်သာ သန့်ရှင်းအောင် အထူးဂရုစိုက်တက်ကြပါတယ်..

ဒါပေမယ့် တကယ်အရေးကြီးတဲ့ မီးဖိုချောင်ကိုတော့ သာမန်ကာလျှံကာ ပစ်ထားတတ်ကြပါတယ်..

တကယ်တော့ မီးဖိုချောင်ကိုလည်း သပ်သပ်ရပ်ရပ်ထားဖို့လိုပါတယ်..

အစားအစာချက်ပြုတ်ရာ၊အစားအစာသိုလှောင်ရာနေရာဖြစ်လို့ ပိုပြီး သန့်ရှင်းသပ်ရပ်နေသင့်တာပါ..

Union House Myanmar ကနေပြီး ကိုယ့်မီးဖိုချောင်ကို ပိုခမ်းနားသွားအောင် ဘာတွေလုပ်လို့ရမလဲ ပြောပြပေးသွားပါမယ်..

🔹ပရိဘောဂ

ဈေးပေါပြီးအသုံးမခံတဲ့ ပရိဘောဂတွေအစား ဈေးနည်းနည်းပိုပေးပြီး ကွာလတီကောင်းတဲ့ ပရိဘောဂပစ္စည်းတွေဝယ်သုံးပါ..ခုံ၊ကြောင်အိမ်၊မီးဖိုခုံ၊နံရံကပ်ဗီဒိုတို့ကို တပ်ဆင်ပါ..

🔹အရောင်

မီးဖိုချောင်နံရံနဲ့ ပရိဘောဂအရောင်တွေကို အရောင်ဖျော့ဖျော့‌လေး ရွေးချယ်ပေးပါ..မီးဖိုချောင်ကို ပိုလင်းစေတဲ့ပြင် ခြစ်ရာ၊ပွန်းရာတွေကိုလည်း မသိသာစေတာဖြစ်လို့ပါ..

 

🔹Lighting

မီးပဒေသာ၊မီးဆွဲသီး‌လေးတစ်ခုလောက်နဲ့တင် ဈေးကြီးတဲ့အိမ်ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်..အရမ်းကို ကြီးပြီးထည်နေမှမဟုတ်ဘဲ မီးဖိုချောင်နဲ့လိုက်ဖက်မယ့် ဆိုဒ်ကိုရွေးချယ်နိုင်ပါတယ်..

🔹အနုပညာ

ပန်းချီ၊ပန်းပု၊အနုပညာရသမြောက်တဲ့ ပစ္စည်းတွေကို မီးဖိုချောင်မှာ တစ်ခုနှစ်ခုထားကြည့်ပါ..ရောက်လာသူတိုင်း မီးဖိုချောင်ကိုကြည့်ပြီး သဘောကျနှစ်ခြိုက်ကြပါလိမ့်မယ်

🔹Stainless Steel

စတီးဇွန်း၊စတီးဇလုံစတဲ့ Steel ပစ္စည်းတွေကို Update အရောင်တင်နိုင်ဖို့ကြိုးစားကြည့်ပါ..တောက်ပြောင်နေတဲ့ မီးဖိုချောင်သုံးပစ္စည်း​တွေသာရှိပါစေ

🔹သေချာသိမ်းပါ

 

ပေါင်မုန့်မီးကင်စက်၊blenders၊အကင်ဖို၊မီးသွေးမီးဖို အစရှိတာတွေကို မမြင်ကွယ်ရာမှာ သိမ်းတာက မီးဖိုချောင်ကိုပိုပြီး ရှင်းလင်းသပ်ရပ်နေစေမှာပါ..လိုအပ်မှ ထုတ်သုံးပြီး ပြန်သိမ်းထားလိုက်ပါ..

🔹ပြတင်းပေါက်

မြန်မာမီးဖိုချောင်တွေမှာ မသန့်ရှင်းတာကြာလို့ ဂျီးတက်နေတဲ့ ပြတင်းပေါက်တွေသာ တွေ့ရများတက်ပါတယ်..လိုက်ကာ၊အပင်သေးလေးတွေ၊ဆွဲလည်းလေးတွေနဲ့ အသက်ဝင်နေပါစေ..

ဒီအချက် (၇) ချက်လောက် ဂရုစိုက်ပြီး ပြုပြင်လိုက်တာနဲ့ နဂိုမီးဖိုချောင်ထက် အများကြီး တန်ဖိုးတက်သွားမှာဖြစ်ပြီး သပ်ရပ်သန့်ရှင်းနေလို့ မြင်သူတိုင်း ကိုယ့်ကို ချီးမွမ်းအားကျနေကြမှာသေချာပါတယ်..

 

Union House Myanmar က ဝေမျှပေးထားတဲ့ မီးဖိုချောင်နဲ့ပတ်သက်တဲ့အချက်လေးတွေကို သဘောကျတယ်ဆိုရင် Like & Share လေးလုပ်သွားလို့ရပါတယ်..✌✌

#unionhousemyanmar
#မီးဖိုချောင်ထိန်းသိမ်းနည်း

img

admin

Related posts

testing

hello...

Continue reading
admin
by admin

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion