author Call Us: 503 2256

ကိုယ်နေထိုင်တဲ့ အိမ်ခန်း၊ တိုက်ခန်းကို မျက်နှာစာပြုရာတွင် ရှောင်ကြဥ်သင့်တဲ့ အရပ်

ကိုယ်နေထိုင်တဲ့ အိမ်ခန်း၊ တိုက်ခန်းကို မျက်နှာစာပြုရာတွင် ရှောင်ကြဥ်သင့်တဲ့ အရပ်

ကိုယ်နေထိုင်တဲ့ အိမ်ခန်း၊ တိုက်ခန်းကို မျက်နှာစာပြုရာတွင် ရှောင်ကြဥ်သင့်တဲ့ အရပ်မျက်နှာမျာ

ကိုယ်နေထိုင်တဲ့ အိမ်ခန်း၊ တိုက်ခန်းကို မျက်နှာစာပြုရာတွင် ရှောင်ကြဥ်သင့်တဲ့ အရပ်မျက်နှာများအား Union House Myanmar ကနေ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ် … 😇

မိမိတို့နေသည့် နေအိမ်၊ တိုက်ခန်း၊ ကွန်ဒိုအခန်းစသည်တို့သည်မည်သည့် အရပ်မျက်နှာဘက်သို့ မျက်နှာမူထားသည်ကို သတိပြုရပါမည်။ အောက်ဖော်ပြသည့်အရပ်ဘက်သို့ မျက်နှာစာပြုထားသော အိမ်ခြံမြေများအတွက်မကောင်းကျိုးများ ခံစားရတတ်ပေသည်။ ရှာဖွေသမျှစီးပွား အဆင်မပြေနိမ့်ပါးသွားတတ်ပါသည်။ အိမ်ထောင်ရေးဒုက္ခ၊ လူမှုရေးဒုက္ခ၊ ကျန်းမာရေးဒုက္ခ၊ ငွေကြေးဒုက္ခများ ကြုံရတတ်ပါသောကြောင့် ရှောင်ကြဉ်သင့်ပေသည်။ ရှေးထုံးကိုလည်းမပယ်နှင့်၊ ဈေးသုံးလည်းမလွယ်နှင့်ဆိုသည့်အတိုင်း လိုက်နာသင့်သည်များလည်းရှိသည့်အတွက် ရှောင်ရှားနိုင်ပါက အကောင်းဆုံးဖြစ်ပေမည်။ မြန်မာလူမျိုး များ၏မွေးဖွားရာ နေ့နံအလိုက်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။

မျက်နှာစာပြုရာတွင် ရှောင်ကြဉ်သင့်သော အရပ်မျက်နှာများ

တနင်္ဂနွေသားသမီး – တောင်စူးစူး

တနင်္လာသားသမီး – အနောက်တောင်စူးစူး

အင်္ဂါသားသမီး – အနောက်စူးစူး

ဗုဒ္ဓဟူးသားသမီး – အနောက်မြောက်စူးစူး

ကြာသပတေးသားသမီး – အရှေ့မြောက်စူးစူး

သောကြာသားသမီး – အရှေ့တောင်စူးစူး

စနေသားသမီး – မြောက်စူးစူး

ရာဟုသားသမီး – အရှေ့စူးစူး စသဖြင့်မျက်နှာမူရာအရပ်ကို ရှောင်ကြဉ်၍ဝယ်ယူနိုင်ပါသည်။

မျက်နှာစာဆိုသည်မှာ အိမ်၊ တိုက်၊ ကွန်ဒိုတိုက်ခန်း..… စသည်တို့၏ မျက်နှာစာပြုထားသော အရပ်မျက်နှာကို ဆိုလိုပါသည်။ အိမ်၏ဝင်ပေါက်၊ ထွက်ပေါက်ကို မဆိုလိုပါ။ အချို့တိုက်များတွင် ဘေးဘက်မှဝင်သည်များ ရှိကြပါသည်။ ကိုယ်ပိုင်အိမ်များတွင်လည်း ဘေးဘက်မှအဝင်အထွက်လုပ်သည်များ ရှိပါသည်။ ယခု မျက်နှာစာ အရပ်ဆိုသည်မှာ အိမ်၊တိုက်ခန်း၊ကွန်ဒို မျက်နှာမူထား သောအရပ်ကိုသာ ဆိုလိုပါသည်။

သာယာချမ်းမြေ့တဲ့ အိမ်ခန်း၊ တိုက်ခန်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေ … 🙏

Credit to original up-loader
#Union_House_Myanmar
#Union_House_Myanmar_Always_For_All
#Real_Estate_Knowledge

img

sithumin

Related posts

testing

hello...

Continue reading
admin
by admin

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

Join The Discussion