author Call Us: 503 2256

စာချုပ်ချုပ်မည်ဆိုလျှင် စရန်ငွေအဆုံး ဆိုသည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် စရန်ငွေအဆုံး ဆိုသည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် စရန်ငွေအဆုံး ဆိုသည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် စရန်ငွေအဆုံး ဆိုသည့် ကိစ္စ 😱

စရန်ပေးစာချုပ်ချုပ်ဆိုထားပြီး အရောင်းအဝယ်ကို ရောင်းသူ သို့ မဟုတ် ဝယ်သူ၊ တစ်ဖက်ဖက်က အကြောင်း အမျိုးမျိုးကြောင့် ဖျက်တတ်၊ ပျက်ကွက်တတ်ကြသည်ဖြစ်ရာအခြားတစ်ဖက်တွင်နစ်နာမှုမဖြစ်ရအောင် အောက် ပါအတိုင်း ထည့်သွင်း ချုပ်ဆိုကြလေ့ရှိပါသည်။ 😃

ရောင်းဝယ်မှုကို အပိုင်ရောင်းသူက ပျက်ကွက်ပါက စရန်၏ နှစ်ဆကို ပေးလျော်ရန်သော်လည်းကောင်း ၊ အပိုင် ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေအဆုံး ဖြစ်သည်ဆိုသော အချက်ကိုသော်လည်းကောင်း နှစ်ဦးနှစ် ဘက် သဘောတူကြပါသည် ဟူသော အချက်ဖြစ်ပါသည်။ အပိုင်ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေ အဆုံးဟူသော အချက်နှင့် စပ်လျှဉ်း၍ အငြင်းပွားပေါ်ပေါက် တတ်သော သတိပြုစရာအချက်တစ်ရပ်ကို တင်ပါပြပါမည်။ 😃

(အရောင်းအဝယ်ပြုရာတွင် တစ်ကြိမ်တည်းနှင့် အရောင်းအဝယ်စာချုပ်ပြုလုပ်သည်မှာ နည်းပါးပြီး အရောင်း အဝယ်စာချုပ်ကြီး မပြုလုပ်မီ ငွေပေးငွေယူ အကြိမ်ကြိမ်ပြုရသည်က များပါသည်။ ပထမဆုံးအကြိမ် စရန်ပေး၍ သဘောတူစာချုပ် ချုပ်ဆိုပြီးနောက်တွင် ဒုတိယအရစ်ငွေပေးစာချုပ် တတိယအရစ် ငွေပေးစာချုပ်များ ပြုလုပ် လေ့ရှိပါသည်။ ပထမအကြိမ် ငွေငါးသောင်းကျပ်ပေး၍ သဘောတူစာချုပ် ချုပ်ပါသည်။ တစ်ပတ်ခန့်အကြာ တွင် ဒုတိယအရစ် ငွေငါးသောင်းကျပ်ထပ်ပေးသည့် ငွေပေးစာချုပ် လုပ်ပါသည်။ နောက်ထပ် တစ်ပတ်အကြာ တွင် တတိယအရစ် ငွေငါးသောင်းကျပ် ထပ်ပေးသည့် ငွေပေးစာချုပ် ပြုလုပ်ပါသည်။ ထိုနောက်သတ်မှတ်ထား သည့် နောက်တစ်ပတ်အကြာတွင် ကျန်ငွေများကို အပိုင်ဝယ်သူ ဘက်က မပေးနိုင်ဘဲရှိပါသည်။)

ထိုအခါ စာချုပ်ပါ စည်းကမ်းချက်ကို အပိုင်ဝယ်သူဘက်က ဆောင်ရွက်နိုင် ခြင်း မရှိ ၊ ပျက်ကွက်သည့်အတွက် အရောင်းအဝယ် သဘောတူစာချုပ်ကို ဖျက်သိမ်း၍ ရယူထားပြီးဖြစ်သော ငွေကျပ်တစ်သိန်း ငါးသောင်းကို စရန်ဆုံးငွေအဖြစ် ရောင်းသူဘက်က သတ်မှတ်လိုက်ပါသည်။ 😃

ဤတွင် စရန်ငွေအဆုံး ဆိုသည့်ကိစ္စ အငြင်းပွားစရာ ပေါ်ပေါက်တတ်ပါသည်။ 😃

ဝယ်သူဖက်က တင်ပြသည်မှာ ပထမဆုံးချုပ်ဆိုသည့် သဘောတူ စာချုုပ်တွင် ပေးထား ငွေကျပ်ငါးသောင်းမှာ စရန်ငွေဖြစ်ကြောင်း ဒုတိယ အရစ် ငွေငါးသောင်း ကျပ်ပေးခြင်းသည် စရန်မဟုတ်တော့ကြောင်း ကြိုတင် ပေး ငွေသာဖြစ်ကြောင်း တတိယအရစ်ပေးခြင်းမှာလည်း အလားတူပင်ဖြစ်ကြောင်း သို့ဖြစ်ရာ စရန်ဆိုသည်မှာ ပထမအဆုံးပေးသည့် ငွေကျပ်ငါးသောင်း သာဖြစ်ကြောင်း ယင်းငွေအတွက်သာ စရန်အဆုံးသတ်မှတ်ရမည်ဖြစ် ကြောင်း ဒုတိယအရစ် တတိယအရစ် ပေးငွေမှာ ကြိုတင်ပေးငွေဖြစ်၍ စရန် ဆုံးငွေတွင် ထည့်သွင်း၍ မရ ကြောင်း စောဒကတတ်ပါသည်။ 😃

ဒုတိယနှင့် တတိယချုပ်ဆိုသော စာချုပ်များတွင် ဒုတိယအရစ်ပေး ငွေ တတိယအရစ်ပေးငွေဟု ဖော်ပြချုပ်ဆို ထားကြပါသည်။ သို့ဖြစ်ရာ ယင်းပေးငွေများသည် စရန်ငွေလော ၊ ကြိုတင်ပေးငွေလော၊ အငြင်းပွားစရာဖြစ်ပါ သည်။ ယင်းအချက်ကို နောင်အငြင်းမပွားနိုင်အောင် အောက်ပါအတိုင်းရေးသားချုပ်ဆိုက သင့်မည်ဟု အကြံပြု အပ်ပါသည်။ 😃

“အပိုင်ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေ အပါအဝင် ကြိုတင်ပေးငွေအားလုံးအဆုံး ဖြစ်သည်ဟူသော အချက်ကို သဘောတူပါသည် ဟုသတည်း။”

(စာညွှန်း- ဦးကျော်ဇေယျ၊ စာချုပ်ချုပ်ဆိုမည်ဆိုလျှင် ဆောင်ရန် နှင့် ရှောင်ရန်များ၊ စာ ၃၊၄၊၅) ။

Credit : DVD Law Lab

img

sithumin

Related posts

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

ရာဖြတ်တန်ဖိုးနဲ့ စာချုပ်ချုပ်ဆိုခြင်း

မေး - သိန်း၅၀၀၀နဲ့...

Continue reading
sithumin
by sithumin

အိမ်ပွဲစားလုပ်မယ်ဆိုရင်မဖြစ်မနေဒါတွေ သိထားဖို့လိုမယ် အပိုင်း (၆)

အိမ်ခြံမြေ ငှားရမ်းရာမှာ...

Continue reading
sithumin
by sithumin

Join The Discussion