author Call Us: 503 2256

စွန်.စားသင့်၏ မသင့်၏

စွန်.စားသင့်၏ မသင့်၏

စွန်.စားသင့်၏ မသင့်၏

စွန်.စားသင့်၏ မသင့်၏
အမ်းမ်လောင်ရွှီ ရေးသည်။
၁၈-၆-ဝ၇ နေ့မှာပေါ့။ ပြည်ပနိုင်ငံ တစ်ခုမှာ ကျုပ်နဲ့ အတူ အလုပ်လုပ်ခဲ့ဖူးတဲ့ မောင်တိုး ရောက်လာပါတယ်။ သူက ဗဟုသုတရှာမှီးသူဆိုတော့ လက်ထဲမှာလည်း ကြေးမုံသတင်းစာ ကိုင်လို့ပေါ့။
သူနဲ့စကားပြောရင်း လုပ်ငန်းခွင်တုံးက အဖြစ်တစ်ခုကို ထင်းကနဲ လင်းကနဲ သတိရလာတယ်။ မောင်တိုးကို အကြောင်း ပြုပြီး ကျုပ်တို့ ရယ်လည်းရယ်ရ၊ ဗဟုသုတလည်း ပွားတဲ့ကိစ္စပါ။
ဒီလိုလေ- ဆောက်လုပ်ရေးနဲ့လျှပ်စစ်လုပ်ငန်းခွင်အမျိုးမျိုးမှာ ကျုပ်တို့လုပ်ခဲ့ ကြသပေါ့။ တစ်နေ့တော့ အတော်မြင့်တဲ့ ဓါတ်တိုင်ပေါ်မှာ မီးလုံး ကြီး ကျွမ်းသွားလို့ မီးလုံးအသစ်နဲ့ လဲလှယ်တပ်ဆင်ဖို့ သွားကြ တာပါ။ ဓါတ်တိုင်နိမ့်ရင်တော့ ထောက်လှေကားကို ငြိမ်အောင် ကိုင်ပေးပြီး မီးလုံးတက်လဲကြတာပေါ့။ ဒါတောင Safety Officer (အန္တရာယ်ကင်းရှင်းရေးအရာရှိ)က တွေ့ရင်သဘောမတူဘူး။ လုံခြုံ ရေး စည်းမျဉ်းနဲ့ မကိုက်လို့ အန္တရာယ်ရှိတာ လုပ်ရမလားဆိုပြီး မာန်မဲတတ်သေးတာ။ ခုတော့ ဓါတ်တိုင်က အတော်မြင့်တာ။ လုံခြုံရေးစည်းမျဉ်းအတိုင်းဆိုရင် လက်တံလှောင်အိမ်ပါတဲ့ ကား ကရိန်းနဲ့မှ လုပ်ခွင့်ရမှာ-။ ဒါပေမဲ့ သူဌေး (အလုပ်ရှင်)က ကပ်စေး နဲတာလား၊ ဆင်းရဲတာလား မသိဘူး။ အဲဒါမျိုး သုံးလေ့ မရှိ ပါဘူး။
ဒီတော့ ဓါတ်တိုင်ပတ်ပတ်လည်ကို ခွပြီး ငြမ်းဆင်ရမှာ။ ငြမ်းကနေတဆင့် တက်ပြီး၊ အခင်းပြားပေါ်မှာ ဟန်ကျပန်ကျနေကာ မီးလုံးလဲရမှာ။ ငြမ်းသယ်ဖို့၊ ငြမ်းဆင်ဖို့ဆိုတာ ပင်လည်း ပင်ပန်း၊ ကြာလဲကြာမယ်။ ဘယ်သူမှ မလုပ်ချင်ကြဘူး။ သစ်ပင် အတက်ကျွမ်းတဲ့ မောင်တိုးကို၊ ကျန်လူတွေက ညစာကိုဆိုင်မှာ စပါယ်ရှယ်ကျွေးမွေးပါ့မယ်လုပ်ပြီး တက်ခိုင်းတာ။ သူက ပုဆိုးကို ကြက်ခြေခတ်လုပ်ပြီး ခြေထောက်မှာ စွပ်ပြီးတက်တယ်။ အပေါ် ရောက်ရင် တိုင်နဲ့ခါးကို သိုင်းထိန်းလို့ရအောင်လည်း ပုဆိုး ၁ ထည် ယူသွားသေးတယ်။ အမှန်တော့ သူက သစ်ပင်တက် ပါရဂူပဲ။ ကြိုးလည်း ပါသွားသေးတယ်။ အုန်းသီးတက်စားနေကျဆိုပဲ။
အပေါ်ရောက်တော့ ကြိုးစလေးတစ်ခုကို ကိုင်ထားပြီး၊ ကျန် တဲ့ အစကို အောက်ပစ်ချတယ်။ ကျုပ်တို့က ပလပ်စတစ်ခြင်းကို ကြိုးနဲ့ချီပေးလိုက်တယ်။ သူက ပြန်ဆွဲပြီး ခြင်းထဲ မီးလုံးဟောင်းထည့်ပြီး ပြန်ချပေး တယ်။ နောက်တစ်ခေါက်မှာ မီးလုံးသစ် ဆွဲတင်တယ်။ အလုပ် ဖြစ်အောင် လုပ်သွားတော့ အဆင်ပြေတာပေါ့။ မောင်တိုးနည်း မောင်တိုးဟန်ပေါ့။ မကြာမီ ဘေးအန္တရာယ်ကင်းရှင်းရေးအရာရှိက သူ့ကို အရေးယူဒဏ်ရိုက်တာပဲ။ တစ်နေရာရာကနေ မြင်သွားဟန် တူတယ်။ သူပြောတဲ့ အထဲမှာ ကျုပ်တို့အားလုံး မှတ်မိတာက-
(လူ့အသက်ထက် တန်ဖိုးရှိတာ ဘာမှမရှိဘူး။ ကိုယ့် အသက်ကို ဘာမှမဟုတ်တဲ့ကိစ္စအတွက် စွန့်စားချင်ရင် သူ့ထက် မိုက်တာ ရှိပါဦးမလား။ ရွေးစရာနည်းလမ်း အများကြီး ရှိသေးပါ လျက် အန္တရာယ်ရှိတဲ့လမ်းကို ရွေးရင် လူ မဟုတ်တော့ဘူး။ လူ့အသက်ကို ရင်းပြီး လုပ်တဲ့သူဟာ အကျိုးအမြတ်ကို
စဉ်းစားသင့်တယ်။)
img

sithumin

Related posts

testing

hello...

Continue reading
admin
by admin

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

Join The Discussion