author Call Us: 503 2256

ဓာတ်လှေကားပါရင် ကွန်ဒိုတဲ့လား (သို့) ကွန်ဒိုမီနီယမ်အကြောင်း သိကောင်းစရာ

ဓာတ်လှေကားပါရင် ကွန်ဒိုတဲ့လား (သို့) ကွန်ဒိုမီနီယမ်အကြောင်း သိကောင်းစရာ

ဓာတ်လှေကားပါရင် ကွန်ဒိုတဲ့လား (သို့) ကွန်ဒိုမီနီယမ်အကြောင်း သိကောင်းစရာ

ကွန်ဒိုမီနီယမ် (Condominium) ဆိုတာ လက်တင်ဘာသာသုံး စကားလုံးပါ။ ပူးတွဲစီမံအုပ်ချုပ်ခွင့်ရှိခြင်းလို့ အဓိပ္ပာယ် ရပါတယ်။ ရောမဥပဒေအရ နှစ်ဦး (သို့) နှစ်ဦးထက်ပိုသူများက ပစ္စည်းတစ်ခုမှာ စိတ်ပိုင်းမထားတဲ့ အစုရှယ်ယာ ရရှိထားခြင်းဖြင့် ဒီပစ္စည်းကို စုပေါင်းပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ကျင့်သုံးခဲ့ပါတယ်။ ဒီခေတ်မှာတော့ ကွန်ဒိုမီနီယမ်ဆိုတဲ့ စကားရပ်ကို များသောအားဖြင့် အဆောက်အအုံတစ်ခုခုကိုသာ ရည်ညွှန်းသုံးစွဲလေ့ရှိကြပြီး အဆောက်အအုံရှိ အခန်းပိုင်ဆိုသူများက သူတို့ရဲ့ ပိုင်ဆိုင်မှု အချိုးအစားအလိုက် အခွင့်အရေးတွေ၊ တာဝန်တွေ ခွဲဝေယူကြတာ ဖြစ်ပါတယ် 😃
ကွန်ဒိုမီနီယမ်ကို စုပေါင်းပိုင် အဆောက်အအုံလို့ ခေါ်ပါတယ်။ ကွန်ဒိုတစ်ခုတည်ဆောက်တော့မယ်ဆိုရင် ကွန်ဒိုအမျိုးအစားအလိုက် သတ်မှတ်တဲ့ တည်ဆောက်မှုတွေ ပါဝင်ဖို့အတွက် လုံလောက်တဲ့ မြေအကျယ်အဝန်းရှိဖို့ လိုပါတယ်။ မြေကျဉ်းကျဉ်းလေးမှာ အထပ်မြင့်မြင့်ဆောက်ပြီး ဓာတ်လှေကားတစ်စင်းတပ်ထားရုံနဲ့ ကွန်ဒိုလို့ မဆိုနိုင်ပါဘူး။ ကွန်ဒိုတိုင်းမှာ ရေကူးကန်၊ တင်းနစ်ကွင်းပါရမယ်လို့လည်း မဆိုလိုပါဘူး။ ဒါပေမယ့် ကြော်ငြာစဉ်က တစ်မျိုး၊ တကယ်ဆောက်ပေးတော့ တစ်မျိုးလည်း မလုပ်ရပါဘူး။ ကွန်ဒိုမှာပါမယ့် တည်ဆေက်မှုအလိုက် သူ့ဈေးနဲ့သူ ရောင်းဝယ်နိုင်ပါတယ် 😃
ကွန်ဒိုမှတ်ပုံတင်လက်မှတ်ရှိထားရမယ့်အပြင် မရသေးဘဲ ကွန်ဒိုလို့ (ကိုယ့်သဘောနဲ့) မသတ်မှတ်နိုင်ပါဘူး။ ကွန်ဒိုအခွင့်အရေးတွေထဲမှာ ကွန်ဒိုအခန်းပိုင်သူအနေနဲ့ မိမိအခန်းကို တရားဝင် ရောင်းခွင့်၊ ငှားခွင့်၊ ပေါင်ခွင့်၊ အမွေပေးခွင့်၊ လဲလှယ်ခွင့်တွေ ရှိပါတယ်။ မိမိအခန်းကို နိုင်ငံခြားသားကိုလည်း သတ်မှတ်ချက်များနဲ့အညီ ငှားခွင့်၊ ရောင်းခွင့်ရှိပါတယ် 😃
တကယ်တော့ ကွန်ဒိုဆိုတာ လူနေထိုင်ဖို့သက်သက်အတွက်သာ ရည်ရွယ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေအရ ကွန်ဒိုမြေညီထပ်နဲ့ အောက်ဆုံးနှစ်ထပ်၊ သုံးထပ်ကို စတိုးဆိုင်၊ စားသောက်ဆိုင်၊ ရုံးခန်းတွေအနေနဲ့လည်း သုံးကြပါတယ်။ တချို့ ကွန်ဒိုတွေမှာ မြေအောက်ထပ်၊ မြေညီထပ်နဲ့ ကွန်ဒိုဝင်းအတွင်းမှာ ကားရပ်နားဖို့ ပါပင်မယ့် ကွန်ဒိုအများအပြားကတော့ မပါကြပါဘူး 😃
ကွန်ဒိုအခန်းဝယ်ပြီဆိုရင် ကွန်ဒိုတိုက် သာယာလှပရေး၊ လုံခြုံရေး၊ စည်းကမ်းကျနရေး စတာတွေအတွက် သက်ဆိုင်ရာ ကွန်ဒိုစီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရပါမယ်။ ဒီအုပ်ချုပ်ရေးအဖွဲ့ကိုလည်း ကွန်ဒိုအခန်းပိုင်တွေနဲ့ ဖွဲစည်းရမှာ ဖြစ်ပါတယ်၊ ကုန်ကျစရိတ်တွေအတွက် မိမိတို့ရဲ့ အစုရှယ်ယာအလိုက် တန်ဖိုးအလိုက် ကျခံရပါမယ်။ ကွန်ဒိုမှာနေပြီး မီးဖိုး၊ ရေဖိုး၊ လုံခြုံရေးဖိုး မပေးချင်လို့ မရပါဘူး 😃
ကွန်ဒိုတစ်ခုရဲ့ အရည်အချင်း မပြည့်စုံဘဲ၊ ကွန်ဒိုမှတ်ပုံတင် မရသေးဘဲ၊ ကွန်ဒိုနေသူများရဲ့ အခွင့်အရေးနဲ့ တာဝန်တွေကို နားမလည်ဘဲ ကွန်ဒိုအရောင်းကြော်ငြာတွေကိုပဲ ယုံကြည်ပြီး အခန်းဝယ်ယူမှုတွေကို သတိထားစေချင်ပါတယ် 😃
Credit to original uploader with Thanks. 🧡
img

sithumin

Related posts

testing

hello...

Continue reading
admin
by admin

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

Join The Discussion