မှိုဆိုတာ အိမ်တွင်းမှာကော အပြင်မှာပါ ရှိနေနိုင်ပြီး ပူနွေးစိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ပေါက်ဖွားနိုင်ပါတယ်

● ရေချိုးခန်းစင်တွေ၊ ဘေစင်တွေက မှိုပေါက်ဖွားမှု ဖြစ်နိုင်ဆုံးသော စိုစွတ်နေတဲ့နေရာတွေ ဖြစ်ပေမယ့်လည်း အိမ်ထဲမှာရှိတဲ့ စိုစွတ်တဲ့ ဘယ်နေရာမှာမဆို မှိုတွေ ရှိနေနိုင်ပါတယ်

● မှိုစွဲကပ်ခြင်းနဲ့ ပတ်သက်ပြီး အဖြစ်များဆုံး ကျန်းမာရေး အန္တရာယ်ကတော့ ဓာတ်မတည့်ခြင်းပဲ ဖြစ်ပါတယ်။ မှိုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေကတော့ –
* အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
* အဖုအပိန့်များ ထွက်ခြင်း
အိမ်တွင်းနေတဲ့ နေရာတွေမှာ မှိုတွေ မရှိစေဖို့ အကောင်းဆုံး နည်းလမ်းကတော့ အစိုဓာတ်ကို ထိန်းချုပ်နိုင်ခြင်း ဖြစ်ပါတယ်

အိမ်တွင်းက ဓာတ်မတည့်စေတဲ့အရာတွေကို ဓာတ်မတည့်ခြင်း ဖြစ်ပါက ဘယ်လိုကုသရမလဲ ?

ဓာတ်မတည့်တဲ့ လက္ခဏာတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ကိုယ်နဲ့မတည့်တဲ့အရာတွေကို ရှောင်တာက အကျိုးသက်ရောက်မှု အရှိဆုံးနည်းပါပဲ။ ဒီလိုရှောင်ရှားဖို့ မဖြစ်နိုင်ဘူး (သို့) လုံးဝရှောင်ဖို့ မဖြစ်နိုင်ဘူးဆိုရင် Antihistamine က အသုံးများဆုံး ဆေးဝါးတစ်ခု ဖြစ်ပါတယ်

မိုးတွင်းမှာ အိမ်တွင်းအစိုဓာတ်များလို့ ဖြစ်လာတတ်တဲ့ မှိုရောဂါအကြောင်းကို Union House Myanmar ကနေ ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးခဲ့ခြင်း ဖြစ်ပါတယ်

အပြင်သွားတိုင်း Mask တပ်ဖို့နဲ့ ပြန်ရောက်တိုင်း လက်ဆေးဖို့ မမေ့ပါနဲ့ မိတ်ဆွေတို့

ဆက်သွယ်ရန်

Union House Myanmar – 09 503 2256
Join The Discussion