author Call Us: 09503 2256
လေဆိပ်အနီးရှိ အိမ်ခြံမြေစျေးကွက်

လေဆိပ်အနီးရှိ အိမ်ခြံမြေစျေးကွက်

လေဆိပ်အနီးရှိ အိမ်ခြံမြေစျေးကွက် လေဆိပ်အနီးရှိ အိမ်ခြံမြေစျေးကွက်                လေဆိပ်အနီးဝန်းကျင်ရှိ လူနေအိမ်များသည် အနိမ့်ပိုင်းပျံသန်းသော လေယဉ်များ၏ ပျက်ကျမှု အန္တရာယ်ကို ကြုံရနိူင်သည်။ကြုံခဲ့ရသော ဖြစ်ရပ်သာဓကများလည်းရှိခဲ့သည်။                အမေရိကန်နိူင်ငံ မီချီဂန်ပြည်နယ် ဒီထရွိုက်​ မြို့ပြင်ဘက်ရှိ လူနေရပ်ကွက်သည် လေဆိပ်မှ မိုင်ဝက် မျှအကွာတွင်ရှိသည်။အနိမ့်ပိုင်းပျံသန်းလာသော အသေးစားလေယဉ်ငယ် တစ်စီးသည် ထိုရပ်ကွက်ရှိ လူနေအိမ်တစ်လုံးပေါ်သို့ ပျက်ကျသွားခဲ့သည်။လေယဉ်ပျက်ကျချိန်တွင် ထိုနေအိမ်ရှိမိသားစုဝင် ငါးဦးစလုံး ရှိနေခဲ့ကြသော်လည်း၊ ကံကောင်းထောက် မစွာပင် ထိခိုက်သေဆုံးမှု မဖြစ်ခဲ့ကြပေ။လေယဉ်ပေါ်တွင် လိုက်ပါလာကြသော လေယဉ်မှူးအပါအဝင် သူ့ဇနီးနှင့် သားဖြစ်သူတို့ ၃-ဦးမှာမူ သေဆုံးသွားခဲ့ကြသည်။       […]

အိမ်ရာ တိုက်ခန်းများ မဲဖေါက်ခြင်း အကျိူးကျေးဇူး

အိမ်ရာ တိုက်ခန်းများ မဲဖေါက်ခြင်း အကျိူးကျေးဇူး

အိမ်ရာ တိုက်ခန်းများ မဲဖေါက်ခြင်း အကျိူးကျေးဇူး အိမ်ရာ တိုက်ခန်းများ မဲဖေါက်ခြင်း အကျိူးကျေးဇူး အင်္ဂလန် နိူင်ငံတွင် ကင်ဆာအဖွဲ့က ရံပုံငွေ အလှူ ရရှိစေရန် ကံစမ်းမဲ ၁-စောင်ကို ၁၀-ပေါင်ဖြင့် ရောင်းချပေးခဲ့သည်။ပေါက်မဲကတော့ ပေါင်၁သန်းတန်စံအိမ်ကြီးဖြစ်သည်။ အင်္ဂလန်နိုင်ငံ, လင်ကွန်ရှိုင်းယားဒေသတွင် နေထိုင်သော အသက် ၅၆-နှစ်အရွယ် အမျိူးသားတစ်ဦးက ထိုမဲကို အားပေးဝယ်ယူခဲ့သည်။သူ့ဇနီးမှာ လွန်ခဲ့သော ၅-နှစ်က ရင်သားကင်ဆာကြောင့် ကွယ်လွန်သွားခဲ့၏။ သူသည် ဂရိတ်တားမန်ချက်စ်တာဒေသတွင် ရှိသော ပေါင် ၁-သန်းတန် စံအိမ်ကြီးကို မဲပေါက်သွားပါ၏။အိမ်ကြီးသည် အကျယ်စတုရန်းပေ ၃၀၀၀ရှိပြီး အိပ်ခန်း ၄-ခန်း၊ရေချိူးခန်းအိမ်သာ ၄-ခန်း၊ဧည့်ခန်းကျယ်ကြီးနှင့် ခေတ်မှီမီးဖိုချောင်လဲ ပါဝင်သည်။ ၂၀၂၀ နိူဝင်ဘာလလောက်ကလည်း ရန်ကုန်တွင် လုပ်ငန်းရှင်တစ်ဦးက မီနီကွန်ဒိုတစ်ခန်းကို ကံစမ်းမဲများရောင်းကာ မဲဖေါက်ပေးခဲ့ဖူးသည်။ပိုထွက်လာသော ငွေများကို နည်းလမ်းအမျိူးမျိူးဖြင့် ပြန်လည်လှူဒါန်းပေးနိူင်ခဲ့သည်။ […]

ဆုပေါင်း ၂၅-ဆုကိုချီးမြှင့်ခဲ့သည့် အိမ်ခြံမြေဆုပေးပွဲ

ဆုပေါင်း ၂၅-ဆုကိုချီးမြှင့်ခဲ့သည့် အိမ်ခြံမြေဆုပေးပွဲ

ဆုပေါင်း ၂၅-ဆုကိုချီးမြှင့်ခဲ့သည့် အိမ်ခြံမြေဆုပေးပွဲ ဆုပေါင်း ၂၅-ဆုကိုချီးမြှင့်ခဲ့သည့် အိမ်ခြံမြေဆုပေးပွဲ မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေဆုပေးပွဲ Property Guru Myanmar Property Awards ကို ၂၀၂၀-နို၀င်ဘာ ၂၆-ရက်နေ့တွင် အွန်လိုင်းမှ တဆင့်ကျင်းပခဲ့သည်။ဆုများတွင် မြန်မာနိူင်ငံ၏ခေတ်ရှေ့ အပြေးဆုံးဆောက်လုပ်ရေး စီမံကိန်းများနှင့် သမိုင်းအဝင်အနှစ်ဆိုင်ရာ ဆုများပါဝင်သည်။ဆုရရှိသော စီမံကိန်းများအတွက် ဈေးကွက် မြင့်တင်မှုပြုလုပ်နိူင်မည်။အွန်လိုင်း ပလက်ဖေါင်းတစ်ခု ဖန်တီးပေးခြင်းဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ကမ္ဘာ့စင်မြင့်ထက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း Harvi V.krishnan ကပြောသည်။သူသည် Property Guru Group ၏ CEO ဖြစ်သည်။ ဆုပေးပွဲတွင် ဆောက်လုပ်ရေးလုပ်ငန်း ၁၂-ခုထံ ဆုတံဆိပ် စုစုပေါင်း ၂၅-ခုကို ပေးအပ်ချီးမြှင့်ပေးခဲ့သည်။ဆုပေးပွဲတွင် အကောင်းဆုံးဘက်စုံသုံး အဆောက်အအုံဆုနှင့် အကောင်းဆုံး လက်လီလုပ်ငန်းဆောက်လုပ်ရေးဆု-ထို ၂-ဆုကို Yoma Central […]

ဒလတံတား နှင့်ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး

ဒလတံတား နှင့်ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး

ဒလတံတား နှင့်ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး ဒလတံတား နှင့်ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး ၂၀၁၉ မေလ ၂၉-ရက်နေ့တွင်စတင် တည်ထောင်ခဲ့သော မြန်မာ ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားကို ၂၀၂၂-ခုနှစ် အောက်တိုဘာတွင်အပြီးသတ်တည်ဆောင်သွားမည်ဟုဆိုသည်။ ရန်ကုန်မြို့တော်၏အနောက်ဖက်တွင် ဘုရင်နောင်မြစ်ကူးတံတား တည်ဆောက်အသုံးပြုပြီးနောက် လှိုင်သာယာမြို့နယ်၏ ဖွံ့ဖြိုးစည်ကားမှုမှာ အံ့မခန်းဖြစ်ခဲ့သည်။ ယခုလည်း ဒလ တံတားပြီးသွားလျှင် ဒလမြို့သာမက အနီးအနားကျောထောက်နောက်ခံနယ်များ(တွံတေး, ကော့မှူး, ကွမ်းခြံကုန်း)ပါ အကြီးအကျယ် ဖွံ့ဖြိုးစည်ကားသွားမည်ဟု ပညာရှင်တို့ ခန့်မှန်းကြသည်။ ဒလတံတား၏ စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၈ ဒကမ ၁၇သန်းဖြစ်သည်။ ကိုးရီးယားသမတနိူင်ငံဖက်မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃သန်းနှင့် မြန်မာနိူင်ငံဖက် မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ဒသမ ၃၄သန်းဖြစ်၏။ ဒလတံတားမှာ စုစုပေါင်းအရှည် ၁၈၆၈-မီတာရှိပြီး ၄-လမ်းသွား(Cable-stayed Bridge)အမျိူးအစားဖြစ်သည်။ တံတားသည်ရန်ကုန်မြို့/လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့်ဒလမြို့နယ် […]