author Call Us: 09503 2256

ဆုပေါင်း ၂၅-ဆုကိုချီးမြှင့်ခဲ့သည့် အိမ်ခြံမြေဆုပေးပွဲ

ဆုပေါင်း ၂၅-ဆုကိုချီးမြှင့်ခဲ့သည့် အိမ်ခြံမြေဆုပေးပွဲ

ဆုပေါင်း ၂၅-ဆုကိုချီးမြှင့်ခဲ့သည့် အိမ်ခြံမြေဆုပေးပွဲ

ဆုပေါင်း ၂၅-ဆုကိုချီးမြှင့်ခဲ့သည့် အိမ်ခြံမြေဆုပေးပွဲ


              မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေဆုပေးပွဲ Property Guru Myanmar Property Awards ကို ၂၀၂၀-နို၀င်ဘာ ၂၆-ရက်နေ့တွင် အွန်လိုင်းမှ တဆင့်ကျင်းပခဲ့သည်။ဆုများတွင် မြန်မာနိူင်ငံ၏ခေတ်ရှေ့ အပြေးဆုံးဆောက်လုပ်ရေး စီမံကိန်းများနှင့် သမိုင်းအဝင်အနှစ်ဆိုင်ရာ ဆုများပါဝင်သည်။ဆုရရှိသော စီမံကိန်းများအတွက် ဈေးကွက် မြင့်တင်မှုပြုလုပ်နိူင်မည်။အွန်လိုင်း ပလက်ဖေါင်းတစ်ခု ဖန်တီးပေးခြင်းဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ကမ္ဘာ့စင်မြင့်ထက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း Harvi V.krishnan ကပြောသည်။သူသည် Property Guru Group ၏ CEO ဖြစ်သည်။


             ဆုပေးပွဲတွင် ဆောက်လုပ်ရေးလုပ်ငန်း ၁၂-ခုထံ ဆုတံဆိပ် စုစုပေါင်း ၂၅-ခုကို ပေးအပ်ချီးမြှင့်ပေးခဲ့သည်။ဆုပေးပွဲတွင် အကောင်းဆုံးဘက်စုံသုံး အဆောက်အအုံဆုနှင့် အကောင်းဆုံး လက်လီလုပ်ငန်းဆောက်လုပ်ရေးဆု-ထို ၂-ဆုကို Yoma Central စီမံကိန်းကရရှိသည်။ထိုစီမံကိန်းကို Meeyahta Development Limitedကဆောက်လုပ်သည်။ထိုစီမံကိန်းသည် ကုန်သည်ကြီးများ ဟော်တယ်၏အနီး၊ဗိုလ်ချူပ်အောင်ဆန်းဈေးနှင့်ကပ်လျက် နေရာတွင် တည်ရှိပြီး စတုရန်းပေ သန်း၂၀ ကျယ်ဝန်းသည် ။လူနေအိမ်ခန်းများ၊ ရုံးခန်းများ၊လက်လီ အရောင်းဆိုင်များ၊ဟိုတယ်လုပ်ငန်းနှင့် အခြားဧည့်ဝန်ဆောင်လုပ်ငန်းများ ပါဝင်သည်။


             ဆုပေးပွဲတွင် အကောင်းဆုံးရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းပြူပြင်ဆုကို မြန်မာနိူင်ငံ၏ အရေးကြီးဆုံးသမိုင်းဝင် နေရာတစ်ခုဖြစ်သည့် Secretariat Yangon(ဝန်ကြီးများရုံး) ကိုရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသ်မ်းနူိင်ခဲ့သည့် Anawmar Art Group ကရရှိသည်။

img

sithumin

Related posts

နွေရာသီ၌ မြစ် တစ်ဖက်ကမ်းသို့ လမ်းလျှောက်၍ပင် ရသည်ဆိုသော နေရာတွင် ဧရာဝတီတံတား(သရက်-အောင်လံ) တည်ဆောက်နေ

နွေရာသီ၌ မြစ်...

Continue reading
sithumin
by sithumin

ကို ဗစ် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးပြီးသော်လည်း Positive ဖြစ်နေသူ

ကို ဗစ် ကာကွယ်ဆေး...

Continue reading
sithumin
by sithumin

အောင်လအန်ဆန် ၏ ၂၀၂၁ ဧပြီလ ၂၁ ရက် ထိုးသတ်ပွဲ

အောင်လအန်ဆန် ၏၂၀၂၁ ဧပြီလ ၂၁ ရက်...

Continue reading
sithumin
by sithumin

Join The Discussion