author Call Us: 503 2256

မရှိမဖြစ် CAR Parking Building

မရှိမဖြစ် CAR Parking Building

မရှိမဖြစ် CAR Parking Building

မရှိမဖြစ် CAR Parking Building
အမ်းမ်လောင်ရွှီ ရေးသည်။
ရန်ကုန်မြို့တော်တွင် ယဉ်ကြောပိတ်ဆို့မှုပြသနာကို အဖြေရှာကြရာ၌ အကြောင်းရင်း ၅-ချက်ခန့် ရှိပါသည်။ ထို ၅-ချက်တွင် အဓိကအရေးကြီးသော အချက်တစ်ချက်ကို ဆွေးနွေးလိုပါ၏။ ယဉ်များသာ အသုံးပြုရမည့် ယဉ်ကြောဧရိယာ အတော်များများကို ယဉ်ရပ်နားမှု Car Parking က လုယူခိုးယူနေသော ပြဿနာပင် ဖြစ်ပါသည်။
အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မဟာ ဗန္ဓုလလမ်း၊ ကမ်းနားလမ်း၊ ကုန်သည်လမ်းတို့မှာ ပင်မ လမ်းကြောင်းကြီးများ ဖြစ်ပါသည်။အထူးသဖြင့် ၃၁-လမ်း စသော လမ်းသွယ်များနှင့် အဆိုပါ ပင်မလမ်းကြောင်းကြီးများတွင် လမ်းဘေးဝဲယာ၌ ရပ်နားထား Car Parking ထိုးထားသော ကားတန်းကြီးများမှာ များလှ၏။ ထို့ကြောင့် ယဉ်ကြောဧရိယာ အတော်များများကို Car Parking က အသုံးပြုသွားကြောင်း တွေ့ရ သည်။ ၃၂-လမ်း အလယ်ဘလောက်ကို လေ့လာရာ၌ ယဉ်ကြောဧရိယာ၏ ၃-ပုံ ၂-ပုံအထိပင် Car Parking က လုယူခိုးယူသွားကြောင်း တွေ့ရသည်။ ပလက်ဖောင်းပေါ်မှာလဲ မလွတ်၊ လမ်းပေါ်တွင်လဲ ခက်သဖြင့် ခြေလျှင်သွားသူတို့အဖို့ ဒုက္ခတွေ့ကြရသည်။ ဤသည်မှာ Car Parking ပြဿနာဖြစ်သည်။ ကားတွေကလဲ အဲဒီမှာ မထိုးလို့ ဘယ်မှာ သွားထိုးမလဲဟု မေးစရာဖြစ်လာသည်။ အဓိက ကတော့ ကားရပ်နားရန်နေရာ သီးသန့်မရှိမှု ဖြစ်သည်။
မလေးရှား၊ စင်္ကာပူတို့လို တိုင်းပြည်များ၌ ဤပြဿနာ ကို ဖြေရှင်းပေးသော နည်းလမ်းများ ကျင့်သုံးကြ၏။ ၈-ထပ်၊ ၁၀-ထပ် စသဖြင့် အဆောက်အဦကြီးများကို ဆောက် လုပ်၍ Car Parking လုပ်ကြခြင်း ဖြစ်သည်။ ဘယ်ဖက်မှ မောင်းတက်သွားပြီး ညာဖက်မှ မောင်းဆင်းလာ နိုင်ရန် စီစဉ်ထားသည်။ (သီရိမင်္ဂလာဈေးတွင်လဲ မောင်းတက် မောင်းဆင်းနိုင်ရန် စီစဉ်ထားသည်ကို နမူနာပြုနိုင်၏။) သီးသန့်ဝင်းခြံများ၌ Car Parking ပြုလုပ်၍လည်း ပြဿနာကို ဖြေရှင်းကြ၏။ ရပ်နားခကို ကောက်ခံကြရာ၌ ငွေသားဖြင့် လက်ငင်း ငွေချေသော စနစ်ရှိသလို၊ Prepaid Card စသဖြင့် အီလက်ထရောနစ် နည်းမျိုးစုံလည်း ရှိသည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် CAR Parking Building များကို လုံလောက်အောင် တည်ဆောက်ထားရှိသော စနစ်ကောင်းကို ကျယ်ပြန့်ထိရောက်စွာ အသုံးပြုသည်။ ရပ်နားချိန် အလိုက် Parking fees များကို ကောက်ခံသည်။
ထိုစနစ်သည် အောက်ပါအတိုင်း အကျိုးကျေးဇူးများကိုပေးသည်။
(၁) လမ်းများပေါ်တွင် ယဉ်ရပ်နားမှု မရှိသဖြင့် ယဉ်ကြောဧရိယာများစွာ ခိုးယူအသုံးပြုခြင်းကို ရပ်ပစ်လိုက်ခြင်းနှင့် တူညီသည်။ယဉ်ကြောဧရိယာများစွာ ပြန်လည်ရရှိသဖြင့် လမ်းအသစ် မိုင်ပေါင်းများစွာကို ငွေကြေးတစ်ပြားတစ်ချပ်မျှပင် ကုန်ကျမှု မရှိဘဲ တိုးချဲ့ဖေါက်လုပ်သကဲ့သို့ ဖြစ်သည်။
(၂)Car Parking Building ယဉ်ရပ်နားအဆောက်အအုံတွင်သာ ယဉ်ရပ်နားခြင်းသည် ယဉ်သွားလမ်းနေရာနှင့် လူသွားပလက်ဖေါင်းနေရာများစွာကို Parking အဖြစ် ခိုးယူအသုံးပြုမှု ရပ်ဆိုင်းခြင်းပင် ဖြစ်သည်။ ထိုအချက်သည် ယဉ်များနှင့် လူများကို လုံခြုံမှုဖြစ်စေရုံ မက လမ်းဘေးရပ်နားထားသော ထိုယဉ်များကိုသာမက ယဉ်ပိုင်ရှင်များကိုလည်း လုံခြုံမှုဖြစ်စေသည်။(လမ်းဘေးရပ်ထားသော ကားများကြောင့် ကားပေါ်သို့ သစ်ပင်လဲကျခြင်း၊ကွန်တိန်နာ လဲကျခြင်း၊ယာဉ်တိုက်ခံရခြင်း၊ညဖက်တွင် ကားပစ္စည်း အခိုးခံရခြင်း၊ ကားကို အစီးလိုက် ခိုးသွားခြင်း၊ပါ့ကင်လုယူမှုကြောင့် ရန်ဖြစ်သေဆုံးရခြင်းများ ရှိကြောင်းသတိရကြပါလေ။)
(၃) Car Parking Building ဆောက်ပြီး ရပ်နားခ ရယူသော လုပ်ငန်းသည် အလွန်ပင် စီးပွါးရေးတွက်ခြေကိုက်သော လုပ်ငန်းဖြစ်သည်။ သက်ဆိုင်ရာက အဂတိမလိုက်စားပဲ အကျိုးရှိသော စည်မျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်းပေးလျင် လုပ်ငန်းရှင်လည်းစီးပွါးဖြစ်၊ နိုင်ငံတော်လည်း အခွန်အခ ရမည့်လုပ်ငန်းဖြစ်သည်။ကားစီးရေကို မူတည်ပြီး ရပ်ကွက်တစ်ခုတွင် Car Parking Building တစ်လုံးမှ ၃ -လုံးထိ ထားရှိနိုင်သည်။ Car Parking Building တစ်ခုလျင် ကားစီးရေ ရာနှင့်ချီပြီး ဆန့်ပါသည်။ Car Parking Building တွင် လုံခြုံရေးဝန်ထမ်းများနှင့် CCTV များ တပ်ဆင်ထားသည်။
(၄) ယဉ်ပိုင်ရှင်များအနေဖြင့် Car Parking Building သို့ ကားသွားထားရခြင်း၊ပြန်ယူရခြင်း စသောဒုက္ခများ
ရှိသော်လည်း ယဉ်မောင်းနှင့် ယဉ်၏လုံခြုံရေးအတွက် ဒီစနစ်ကို လိုလားသင့်သည်။
img

sithumin

Related posts

testing

hello...

Continue reading
admin
by admin

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

Join The Discussion