အလိုအလျောက် ဆိုလာအားသွင်း လျှပ်စစ်ကား
Aptera ကုမ္ပဏီသည် ကယ်လီဖိုးနီးယား အခြေစိုက် ကုမ္ပဏီဖြစ်ပြီး အားထပ်သွင်းစရာ လုံးဝမလိုသော ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကားကို ထုတ်ပေးခဲ့ရာ ၂၄နာရီအတွင်း ရောင်းကုန်သွားခဲ့သည်။တန်ဖိုးမှာ ဒေါ်လာ ၂၆၀၀၀ ဖြစ်သည်။
ထို ၃-ဘီးလျှပ်စစ်ကားသည် တစ်နှစ်တွင် မိုင်ပေါင်း တစ်သောင်းကျော် အကွာအဝေးကို သွားနိူင်သည်။လုံးဝ အားသွင်းစရာ မလိုသောကား ဖြစ်သော်လည်း ကားတွင်တပ်ဆင်ထားသော ဆိုလာပြားများသည် တစ်ရက်တွင် မိုင်ပေါင်း၄၀ အတွက်သာ စွမ်းအင် စုပ်ယူပေးနိူင်ပါသည်။နေအလင်းရောင် လုံလုံလောက်လောက် ရရှိမှသာ စွမ်းအင်စုပ်ယူမှု ကောင်းမည်ဟုလည်း ဆိုသည်။
သာမန် နေ့စဉ် သွားလာသူများ အဖို့ မိုင်၄၀ ဟူသော ပမာဏမှာ လုံလောက်ကြောင်း၊နေရောင်ခြည်စုပ်ယူ မှု မလုံလောက်ပါက သီးခြားအားသွင်းစနစ်လည်း ရှိပါကြောင်း ကုမ္ပဏီတည်ထောင်သူ Steve Fambroကဆိုပါသည်။
Join The Discussion