ရန်ကုန်မြို့ ယဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းရာတွင် မြေအောက်ဥမင်များကို ဘာကြောင့်မရွေးချယ်ခဲ့သလဲ
ရန်ကုန်မြို့တော်ကြီးတွင် လူဦးရေထူထပ်များပြားလာခြင်းက ယဉ်ကြောကြပ်မှု၏ အကြောင်းရင်းတစ်ခုဖြစ်လာသည်။ယဉ်ကြောကြပ်မှုကို ဖြေရှင်းရန်စဉ်းစားကြရာ၌ လမ်းကို ဘေးတိုက်ချဲ့ခြင်း(Horizontal)နှင့် ဒေါင်လိုက်ချဲ့ခြင်း(Vertical expansion)ဟု ၂-မျိူးရှိသည်။
ဘေးတိုက်ချဲ့ခြင်းဟူသည် ၄-လမ်းသွားကို ၆-လမ်းသွား၊၁၀-လမ်းသွား စသဖြင့် ချဲ့ခြင်းမျိူးဖြစ်သည်။သို့သော် ချဲ့ရန်နေရာ မရှိတော့ပေ။ထို့ကြောင့်ထိုနည်းများ မဖြစ်နိူင်ပေ။
ဒေါင်လိုက်(အထက်အောက်)ချဲ့ခြင်းဟူသည် မြေအောက် (သို့မဟုတ်) ရေအောက်ဥမင်လမ်းများ တည်ဆောက်ခြင်းမျိူးဖြစ်သည်။နိူင်ငံတကာမှ ဂျပန်ပညာရှင်များနှင့် ကိုရီးယားပညာရှင်များက ရန်ကုန်မှဒလ သို့ ဥမင်လိုဏ်ခေါင်းဖြင့် ဆက်သွယ်ရန် လေ့လာခဲ့ကြသည်။အောက်ခံမြေသား ပျော့သောကြောင့် ဥမင်လိုဏ်ခေါင်း ကြံခိုင်စေရန် ဖိုင်များရိုက်ဖို့ လိုအပ်လာသည်။ကုန်ကျစရိတ်နှင့်နည်းပညာပိုင်းတွင် ချင့်ချိန်စရာရှိလာသည်။နောက်ဆုံးတွင် မိုးပျံတံတားနှင့် မိူးပျံကားလမ်းများကို တည်ဆောက်၍ ယဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းရန် ရွေးချယ်ဆုံးဖြတ်လိုက်ရသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးငှာန၊ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ရှင်းပြခဲ့သည်။
မကွေးတိုင်းဒေသကြီးရှိ ပုံတောင်ကို ဥမင်လိုဏ်ခေါင်းဖြင့် ရထားလမ်းဖေါက်လုပ်ခဲ့ကြဖူးသော်လည်း ကြံ့ခိုင်မှုနှင့်ပတ်သတ်၍ စိတ်မချရသဖြင့် အသုံးပြုနိူင်ခြင်းမရှိဟု သိရသည်။
Join The Discussion