“မြေတစ်ခေတ်မှာ” “ရွှေဖြစ်ဖို့” မြေအကြောင်း လေ့လာကြစို့
- by sithumin
- October 11, 2020
- General Real Estate Knowledge
- 0
“မြေတစ်ခေတ်မှာ” “ရွှေဖြစ်ဖို့” မြေအကြောင်း လေ့လာကြစို့
မြေအမျိုးအစား ၁ဝ မျိုးနှင့် သာသနာ့မြေ ၄ မျိုးအကြောင်းကို Union House Myanmar မှ မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ…
အခြေအနေအချိန်အခါပေးပြီး အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်နေကြပင်မယ့်လည်း“မသိသူကျော်သွား၊ သိသူဖော်စား” ဆိုတဲ့အတိုင်း အိမ်ခြံမြေမှာ မြေအမျိုးအစား အမျိုးမျိုးရှိတာကို သိသူတွေက တရားဝင်သည့်မြေ၊ တရားမဝင်သည့်မြေ၊ အဖိုးတန်သည့်မြေ၊ အဖိုးနည်းသည့်မြေ စသဖြင့် သိကျွမ်းနားလည်ကြပြီး အကျိုးအမြတ်များရရှိကာ ကောင်းစားနေကြတာကိုတွေ့မြင်နေရတာပဲဖြစ်ပါတယ်။ ဒါကြောင့်မိတ်ဆွေတို့အတွက် မြေ (၁၀) မျိုးအကြောင်း ရှာဖွေတင်ပြလိုက်ပါတယ်။
မြေပိုင်မြေ
မြေပိုင်မြေဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း စနစ်တကျ မြို့ကွက်ဖော် ထုတ်ကာရောင်းချခဲ့ပြီးဝယ်ယူပိုင်ဆိုင်ခဲ့တဲ့မြေပိုင်ရှင်အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုလိုခြင်းဖြစ်ပါတယ်။
ဘိုးဘွားပိုင်မြေ
ဘိုးဘွားပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် “ဓါးမဦးချ” ပိုင်ဆိုင်လာပြီး လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” ကိုဆိုလိုတာပဲဖြစ်ပါတယ်။
ဂရန်ရှိမြေပိုင်မြေ
ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားပြီးဘိုးဘွားပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုလိုခြင်းဖြစ်ပါတယ်။
လိုင်စင်မြေ
လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်တဲ့ စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကိုဆိုလိုခြင်းဖြစ်ပါတယ်။
ပါမစ်မြေ
ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်တဲ့ စည်းကမ်းချက်များနှင့်အညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကိုဆိုလိုတာပဲဖြစ်ပါတယ်။
မြေငှားဂရန်မြေ
မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်ကာမြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကိုဆိုလိုခြင်းဖြစ်ပါတယ်။
စကွာတာမြေ
“စကွာတာမြေ” ဆိုသည်မှာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်တဲ့ မြေကို” ဆိုလိုခြင်းဖြစ်ပါတယ်။
ကျူးလွန်ခြင်းမြေ
“ကျူးလွန်ခြင်းမြေ” ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်တွင် ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံသည့်မြေ” မျိုးကိုဆိုလိုတာပဲဖြစ်ပါတယ်။
ကျူးကျော်မြေ
ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိနေတဲ့မြေကိုဆိုလိုခြင်းဖြစ်ပါတယ်။
မြို့ကွက်မြေပုံ
မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာတွေနဲ့ စနစ်တကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ်ထားတဲ့ အခြေခံမြေပုံကိုဆိုလိုတာပဲဖြစ်ပါတယ်။
မြို့မြေစာရင်း
မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ – အခန်း (၂) အပိုဒ် ၇ အရမြို့ကွက်မြေပုံဖြင့် ရှိပြီးသော မြေများရဲ့ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
ယခုဖော်ပြခဲ့တဲ့ မြေတွေက အိမ်ခြံမြေနှင့် ပတ်သက်တဲ့ မြေတွေပဲဖြစ်ပါတယ်။
မြေအမျိုးမျိုးအကြောင်း တင်ပြပြီးနောက် သာသနာမြေ (၄) မျိုးအကြောင်းကိုလည်း မိတ်ဆွေတို့အတွက်ရှင်းပြပေးဦးမှာဖြစ်လို့ စောင့်မျှော်ပေးပါဦးခင်ဗျာ။
#Credit to Original uploader with Thanks
Join The Discussion