author Call Us: 503 2256

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၅)

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၅)

အိမ်ပွဲစားတို့ မဖြစ်မနေ သိရှိရမဲ့ B.C.C နေထိုင်ခွင့်၊ အိမ်အကြီးစားအသေးစားပြင်ဆင်မှု ၊ ဂရန်သက်တမ်းတိုး ၊ ဂရန်ပျောက်ဆုံးအကြောင်းကို ပြီးခဲ့တဲ့ အပိုင်း (၄) မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခု တစ်ပတ်မှာတော့ အပိုင်း (၅) ကိုဆက်လက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

၁။မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းအဆောက်အအုံတည်ရှိရာဇုန် (နေရာ ) အတွင်းခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်း ၊ တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း ၊ ခြံဝန်းနယ်နိမိတ် တိုးချဲ့ခြင်းတို့ မပြုလုပ်ရပါ။ (အဝယ်မှားလို့ မဖြစ်တဲ့နေရာများအဖြစ် သတိပြုပါ)

၂။အစိုးရပိုင် တိုက်ခန်းများ တိုက်ဟောင်းတွေပါ ။ ခေတ်လည်းကုန်ပါပြီ။ ပိုင်ရှင်အမည်တွေ အဆင့်ဆင့် ပြောင်းလဲလာတာလည်းများနေပါပြီ။ ပြန်ဆောက်မယ် ၊ ပြင်မယ်ဆိုရင် ဖယ်ပေးရမှာက ကိုယ်။ ဈေးသက်သာတာနဲ့ မကာမိအောင် စိတ်ညစ်ရနိုင်တယ်။ ငှားနေချင်ရင် နေ ၊ ဝယ်တော့ မဝယ်ကြပါနဲ့ ။ (မြေပိုင်ရှင် ရှိသော တိုက်ခန်းများကိုသာ ဉီးစားပေးဝယ်ယူကြပါ။ )

၃။အိမ်ငှားကို ဖယ်ချင်လျှင် အောက်ပါကိစ္စတွေမှာ အိမ်ငှားများကို ဖယ်ထုတ်ရန် တရားစွဲနိုင်ပါတယ် ။ – အိမ်ငှားခ မပေးလျှင် ၊ – တရားရုံးမိန့် မလိုက်နာလျှင် ၊ – ဘေးအိမ်တွေကို နှောင့်ယှက်လျှင်၊ – အမှန်တကယ်ပြန်ဆောက်လိုလျှင် – အမှန်တကယ် ပြန်လည်ပြုပြင်လိုလျှင်၊ – ရိုးသားသောသဘောဖြင့် ပိုင်ရှင်က ပြန်ပြီးနေလိုလျှင် နှင်ထုတ်ရန် တရားစွဲနိုင်ပါတယ်။ (၁၉၆၀ပြည့်နှစ် ငှားရမ်းခ ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၂) အတိုမှတ်ရန်။ တောင်းတော့မပေး၊ ရုံးမိန့်မကြောက်၊ ဘေးကိုနှောင့် ၊ အမှန်ဆောက်ချင် ၊ အိမ်ပြုပြင်၊ အမှန်တကယ်နေချင် နှင်။

၄။ငွေပြကြေးပြ အိမ်ခြံမြေဝယ်ဖို့ ဈေးဆစ်ကြပြီဆိုရင် ငွေပြကြေးပြရန်လိုပါတယ်။ ဒါမှ ဝယ်သူကလည်း သူ့စကား သူလေးစားမယ်။ ရောင်းသူကလည်းလျှော့သင့်တာကို လျှော့ဖြစ်သွားမယ် ။ ငွေပြကြေးပြမပါဘဲ ဈေးဆစ်ရင် ဈေးညွန့်ချိုးရာ ရောက်ပါတယ်။

၅။ ရေစည်ဘယ်လောက်ကြီးသလဲ လူတစ်ယောက်နေ့စဉ်ပျမ်းမျှ ရေဂါလန်၂၀လောက်ကုန်ပါတယ်။ လူနှစ်ယောက် နေ့စဉ်ရေတစ်ပီပါလို့ မှတ်လည်းရပါတယ်။ လုံလောက်တဲ့ရေကန် (ရေစည်) ပါရှိဖို့လည်း လိုအပ်ပါတယ်။

၆။ လှေကား၏ ကောင်းခြင်း တိုက်ခန်း၊ ကွန်ဒို ဝယ်မယ်ဆိုရင် လှေကားကောင်းခြင်းကို အထူးဂရုစိုက်ပါ။ ဓာတ်လှေကားရှိတာလည်းရှိတာပေါ့။ စေ့စပ်တဲ့ “ဝယ်လက်” အတွက်အရေးကြီးကိစ္စပါ။

၇။ ခိုင်ခံ့ရဲ့လား လုံးချင်းဝယ်ဝယ် ၊ တိုက်ခန်းဝယ်ဝယ်၊ ကွန်ဒိုဝယ်ဝယ် ဘယ်သူတွေက ဘယ်လောက်ပဲညွှန်းညွှန်း ဒီတိုက်မှာ ရေရှည်နေရမှာက ကိုယ်၊ ဒါကြောင့် တိုက်ရဲ့ခိုင်ခံ့မှုကို ပညာရှင် ဒါမှမဟုတ် အထူးကျွမ်းကျင်သူကို ခေါ်ပြပါ ။ ငွေကုန်ခံပါ ။ မှတ်ချက်ယူပါ ။ အရေးကြီးတာ ခိုင်ခံ့ဖို့ပဲ။

၈။ ၁၃ ဆို ရှောင်ကြတုန်းပဲ ကိုယ်က အယူမရှိလည်း တိုက်ဝယ်တဲ့အခါ အများရှောင်တဲ့ ဂဏန်း‌တွေကို ရှောင်ပါ။ သိပ္ပံ နိုင်ငံကြီးတွေ မှာလည်း “၁၃” ဆို ရှောင်ကြတယ်။

၉။ ဈေးနီး ၊ ကျောင်းနီး ဝယ်တော့မယ်ဆိုရင် ဈေးနီး၊ ကျောင်းနီး ရွေးပြီးဝယ်ပါ ။ ပြန်ရောင်းတဲ့အခါ “ဈေး” ခေါ်လို့ကောင်းပါတယ်။

၁၀။ တောင်လှည့်သတိထား မြန်မာပြည်ရာသီဉတုရယ် ၊ ကမ္ဘာကြီးပူနွေးလာတာရယ် ပေါင်းလိုက်ရင် တိုက်ခန်း ” တောင်လှည့်” ကို ရှောင်တာကောင်းပါတယ် ။ ( သိပ်ပြီးပူပါတယ်။ ကိုယ်တွေ့)

၁၁။ အမှုဖြစ်နေသော ပစ္စည်း အမှုအခင်းဖြစ်နေတဲ့ အိမ်ခြံမြေကို မဝယ်ကြပါနဲ့ ။ အမှုအခင်းအားလုံးရှင်းမှ လွှဲယူလို့ရမှာပါ။ (ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ ၅၂)

Union House Myanmar မှ ပရိဿတ်အများအကျိုးအတွက်ဆရာကြီး ကြည်စိုး(I.C)ရေးသားသည့်အိမ်ဘုရင်၏ အိမ်ပွဲစားပညာ စာအုပ်မှ ပြန်လည်ဖော်ပြပါသည်

img

sithumin

Related posts

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

ရာဖြတ်တန်ဖိုးနဲ့ စာချုပ်ချုပ်ဆိုခြင်း

မေး - သိန်း၅၀၀၀နဲ့...

Continue reading
sithumin
by sithumin

အိမ်ပွဲစားလုပ်မယ်ဆိုရင်မဖြစ်မနေဒါတွေ သိထားဖို့လိုမယ် အပိုင်း (၆)

အိမ်ခြံမြေ ငှားရမ်းရာမှာ...

Continue reading
sithumin
by sithumin

Join The Discussion